
မနှင်းဆီကို
လွမ်းတဲ့စိတ်က
ထိန်းမနိုင်
သိမ်းမရ
တစိမ့်စိမ့်နဲ့
ယိုကျတယ်
ဘာလို့လွမ်းလဲ
မမေးပါနဲ့
မိုးရွာလို့လွမ်း
နေပူလို့လွမ်း
ချမ်းအေးလို့လွမ်း
ကမ်းနံဘေးမို့လွမ်း
လမ်းဘေးမို့လွမ်း
တစ်ခုမှ မဟုတ်ဘူး
လွမ်းတဲ့အာရုံ
အလွမ်းခြုံပြီး
လွမ်းချင်လာလို့
လွမ်းကိုလွမ်းတာ
အလွမ်းကမ္ဘာထဲ
လွမ်းလွမ်းဆွေးဆွေးပါပဲ
စိတ်ထဲကပဲ
ဝမ်းနဲသလိုလို
ရင်ထဲကပဲ
ဟာနေသလိုလို
မြင်မြင်သမျှ
ဘဝင်မကျသလိုလို
တစ်ယောက်ထဲပဲ
အထီးကျန်နေသလိုလို
ဟိုဟာ ပဲလုပ်ရမလို
ဒီဟာပဲလုပ်ရမလို
ဟိုလိုဒီလိုလိုနဲ့
လွမ်းနေတာ
အဲဒါအလွမ်း
«««««ကျွန်တော် လွင့်လွင့်မျောမျော»»»»»
_/\_/\_/\_လွမ်းတယ် မနှင်းဆီ_/\_/\_/\_
posted from Bloggeroid
13 comments:
အောင်မငီး ဟဲ့ . .
လွမ်းလို့ကိုမဆုံးတော့ပါလား...
ကိုဇော်ကဖြင့်လွမ်းဖို့မှ မရှိတာ
အလွမ်းဆိုတာယ်သိမှာလဲ
ဖြိုးမောင်မောင်ရေ အမဂျက်လွမ်းကူခဲ့ပါတယ်နော်...
ဖတ်ရတဲ့သူလည်း လွမ်းတယ် မနှင်းဆီရေ....:)
အမငေး......ဒီကိုကိုဖြိုးမောင်မောင်လဲ
မနှင်းဆီနဲ. မြန်မြန်နီးစပ်မှ
အော်တန်လဲTwilightရုပ်ရှင်ကားထဲက
မင်းသားလေးနဲ. မြန်မြန်နီးစပ်မှ......အဟီးးး
အချစ်ဆူးခင်းရဲ့
အဝေးတဖက် မှာ
ပျော်သလိုနေပါတော.
ဒို.တတွေ..
ဝေးနေတာပဲ..
ပိုကောင်းတယ်လေ
မနှင်းဆီရေ...မနှင်းဆိယေ...
မနှင်းဆီရေ..အော်တန်လဲ နိကို လွမ်းတယ်ဟယ်....ဟိဟိ
ဖျား ဖျား မနှင်းဆီ ၈ တောင်ရောက်လာလောက်အောင် လွမ်းနေပါပေါ့လား ကိုဖြိုးရေး)
ဟီး... ရေးမိရေးရာအဖြာဖြာကနေ မနှင်းဆီပဲ ရေးပါမည် လို့ ခေါင်းစဉ်ပြောင်းတပ်လိုက်ပါလား ကိုဖြိုး.. ;P :D :P
ဟေ...လိုက်လို့လည်းမမှီတော့ဘူးး)))
စိတ်ပျက်တယ်အေ....မပြီးတော့ဘူး...
မျှစိ..
မနှင်းဆီ-၈ မှ မနှင်းဆီ-ရာပေါင်းများစွာ ချစ်ခင်ကြင်နာလွမ်းဆွတ်မှုတွေနဲ့ ဘဝကိုအေးချမ်းစွာ ဖြတ်သန်းနိုင်ပါစေ ကိုဖြိုးရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
မနှင်းဆီ-၈ မှ မနှင်းဆီ-ရာပေါင်းများစွာ ချစ်ခင်ကြင်နာလွမ်းဆွတ်မှုတွေနဲ့ ဘဝကိုအေးချမ်းစွာ ဖြတ်သန်းနိုင်ပါစေ ကိုဖြိုးရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဟင့်....သများလည်း လွမ်းချင်လာပီ.....း))
E E တွေပန်းချင်တဲ့ စိတ်က ထိန်းမနိုင် သိမ်းမရ....၊တစိမ့်စိမ့်နဲ့ ယိုကျတယ်
မနှင်းဆီ...၊ဘာလို့လဲမမေးပါနဲ့...၊အသုတ်တွေစားလို့ပန်း...၊မုန့်ဟင်းခါး
တွေများလို့ပန်း....၊မဟုတ်မဟတ်တွေ ဝါးလို့ပန်း...၊လမ်းဘေးမှာပန်း...၊ကမ်း
နဘေးမှာပန်း...၊အပန်းအာရုံ၊ပန်းခြုံမြင်ပြီး၊ပန်းကိုပန်းတာ..၊ပန်းကမ္ဘာထဲ..၊
မျော့မျော့ပဲကွယ်...၊
ဟီး...တယ်လှတဲ့ကဗျာ.....အို....ပန်းမမ ကျွန်တော့ မနှင်းဆီ......:)))))
နှင်းဆီခင်းတွေ..ကုန်တော့မယ်ဗျို့..း))
အကြောင်းလာကြားပေးတာပါးP
လေးစားလျှက်
မိစံး)
Post a Comment