Pages

Showing posts with label ဆုတောင်း. Show all posts
Showing posts with label ဆုတောင်း. Show all posts

Saturday, July 30, 2011

နတ်သမီး အတွက် ဆုတောင်း



မြန်မာဆန်ဆန်အလှနဲ့ 
မြင်သူငေးရ
လှပကျော့ရှင်း လှယမင်းဟု
တင်စားခေါ်ဝေါ်၇လောက်အောင်
လှပပေတဲ့  မမ နတ်သမီး

ဖြူစင်တဲ့ စိတ်ထား
အေးမြတဲ့ အပြုံးနဲ့ 
မြင်ရသူစိတ်ကြည်နူးစေတဲ့ 
မမ နတ်သမီး

ခံစားမှုတွေကို ဖွင့်ဟ
စာတွေအဖြစ် ရေးချကာ
ဘလော့လေးထဲမှာ
ပျော်မွေ့ နေတဲ့ 
မမ နတ်သမီး

ချစ်သူ ခင်သူ
ပေါကာများလို့ 
မောင်လေး ညီမလေး
မှားတတ်ခဲ့ သူ မမ နတ်သမီး

ပွင့်လင်းဖော်ရွေ
ခင်မင်တတ်ပေတဲ့ 
မမ နတ်သမီး

ကျမ်းမာကိုယ်စိတ်
ခညောင်းစေကြောင်း
ဆုမွန်တောင်းပြီး
ကလောင် အစွမ်း
စာပေလမ်းမှာ နေလိုလလို
ဝင်းပစေကြောင်း
ဆုမွန်တောင်းဧ။်
  
  မမ နတ်သမီး
ဘလော့ ၂ နှစ် ပြည့် အမှတ်တရ

Sunday, June 12, 2011

၁၈နှစ်ပြည့်မွေးနေ့ အမှတ်တရ (nobeltinalwin)ညီမ




မွေးနေ့ လက်ဆောင်ပေးမလို့ စိတ်ကူးထားတာတော့ရှိတယ်။ဘာပေးရမှန်းလဲမသိတာနဲ့ ကဗျာလေးရေးပေးပါဆိုလို့ ညီမအတွက်အခုကဗျာလေးရေးပေးလိုက်တယ်နော်။မွေးနေ့ ကိတ်လေးလဲပါတယ်။အမှတ်တရအနေနဲ့ ကိုယ့်ဘလော့မှာသိမ်းထားလိုက်တဲ့ သဘောပါပဲ။ညီမ ၁၈နှစ်ပြည့်မွေးနေ့ စ၍နောင်နှစ်ပေါင်းများစွာတိုင်အောင်ကျမ်းမာပျော်ရွင်ပါစေလို့ ဆုတောင်ပေးလိုက်ပါတယ်နော်။