Pages

Tuesday, November 30, 2010

သူသိစေချင်


ခေါင်းငုံ့ လျှက်
သွားနေတဲ့ ငါ့ခြေလှမ်း
မင်းမြင်နိုင်ခဲ့ရဲ့လား

ွှဆူပွက်နေတဲ့နှလုံးခုံသံ
မင်းကြားနိုင်ခဲ့ရဲ့လား.........


စားလဲမင်းစိတ်
သွားလဲမင်းစိတ်
မင်းနဲ့ဝေးပြီး
မင်းမရှိတဲ့အချိန်
ငါတစ်ယောက်တည်းဆိုတာ
မင်းသိနိုင်ရဲ့လား

ဘာကြောင့်ဝေးသွား
မင်းအနား
သိနိုင်ခဲ့ရဲ့လား

ဝေးပြီးရင်းဝေး
ဆွေးပြီးရင်းဆွေး
ပြန်မဆုံနိုင်တော့တာ
မင်းသိနိုင်ရဲ့လား

ခုဒီစာကိုရေး
ဘာနေ့လဲဆိုတာ
မင်းသိနိုင်ရဲ့လား

မျှော်လင့်ခြင်းတွေအပြီးတိုင်
အဆုံးသတ်ခဲ့ပြီလား

မိုးဦးရဲ့မိုးရေစက်တွေ
ငါ့မျက်ရည်အလား
ကြေကွဲခဲ့ရပြီးပြီ

နွေဦးရဲ့
ရော်ရွက်ဝါတွေ
ငါ့အနားလွင့်ဝဲ
လှောင်ပြောင်နေသလား
ထင်ခဲ့ရပြီ

ဒါပေမယ့် ငါ
မရယ်နိုင်ဘူး
လွမ်းရင်းသာပဲကြေကွဲနေတာ
မင်းသိစေချင်ရဲ့............

..........

.........

No comments: