Pages

Thursday, March 21, 2013

ပုံ



     ရက်စက်ကြမ်းကြုတ်နေသလော ။ မြင်တတ်အောင်လေ့လာ သင်ယူနေဆဲပါ ။

ဘယ်လောက်ကြီးမားတဲ့ အရာတွေဖြစ်ပါစေ..... အကျိုးအကြောင်းတိုက်ဆိုင်လာရင်ပြိုပျက်သွားရသည်ချည်းပင်~~~~~

 ပွင့်သော ပန်းတိုင်း မမွှေးပါ ။

 မြို့ ပြအလှကို ဘောင်ခတ်ကြည့်မိခြင်း

 အထီးကျန်ခြင်းနိယာမ

                      
 ၁၀တန်ဖိနပ်နဲ့  ခရီးဆက်မယ်
                      
 မြို့ ပြရဲ့ ညတွေက မလှပခဲ့ တာကြာပြီ

 အနာဂတ်ဆိုတာ ခုလိုမှုန်ရီဝေဝါး

 ရေစက် (ရေစက်ဆုံလို့  ကြုံ ....ရေစက်ကုန်လို့  ကွဲ/ ခွဲ ......ဒါဟာ လူ့ ဘဝပဲ )

 

 မတူညီသော အခြားတဖက်.......

 ဘဝများရဲ့  အရောင်များ.......

 နေဝင်ချိန်ရဲ့  အလှတရား

                      
  ဝေးကွာခြင်းရဲ့ အလှတရား

            
 မျက်လုံးခြင်းစကားပြောတတ်သော အရုပ်လေး


ဘလော့ကိုခုမှဖွင့်ဖြစ်တယ် ။ ဟိုရိုက်ဒီရိုက် ရိုက်ထားတာလေးတွေ စုပြီး တင်ဖြစ်သွားတယ် ။ တတ်လို့ ရိုက်တာမဟုတ် ဝါသနာအရ ဟိုရိုက်ဒီရိုက် ရိုက်ထားတာလေးတွေပါ ။ ဝေဖန်အကြံပေးခဲ့ နိုင်ပါသည် ။

လေးစားစွာဖြင့်~~~~
photo © Phoye Mg Mg

Friday, December 21, 2012

သတိရရင်ပြန်လာတယ်

                                       ဒါဏ်ရာများနဲ့ ပန်းတပွင့်

                             နှစ်သစ်မှာပျော်ရွှင်ချမ်းမြေ့ ကြပါစေ

                                       တောင်ကြီးဖဝါးအောက်

 ကင်မရွန်ဟိုင်းလန်းကို အလည်တခေါက်ရောက်ဖြစ်လိုက်သေးတယ်။ အရင်ကတော့ ytz နဲ့ နှစ်ယောက်သွားလည်ဖူးခဲ့ တယ်။ ခုတခေါက်ကတော့ သူများမင်္ဂလာဆောင် မထင်မှတ်ပဲရောက်သွားတာ ။ တောင်ကြားတွေမှာ တကယ့်မြန်မာရွာကြီးတွေအတိုင်းပါပဲ စိုက်ခင်းတွေမှာအလုပ်လုပ်ကြတဲ့ အလုပ်သမားတွေအများကြီးပါပဲ ။ စိုက်ခင်းတခုမှာဆို အလုပ်သမားပေါင်း ၉၀ ကျော် ၁၀၀နီးပါး၇ှိကြတယ် ။ မင်္ဂလာဆောင်တာလဲ တကယ့်မြန်မာပြည်တောရွာဓလေ့ အတိုင်း ဆောင်းဘောက်ကြီးတွေဆူညံနေအောင်ဖွင့်ပြီး သီချင်းဆိုကြ ကကြနဲ့  ကိုယ့်ရပ်ကိုယ်ရွာအတိုင်းပါပဲ ။ အံသြလို့  လိုက်ကြည့်နေရတယ် ။ စိုက်ခင်းတွေက တကယ်ကို သာယာတယ် ။ သထေးကလဲ မနက်ခနပဲလာတာ ။ ဘယ်သူမှ အော်ငေါက်မယ့်လူမရှိဘူး ။ လုံဝလွတ်လပ်တယ် ။ မြို့ ကအလုပ်တွေနဲ့ တော့ကွာပါ့ ။ အဲဒီတောထဲမှာပဲ အပင်သွားစိုက်ရင်ကောင်းမလားလို့ တောင် တွေးမိသေးတယ် ။ တကယ်တန်းကျတော့ ဒီလူက မနေနိုင်ပါဘူး ။ တွေ့ သမျှရှုခင်းတွေ ရိုက်မလားလို့  စဉ်းစားပြီးသွားခဲ့ တာ တက်တက်စင်အောင်လွဲသွားတယ် ။ လာသမျှလူကိုပဲရိုက်ပေးနေရတယ် ။ ဘာမှမတတ်ပါဘူးဆိုမှ ........။ ဖြစ်ချင်တော့ သတို့ သားက အသားမဲနေတယ် ။ သတို့ သမီးကလဲ မိတ်ကပ်လိမ်းထားလိုက်တာများ မျက်နှာတကွက်ပဲ ဖြူဖွေးနေတယ် ။ နီစ်ယောက်ယှဉ်တွဲပီးရိုက်ခိုင်းတော့ အဲဒီမှာ ပြသနာက စတယ် ။ ကင်မရာစက်တင်ကို ဘယ်လိုမှချိန်မရဘူး ။ သတို့ သမီးကိုအလင်းမှန်နေရင်လဲ သတို့ သားက မဲတူးသွားတယ် ။ သတို့ သားကိုချိန်ပြန်တော့ သတို့ သမီးက မျက်နှာက မပြောကောင်းမဆိုကောင်း လူသေမျက်နှာလိုဖွေးဖွေးကြီး......ဟီးဟီး  လေတယ် ။  မထူးပါဘူးဆိုပြီး normal mood နဲ့ ပဲကစ်ရတော့တာပေါ့ ဘယ်သူသိတာမှတ်လို့   :P    ညမိုးချုပ်၁၁ထိတောင် မပြီးသေးဘူး သောက်ကြစားကြနဲ့  ရှိသမျှလူအကုန်မူးကုန်ကြတယ် ။ ကျွန်တော်မပါ  :)  ပျော်စရာကောင်းပြီး ရိုးသားပွင့်လင်းကြတဲ့  လူတွေ တောထဲတောင်ထဲမှာပဲရှိကြတော့တယ်ထင်တယ်လို့  တွေးလိုက်မိသေးတယ် ။
                                လှပတဲ့ နေ့ ရက်တွေ ပိုင်ဆိုင်ကြပါစေ

                                           ရှက်သွေးဖြာသောညနေခင်း
ရှိစုမဲ့ စုပုံလေးတွေကိုထုတ် စိတ်ကူးပေါက်တာတွေနဲ့  ခေါင်းစဉ်တပ် ကာရံတွေတော့မပျက်လောက်ပါဘူးနော် ။

                                                  ဆည်းဆာအလှ

ဘာကြီးလဲလို့ မမေးလိုက်နဲ့  ဘာမှန်းမသိဘူး တွေ့ တာရိုက်လိုက်တာပဲ  ။ ဟိုနေ့ က ပီနန်မှာ မလေးလူမျိုးတွေရဲ့  ရိုးရာပွဲတော်တခုထင်တယ် ဘာလဲမပြောတတ်ဘူး ။ အဲဒီကိုသွားလည်တာ ဈေးပွဲတော်လိုသဘောမျိုးပါပဲ ဝင်ကြေးတစ်ယောက် RM 3 ပေးရတယ်။ဆိုင်တဆိုင်မှာအဲဒီကွင်းလေးတွေချိတ်ထားတာတွေ့ တာနဲ့ ရိုက်လိုက်တာပဲ ။
လူတွေကမလည်တာကိုလဲ လူတွေပဲလည်အောင်လုပ်ကြတယ် တော်တော်လည်တဲ့ လူတွေ လည်နေတာကိုလဲ လူလည်တွေကကြိုက်ကြတယ် ။ ဘယ်သူဘယ်လောက်လည်လည် လူလည်တွေလောက်တော့ မလည်ဘူး ။ လူလည်တွေက လူဘုံလည်လဲ လည်ကြတယ်။ ဟောကြည့် တော်တော်လည်တဲ့ လူပဲ ခုလိုရေးထားတာကို လည်လည်ဝယ်ဝယ်ပဲဖတ်နေတယ် ။ သြော် လူတွေ လူတွေ တော်တော်လည်တဲ့  လူလည်တွေပါလား ။    :P :D
                                   တော်ပေါ်က တောပန်းလေး ။

 တိတ်ဆိတ်ခြင်းက ပတ်ဝန်းကျင်ကိုအနှောင့်အယှက်မဖြစ်စေဘူးလေ။

     မျက်လုံးများ
သူကမျက်လုံးတွေများပေမယ့် သူ့ အကြည့်တွေက လူတွေကိုရှုံးတယ် ။ လူတွေများလူတစ်ယောက်ကို ကြည့်လိုက်မယ့်ဖြစ်ချင်း အကြည့်မျိုးစုံ ။ အဲဒီအကြည့်တွေကနေသူတို့ ရဲ့ စိတ်ခံစားမှုတွေကို ဖော်ထုတ်ကြပါရောလား ။ ..............  ^_^

နှစ်သစ်မှာ အားလုံးကိုယ်စိတ်နှစ်ဖြာ ကျမ်းမာကြပါစေ ။ 

Monday, November 19, 2012

နားဆင်ကြည့်ပါ

အလုပ်ကရှိလျှက်နဲ့  မလုပ်ချင်ဘူးအမေ ။ ပေါ့ပေါ့နေ ပေါ့ပေါ့စားလို့ ပဲ ပြောချင်ပြော ပိုက်ဆံတွေအများကြီးပေးလဲ မလုပ်ချင်တော့ရင် မလုပ်တော့ဘူး အမေ ။ စိတ်ဖိစီးမှုတွေလား တစ်ခါတလေတော့ ရှိတာပေါ့အမေ ။ လူဆိုတာ ပျော်ရာမှာမနေရ တော်ရာမှာနေရတဲ့  ကလေးတွေတောင်အလွတ်ရကုန်ပြီ အမေ ။ ကျွန်တော်ကတော့ ဘယ်မှာနေနေ မပျော်ဘူးဖြစ်နေတယ် အမေ ။ ဘယ်နေရာဟာ သင့်တော်မယ်ဆိုတာလဲ မသိသေးဘူးအမေ ။  လူတစ်ယောက်ရဲ့  ယုံကြည်မှုကို အလွဲသုံးစားလုပ်တာတော့မဟုတ်ဘူး အမေ ။ လုပ်မှမလုပ်ချင်တော့တာ မလုပ်တာအကောင်းဆုံးပေါ့ ။


တခါတလေမှာ လောကကြီးက ချောင်းဆိုးရင်ကျပ် ငှက်ဖျားတက်တယ် အမေ ။ကျွန်တော်လဲ ရောဂါရှိနေတယ် အမေ ။ ကျွန်တော် ဘယ်သူနဲ့ မှ စကားမပြောချင်ဘူး ။  တစ်ယောက်တည်းပဲနေချင်နေတယ် ။ လူသူကင်တဲ့ နေရာတခုခုမှာ နေမပူရင်တော့ အကြာကြီးထိုင်နေချင်တယ် ။ မိုးရွာရင် မိုးရေလဲချိုးချင်တယ် ။  ဟိုးအရင်အတိတ်ကလို မိုးရေထဲ လမ်းတွေလျှောက်ချင်တယ် ။ ဒါပေမယ့် စိတ်ကူးသက်သက်ပါပဲ အမေ ။ မလေးရှားမိုးဆိုတာက မတော်ရင် ဖျားတတ်တယ်တဲ့ လေ ။ ဖျားတော့မဖျားချင်ဘူး ။ ကျွန်တော် လောကကြီးထဲ ဆက်ပြီးအသက်ရှင်ချင်သေးတယ်အမေ ။  သံစဉ်တချို့  နားဆင်လို့  စိတ်ကူးတွေထဲ စီးမျောချင်သေးတယ် ။  စိတ်ကူးတွေတော့ မယဉ်တော့ဘူး ။ 

                  

အချိန်တွေက ကုန်လွယ်လိုက်တာ ဘယ်လိုကုန်သလဲမမေးပါနဲ့  မသိဘူး ။ သူ့ ဟာသူ ကုန်သွားတာ ။
အသက်တွေက ကြီးလာတယ် ။ မျှော်လင့်ချက်တွေ ပါးလာတယ် ။ လက်တွေ့ ဆန်လာတယ် ။ ဆာလောင်မွတ်သိပ်ပြီး အရူးထလာတယ် ။  ခံစားချက်တွေ မြေမြုပ် ခပ်ကုပ်ကုပ်လေးပဲ နေမိတော့တယ် အမေ။ ဘယ်သူနဲ့ မှ မပြောချင်တော့တာမဟုတ် ဘယ်သူမှမပြောချင်တော့မှာကိုကြောက်တာ ။  မျှော်လင့်သမျှ အရာရာက ထီထိုးသလိုပါပဲအမေ ။ကိုယ့်ကံကြမ္မာကိုယ်ကိုယ်ဘယ်သူကယုံကြလို့ လဲလေ ။  ကံကြမ္မာလှည့်ကွက်ထဲ စေလိုရာစေ နေသားတကျ နေရတာပါပဲ အမေ ။

                                                           

လူကြီးမင်းက ပြောပြတယ် အမေ ။  ၁ က ၁နေရာမှာပဲ နေနေတာတဲ့ လေ ။ မင်းကဘာလဲတဲ့  ။ မင်းလဲမင်းနေရာမှာမင်းနေဆိုတာများလားလို့  အတွေးပေါက်လိုက်မိတယ်အမေ ။ ၁ ဆိုတိုင်း ၁နေရာမှာနေလို့  ဘယ်ဖြစ်ပါ့မလဲလေ ။ ၂ဖြစ်အောင် ၁ပြန်ပေါင်းသင့်ရင် ပေါင်းရမှာပေါ့လေ ။ ကျွန်တော် ၁ချည်းပဲနေလာခဲ့ တာကြာပြီအမေ ။ 

                                                                 

 လူဆိုတာ မျှော်လင့်ချက်တွေနဲ့  အသက်ရှင်နေခြင်းကပိုပြီးသက်တောင့်သက်သာရှိတယ်မဟုတ်လားအမေ ။  အဲဒီမျှော်လင့်ချက်ဆိုတာတွေနဲ့ ပဲ ပျင်းရိစရာကောင်းတဲ့  နေ့ တဓူဝကိုဖြတ်သန်းနေကြရတာမဟုတ်လား။ လူတစ်ယောက်နဲ့ တစ်ယောက် တော့ ဘယ်တူပါ့မလဲလေ ။  မျှော်လင့်ထားတာတွေ ဖြစ်မလာတော့လဲ ဘဝဆိုတာက ဆားမပါတဲ့  ဟင်း ။  တခါတလေ စိတ်ပျက်လာတယ် ။ ဘာမှမလုပ်ချင်တော့ဘူး ။ ဆင်းရဲတဲ့ သူလဲ ထမင်းတစ်ဝမ်းပဲ ။ ချမ်းသာတဲ့ သူလဲ ထမင်းတစ်ဝမ်းပဲ ။  မျှော်လင့်တာတွေ ဖြစ်မလာတော့လဲ  စိတ်ကူးထားတာတွေလဲအလကားပဲလေ ။  စိတ်ချမ်းသာရင်တော်ပါပြီ ။  နေတတ်သလိုပဲနေတော့မယ်လေ ။ ဘယ်သူ့ ကိုမှစိတ်အနှောင့်အယှက်မပေးချင်ဘူး  ။  ဘာမှတော့မဟုတ်ဘူး အမေ ။  နားမလည်တဲ့ အင်္ဂလိပ်သီချင်းတပုဒ်ကို နားဆင်နေသလိုမျိုး ရသတခုခုများ ရမလားလို့  ရေးကြည့်တာပါ ။ 
            
  
                                                 ကျွန်တော်ဒီလိုဖြစ်နေတယ်
(လူတစ်ယောက်ကပြောတယ် ။ one day, i really do pro photographer, yeah i really do. တဲ့  ။ )
i wanna dream that , i should dream.အိပ်မက်တွေပါပဲလေ ။ ^_^
              


                        ဘာပဲဖြစ်ဖြစ် အားလုံးကောင်းသောညပါ ။ ရေလိုအေးလို့  ပန်းလိုမွှေးပါစေ။