Pages

Friday, November 19, 2010

ငါ့အဖော်



နေချင်ရင်နေပေါ့ အဲဒီအခါ ငါဟာမြေကြီး ရပ်တည်ခပေးဖို့ မှမလိုတာ..



သွားချင်ရင်သွားပေါ့ အဲဒီအခါ ငါဟာမြစ်တစ်စင်း စုန်ဆင်းသွား၇င် ပြန်တက်မလာကြေး...



ဝေးချင်ရင်ဝေးပေါ့ ဟောဒီကမ္ဘာမှာ အသည်းမကွဲဖူးသူ ရှိလို့ လား



မေ့ချင်ရင်မေ့ပေါ့ ဖြစ်ပြီးရင် ပျက်တဲ့လောကမှာ ဘယ်အရာမှ မတည်မြဲခြင်းအကြောင်း ငါကောင်းကောင်းသိထားပါတယ်...



ဝမ်းနည်းချင်တဲ့အခါ ငါဝမ်းနည်းမှာပေါ့ အသည်းနှလုံးဆိုတာ ပျော်ရွှင်ဖို့ တစ်ခုထဲ အတွက် သွေးလှည့်ပတ်နေတာမှ မဟုတ်တာ...



ဒါပေမယ့်... သူများထက်သာတာ တစ်ခုက ငါနင်ကျင်တဲ့အခါ ငါ့နံဘေးမှာ ရှိသင့်ရှိထိုက်တဲ့ မာနတွေ အဖော်အဖြစ် ရှိနေတတ်တာပဲ...

.............
.................
......................
...........................

No comments: