Pages

Friday, November 19, 2010

သင်သေသွားသော် - ဇော်ဂျီ



သြော် လူ့ပြည်လောက၊ လူ့ဘဝကား
အိုရနာရ၊ သေရဦးမည်
မှန်ပေသည်တည့်။

သို့ တပြီးသား၊ သင်သေသွားသော်
သင် ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။

သင်၏အမျိုးသား၊ စာစကားလည်း
ကြီးပွားတိုးမြင့်၊ ကျန်ကောင်းသင့်၏

သင်ဦးချ၍၊ အမျှဝေရာ
စေတီသာနှင့် သစ္စာအရောင်
ဥာဏ်တန်ဆောင်လည်း
ပြောင်လျက် ဝင်းလျက်
ကျန်စေသတည်း။

စာဆို-ဇော်ဂျီ(အိုးဝေမဂ္ဂဇင်း ၁၉၃၅)
.................
....................
...........................

No comments: