
မနှင်းဆီအကြောင်း
တွေးလိုက်မိတိုင်း
ကျွန်တော့်နှလုံးသားတွေ
သံစဉ်ညှိ
ကာရံတွေနဲ့ထိတယ်
ခံစားချက်တွေ
လေပေါ်မြောက်
အသိစိတ်တွေ
ခမ်းခြောက်ကုန်တယ်။
မနှင်းဆီရဲ့
ကကြိုးတွေကိုရေတွက်
ညကတဖြေးဖြေး
နက်လာတယ်
ကကွက်တွေ ဆန်းပြား
မနှင်းဆီ ကျွန်တော့်ကို
ဖမ်းစားတယ်
နုတ်းခမ်းနှစ်လွှာ ဖွင့်ဟ
မနှင်းဆီ စကားစတယ်
အတူတူ လိုက်ခဲ့ပါတဲ့
မြူမှုံဝေမှိုင်း
ကဗျာတံတိုင်းမှာ
ဒီတစ်ည ငါတို့
အတူတူ့ရအောင်တဲ့။
ကျေးဇူးပြု၍ လိုနေသော ကွက်လပ်လေးကိုဖြည့်ပေးသွားကြပါ။ကာရံလေးတွေ ညီပါစေ။
Published with Blogger-droid v1.7.4
17 comments:
မြူမှုန်ဝေမှိုင်း
ကဗျာတံတိုင်းမှာ
ဒီတည ငါတို့
အတူတူ နမ်းရအောင်တဲ့.....
ဟဲဟဲ.. အဖြေမှန်ရင်ဘာပေးမှာလဲ... ငှဲငှဲငှဲ
လာပြီးတော့ မညစ်ပတ်နဲ့နော်.. ဟွင်းဟွင်း... :P
ha ha u r wrong :-) thz
“မြူမှုန်ဝေမှိုင်း
ကဗျာတံတိုင်းမှာ
ဒီတစ်ည ငါတို့
အတူတူ ကရအောင်....”း)
အဲလိုဆို မလှဘူးလား ဖြိုး........
“မြူမှုန်ဝေမှိုင်း
ကဗျာတံတိုင်းမှာ
ဒီတစ်ည ငါတို့
အတူတူ လက်ရည်သွေး ရအောင်....”း)
မြူမှုန်ဝေမှိုင်း
ကဗျာတံတိုင်းမှာ
ဒီတစ်ည ငါတို့
အတူတူ က ရအောင်...တဲ့
ဟုတ်တယ်ဟုတ်
အတူတူ မွမွမွ ရအောင် ပေါ့...။ ခိခိ။ (နောက်တာ။)
ခင်တဲ့
မေသိမ့်
အော် MRTV-4 လို ပဟေဠိ အဖြေညှိခိုင်းနေပါလား ကိုဖြိုးရေး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အဟမ်း အဟမ်း အဟမ်း သီးတောင်သီးတယ်း)
ငါတို့ အတူတူ ........ အင်း ငါကတော့ အားနေရင် ဟိုဟာဘဲတွေးနေမိတော့တာဘဲ .....
အတူတူလွမ်းရအောင်...
မနှင်းဆီအကြောင်း
တွေးလိုက်မိတိုင်း
ကျွန်တော့် သလုံးသားတွေ
သံဆူးကြိုးနဲ့ညှိ
အကာအရံတွေနဲ့ထိတယ်
(ခွေးလိုက်ဆွဲလို့)
ခံစားချက်တွေ
လေပေါ်မြောက်
အသိစိတ်တွေ
ခမ်းခြောက်ကုန်တယ်။
(ဆေးခြောက်ချထားလို့)
မနှင်းဆီရဲ့
အကြွေးတွေကိုရေတွက်
ကြွေးစာရင်း ကတဖြေးဖြေး
နက်လာတယ်
ပွေးကွက်တွေ ဆန်းပြား
မနှင်းဆီ ကျွန်တော့်ကို
တအားယားစေတယ်....
နုတ်ခမ်းနှစ်လွှာ ဖွင့်ဟ
မနှင်းဆီ စကားစတယ်
ဒီအကြွေးကို ခုပေးတဲ့....
မြူမှုံဝေမှိုင်း
မဟာတံတိုင်းမှာ
ဒီတစ်ည ငါတို့
အတူတူ သိုင်းချ ရအောင်တဲ့။
ဟီး...စတာနော်.....ကဗျာလေး တကယ်လှတယ်.....
မြူမှုံဝေမှိုင်း
ကဗျာတံတိုင်းမှာ
ဒီတစ်ည ငါတို့
အတူတူ ကကြရအောင်....
အင်း...ကကြရအောင်ပဲလှတယ်....
မြူမှုံဝေမှိုင်း....ကဗျာတံတိုင်းမှာ....ဒီတစ်ညငါတို့....တူတူလျှောက်ကြရအောင်......လမ်းလျှောက်တာကိုပြောတာနော်....ကိုဖြိုး
တူတူလွမ်းရအောင် မနှင်းဆီ...
မြူမှုံဝေမှိုင်း
ကဗျာတံတိုင်းမှာ
ဒီတစ်ည ငါတို့
အတူတူဆော့ရအောင်တဲ့။ (ကလေးအတွေးဆိုတော့ကာ...)
ဟတ်ဟတ်..ကုန်လုံးမှားတယ်
မတိပဲချောက်ပြောနေကြတယ်..
ဒီညနာတို.တူတူတောက်(သောက်)ရအောင်..
ဘာရမလဲ..နာမှန်လားဟင်..
အော်တန်ဆိုရင်တော့ (ကြယ်တွေကိုရေတွက်ရင်း
ရင်ခုန်သံတွေသီကုံး)မှာပေါ.အေ...
ဘာပဲပြောပြောကော်ပီတယ်အေ..ဒါဗျဲ
လင်.လေးကိုပြောတာ..ဟိဟိ
နိ.ငှက်ကိုပြောထားနော်..
ကန်.လန်.ကန်.လန်.နဲ.
နာကောင်းကောင်းကွန်မင်.လို.ရ၀ူး..ဟွန်း
အတူတူကကြရအောင်တဲ့..
Post a Comment