Pages

Sunday, June 20, 2010

မှတ်သားဖွယ်ရာ

ဒီပိုစ့်လေးဟာ လူသားမှန်ရင် လောကကြီးထဲမှာ နေ့စဉ်ကြုံတွေ့ရတဲ့ စိတ်

ဒုက္ခတွေကို ဖြေတတ်နေတတ်အောင် လမ်းပြပေးတဲ့ ပိုစ့်လေးပါခင်ဗျာ

သေချာဖတ်ပြီး သေချာလေး စဉ်းစား၍ မှတ်သားတတ်ပါစေနော်……..

Forward mail လေးအားပြန်လည်မျှဝေလိုက်ပါတယ်.....

………………………………………………………………………………………………

{အားလုံးပြေလည် လိုလျှင်}

ကိုယ်နေတဲ့ ပတ်ဝန်းကျင် ကိုယ်နဲ့တနေ့တာ ကြုံစုံနေတဲ့လူတွေ ဆက်ဆံနေရ

တဲ့ ဆက်ဆံရေးတွေ ဝေဖန်မှု့တွေဟာ နေ့တိုင်း လူမှန်ရင် ရှိနေတတ်စမြဲပါ

သူများက ကိုယ့်ကို ဘယ်လောက်ပဲ ဝေဖန်နေပါစေ ကိုယ်က သူများမကြိုက်

တာ ၊ ဆန့်ကျင်တာ ၊ ဝေဖန်တာတွေကို ၊ မပြောမိအောင်နေပါ ကိုယ့်အကြောင်း

မကောင်းတာ ကိုယ်မနှစ်သက်တာကို ကိုယ့်အရှေ့မှာပဲ ပြောပြော ဘာမှပြန်မပြော

မိအောင်နေပြီး ကြိုးစားနားထောင်ပေးလိုက်ပါ ၊ သတ္တိမရှိ ၊ ကြောက်လို့ပြန်မချေပပဲ

ငြိမ်နေတာတော့မဟုတ်ပါ ၊ ပြောတတ် ၊ ပြောချင်တဲ့ ၊ စကားလုံးတွေ လျှာဖျား

အထိ ရောက်လာပေမယ့် ပြန်မျိုချထားလိုက်ပါ ခုလို အောင့်အည်းသည်းခံလိုက်

ရတဲ့ ဒုက္ခက ခဏလေးပါ သည်းမခံနိုင်လို့ လက် နှုတ်နဲ့ ပြန်ချေပလိုက်မိရင်

တွေ့ရမယ့် အရှုပ်အရှင်းပြဿနာက ပိုကြီးလာမှာပါ လုပ်ငန်းအလုပ်ဌာနမှာဆိုရင်

အဆင်မပြေတာတွေ များလာပြီး အလုပ်လက်မဲ့ ဖြစ်လာနိုင်ပါတယ်။ နှုတ်ပိတ်

သည်းခံလို့ရတဲ့ ဒုက္ခက နောက်ထပ်တွေ့ရမယ့် ပြဿနာတွေနဲ့ ဘာမှမယှဉ်သာ

ပါဘူး သည်းခဲလိုက်ရတဲ့ အကျိုးကြောင့် ပတ်ဝန်းကျင်နဲ့ အဆင်ပြေတာတွေလည်း

တိုးတတ်လာပါတယ်။.

{ဘ၀အဖြစ်ပျက် နှင့် ခံယူချက် အဆက်အစပ်}

လူတိုင်းရဲ့ “ ဘ၀အဖြစ်ပျက်” အားလုံးဟာ သူခံယူထားတဲ့ ခံယူချက်နဲ့ တိုက်ရိုက်

ဆက်စပ်နေပါတယ် ခံယူချက်မပြောင်းသရွေ့ အခြေအနေ ဘယ်တော့မှ မပြောင်း

ပါ လူတိုင်းမှာ မွေးလာထဲက“ဗီဇ”ပါလာတယ်လို့ ပြောကြပေမယ့် သူ့ကိုယ်ပိုင်

ဥာဏ်ကနေ ပတ်ဝန်ကျင်မှာ တွေ့ထိသမျှကို ၊ ကျွန်တော်တို့တွေ ဝေဖန်ပြီး ခံယူချက် အနေနဲ့ လက်ခံလိုက်တာပဲ။အချိန်ကြာသွားလေလေ ကောင်းသည်

မကောင်းသည် ကိုယ်ခံယူထားတဲ့ “ခံယူချက်”ကပြောင်းဖို့ခက်လေလေပါပဲ။

ပထမဆုံး လိုအပ်တာက အမှားအမှန် ကောင်း မကောင်း လုပ်သင့် မလုပ်သင့်ကို

ဝေဖန်နိုင်စွမ်းရှိတဲ့ ဥာဏ် ဒုတိယက ၄င်းဥာဏ်ဖြင့် မှန်သော ကောင်းသော လုပ်သင့်သော

အချက်များကို လက်ခံနိုင်စွမ်းရှိတဲ့ အသိစိတ် ။ တတိယအချက်က

မှားသော လက်ခံယူထားပြီးသား “ခံယူချက်” များအစား မှန်သောကောင်းသော

လုပ်သင့်သော ခံယူချက် အသစ်များဖြင့် အစားထိုး ပြောင်းလိုသည့် ဆန္ဒ နှင့်

ပြောင်းနိုင်စွမ်းရှိသည့် စွမ်းရည်များ အဓိကလိုပါတယ်……….။

{မကျေနပ်မှု့ တိုင်း ဒီလိုမြင်ပါ}

လူတစ်ယောက်ကို မကျေမနပ် ကိုယ့်စိတ်တိုင်းကျ ဖြစ်မလာတိုင်း စိတ်ဆိုးပြီး

ဆုံးဖျက်ချက် လွယ်လွယ်လေးနဲ့ အပြစ်မမြင်ပါနဲ့ ။ သူဘာတွေဖြစ်နေသလဲ

သူဘယ်လောက် ဒုက္ခ တွေ့နေလဲဆိုတဲ့ သနားစိတ်နဲ့ သူ့ နေရာကနေ နေပြီး

ခွင့်လွှတ်စိတ်အပြည့်နဲ့ ကြည့်တတ်ပါစေ ခံစားတတ်ပါစေ ကိုယ်လည်း အခက်အခဲ

အများကြီးတွေ့ဖူးလို့ တခြားတစ်ယောက်က ကိုယ့်ချွတ်ယွင်းချက်ကို ခွင့်လွှတ်

ဆက်ဆံရင် ဘယ်လောက်ဝမ်းသာမလဲ……………….။

{စိတ်ညစ်ချိန်မှ}

စိတ်ညစ် စိတ်ရှုပ်စရာအချိန်တွေ တွေ့ချိန်တိုင်းမှာ စိတ်ကိုအေးအောင်

ကြည်အောင် ရှင်းအောင်ထားပါ ခက်သွားအောင် မလုပ်ပါနဲ့ အပိုစိတ်ရှုပ်အောင်

အပူတွေ ထပ်မပေါင်နှင့် ပို၍ စိတ်ညစ်စရာတွေရှုပ်ပြီး များလာလျှင်ပြေလည်

အောင် ဖြေရှင်းဖို့ အကြံဥာဏ်ကောင်းတွေ ၀င်လာဖို့ နေရာရှိမှာမဟုတ်တော့ပါ

စိတ်အေးအေးထားပြီး ဆုံးဖျက် အစီအစဉ် ဆွဲတတ်ပါစေ………………..။

{အကောင်းဆုံး အမြင်/စိတ်}

ဘာအကြောင်းကလေးပဲ ဖြစ်ဖြစ် ကောင်းတဲ့ရှု့ထောင့်က တွေးပါ မြင်ပါ သနားပါ

ခွင့်လွှတ်နိုင်တဲ့စိတ်ကို အခြေခံထားပါ ကိုယ့်နေရာ ကိုယ်ဖြစ်ချင်တဲ့ပုံ ဆန္ဒတွေနဲ့

မြင်ပြီး မကျေမနပ်ဖြစ်ပြီး စိတ်တိုင်းမကျ အပြစ်တင်သရွေ့ ဘယ်သူနဲ့မှ ဆက်ဆံမှု့

ပြေလည်မှာ မဟုတ်ပါ သူ့နေရာကနေ ကိုယ်ချင်းစာပြီး တွက်ပါ သူ့ရဲ့ အဖြစ်မှန်

အခြေအနေကို ဘာမှသေချာမသိဘဲနဲ့ ကိုယ်လုပ်ချင်တဲ့ ဆန္ဒအတိုင်း ဖြစ်မလာ

တာကို ဝေဖန်အပြစ်တင်တတ်တာမျိုး ရှောင်ပါ။ ဒီလို အကောင်းဆုံး အသိအမြင်

စိတ် ၊ အားလုံးအပေါ်ထားနိုင်ရင် လူတိုင်းနှင့် ပြေလည်ပါမယ်………………..။

{ဒေါသ နှင့် မေတ္တာ}

တခုတည်းသော ချွင်းချက်မရှိ ထာဝရမှန်နေသည့် နိယာမမှာ ဤသို့ဖြစ်သည်။

ဒေါသတိုင်းမှ ရသော ရလဒ် သည် ……………………..

ဘာကောင်းကြိုးမှမပေး။ဆုံးရှုံးမှုနှင့် အဆုံးသပ်သည် ။ နှစ်သက်မြတ်နိုးသူမရှိ။

ဒေါသကို ပိုင်ထားသူတိုင်း အပူသောကနှင့် စိတ်ဆင်းရဲ နေရသည်။

မေတ္တာ တိုင်းမှ ရသော ရလဒ် သည် ……………………..

အမြဲကောင်းကျိုးပေး၏ ။ အောင်မြင်မှု့နှင့် အဆုံးသပ်သည် ။ လူတိုင်း နှစ်သက်

မြတ်နိုး၏ ။ မေတ္တာကို ပေးတတ်သောသူနှင့် လက္ခံရသူ နှစ်ဦးစလုံး စိတ်ချမ်းမြေ့

အေးချမ်းမှု့ကို ရယူနိုင်ကြသည်…………………….။

{သုံးသပ် ခြင်း}

သူများအကြောင်း အခြေအနေကို အချိန်များများယူ ဝေဖန်သုံးသပ် နေလျှင်

သူများနှင့် အဆင်မပြေလည်မှု့ ပိုများလာမည်။ ကိုယ့်ကိုယ်ကို များများ ဝေဖန်

သုံးသပ်ပြီး မှားတာတွေကို ပြင်နိုင်လျှင် သူများတွေနှင့် ဆက်ဆံရတာ ပို၍

အဆင်ပြေလာမည်………………………..။

{မှတ်သား လိုက်နာခြင်း}

သင်ခန်းစာအဖတ် မှတ်ယူသင့်သည့် စကားလုံး စာတန်းများကို အခွင့်အခါ ကြုံတိုင်း

ရေးယူမှတ်သားခြင်းတို့သည် အလွန်ကောင်းသည့် အကျင့်ပင်

ရေးထားသမျှ မှတ်တမ်းတွေကို စာအုပ်အဖြစ်ရေးရန် တစ်ခုတည်းသော ရည်ရွယ်

လျှင် စာဖတ်ပရိတ်သတ်အတွက် တန်ဖိုးရှိ စာအုပ်ရေးတတ်သည် စာရေးဆရာ

တစ်ယောက် ဖြစ်သွားနိုင်သည် ကိုယ်ရေးမှတ်ထားသော စာတွေထဲမှ တန်ဖိုး

ရှိသော စာသားတွေ အတိုင်း ကိုယ်ကြိုးစား လိုက်နာနိုင်ဖို့လည်း မမေ့သင့်ပေ။

{မှတ်ချက်}
ရေးသမျှ စာအားလုံးတိုင်း လိုက်နာနိုင်ဖို့ ကျွန်တော့မှာ အရည်အခြင်း

မရှိပါကြောင်း ၀န်ခံပါသည်။ အတတ်နိုင်ဆုံး ကြိုးစားနေပါကြောင်း ဂတိပြုပါသည်။
............
................
......................

No comments: