Pages

Wednesday, October 19, 2011

မနှင်းဆီသို့ ၎



မှောင်မိုက်တဲ့ည

ဟော့
ဟိုး ကြယ် လ တွေက
အလင်းတွေဝေဖြာ

ကြင်ကြင်နာနာပဲ
အမှောင်တွေခွင်းနေတယ်

အိပ်မရတဲ့ည

မနှင်းဆီက
ဟောဒီကဗျာတွေထဲ
တဝေ့ဝေ့ တဝဲဝဲ

ကျွန်တော့်အနား
တွဲလွဲခိုတယ်

ငွေလအပြုံး
တိမ်တွေဖုံးကုန်ပြီ

ခနလေးစောင့်ပေးပါ
မနှင်းဆီ

ကျွန်တော်
ဒီကဗျာထဲမှာလွမ်း

အိပ်မက်တွေကို
ဆက်နမ်းချင်သေးတယ်
Published with Blogger-droid v1.7.4

8 comments:

မေသိမ့်သိမ့် ကျော် said...

ဝိုးးးး မနှင်းဆီတမ်းချင်းလေးက လှပါပေ့။။


ခင်တဲ့
မေသိမ့်

မဒမ်ကိုး said...

ထင်တယ် ထင်တယ် မနှင်းဆီ ၄ လာမယ်ဆိုတာ ဆက်နမ်းပါ ဆက်နမ်းပါ ခေါင်းအုံးကြီးလဲ ဖြစ်ချင်ဖြစ် မဖြစ်ရင် ကိုရဲ တင်ပါးကိုမျက်နှာအပ်မိနေမယ်နော် ကိုဖြိုးရေ ဟိဟိး)

Candy said...

မနှင်းဆီက ဟောဒီ့ ကဗျာထဲမှာပဲ တဝေ့ဝေ့ တ၀ဲဝဲဖြစ်တာ မဟုတ်ဘူး... ဘလော့တခွင်လျှောက်သွား မနှင်းဆီလမ်းသလား သေးတယ်.. ဟဟဟ
စတာ....
အစ်ကိုရေးသမျှထဲမှာ မနှင်းဆီကဗျာတွေ အကြိုက်ဆုံးပဲ... ရဲဘော် ဆက်လုပ်.. :D

Cameron said...

ဘုရားး ဘုရားးး မနှင်းဆီ ၅ တို့ ၆တို့ လာဦးမလားဟင်....။ အဟဲ...ဘယ်လိုပဲဖြစ်ဖြစ် အရုပ်ဆိုးမနှင်းဆီထက် မနှင်းဆီကဗျာတွေကပိုလှပါတယ်...။

စံပယ်ချို said...

မနှင်းဆီကမထွက်နိုင်တော့ပါလားကွယ်...
ဒီကဗျာထဲမှာလွမ်း
အိပ်မက်တွေကို
ဆက်နမ်းချင်သေးတယ်တဲ့ ကောင်းလိုက်လှလိုက်တဲ့စကားလေးတွေနော်..

ညိမ်းနိုင် said...

ငွေလအပြုံး....တိမ်တွေဖုံးကုန်ပြီ...၊ခဏလေးစောင့်ပေးပါ မနှင်းဆီ...
ကျွန်တော် မီးထွန်းဖို့ ဖယောင်းတိုင်ရှာလိုက်ဦးမယ်....:)))

Angelhlaing(May everybody be happy and healthy! said...

လှလိုက်တဲ့ ကဗျာ..ကာရံလေးတွေနဲ့.... ခံစားအားပေးလျှက်ပါလို့..

khin oo may said...

သူ သိတ်စိတ်ကူးယဉ်တယ်။