
မှောင်မိုက်တဲ့ည
ဟော့
ဟိုး ကြယ် လ တွေက
အလင်းတွေဝေဖြာ
ကြင်ကြင်နာနာပဲ
အမှောင်တွေခွင်းနေတယ်
အိပ်မရတဲ့ည
မနှင်းဆီက
ဟောဒီကဗျာတွေထဲ
တဝေ့ဝေ့ တဝဲဝဲ
ကျွန်တော့်အနား
တွဲလွဲခိုတယ်
ငွေလအပြုံး
တိမ်တွေဖုံးကုန်ပြီ
ခနလေးစောင့်ပေးပါ
မနှင်းဆီ
ကျွန်တော်
ဒီကဗျာထဲမှာလွမ်း
အိပ်မက်တွေကို
ဆက်နမ်းချင်သေးတယ်
Published with Blogger-droid v1.7.4
8 comments:
ဝိုးးးး မနှင်းဆီတမ်းချင်းလေးက လှပါပေ့။။
ခင်တဲ့
မေသိမ့်
ထင်တယ် ထင်တယ် မနှင်းဆီ ၄ လာမယ်ဆိုတာ ဆက်နမ်းပါ ဆက်နမ်းပါ ခေါင်းအုံးကြီးလဲ ဖြစ်ချင်ဖြစ် မဖြစ်ရင် ကိုရဲ တင်ပါးကိုမျက်နှာအပ်မိနေမယ်နော် ကိုဖြိုးရေ ဟိဟိး)
မနှင်းဆီက ဟောဒီ့ ကဗျာထဲမှာပဲ တဝေ့ဝေ့ တ၀ဲဝဲဖြစ်တာ မဟုတ်ဘူး... ဘလော့တခွင်လျှောက်သွား မနှင်းဆီလမ်းသလား သေးတယ်.. ဟဟဟ
စတာ....
အစ်ကိုရေးသမျှထဲမှာ မနှင်းဆီကဗျာတွေ အကြိုက်ဆုံးပဲ... ရဲဘော် ဆက်လုပ်.. :D
ဘုရားး ဘုရားးး မနှင်းဆီ ၅ တို့ ၆တို့ လာဦးမလားဟင်....။ အဟဲ...ဘယ်လိုပဲဖြစ်ဖြစ် အရုပ်ဆိုးမနှင်းဆီထက် မနှင်းဆီကဗျာတွေကပိုလှပါတယ်...။
မနှင်းဆီကမထွက်နိုင်တော့ပါလားကွယ်...
ဒီကဗျာထဲမှာလွမ်း
အိပ်မက်တွေကို
ဆက်နမ်းချင်သေးတယ်တဲ့ ကောင်းလိုက်လှလိုက်တဲ့စကားလေးတွေနော်..
ငွေလအပြုံး....တိမ်တွေဖုံးကုန်ပြီ...၊ခဏလေးစောင့်ပေးပါ မနှင်းဆီ...
ကျွန်တော် မီးထွန်းဖို့ ဖယောင်းတိုင်ရှာလိုက်ဦးမယ်....:)))
လှလိုက်တဲ့ ကဗျာ..ကာရံလေးတွေနဲ့.... ခံစားအားပေးလျှက်ပါလို့..
သူ သိတ်စိတ်ကူးယဉ်တယ်။
Post a Comment