Pages

Saturday, December 25, 2010

ဆုတောင်း

ဒီနေ့ Merry chirstmas တဲ့

သူငယ်ချင်းတစ်ယောက်ဆီက

စာရောက်လာတယ်လေ....


တကယ်တော့ ဒီနေ့ကို

သူငယ်ချင်းတွေဆီ စာပို့မလို့ပါပဲ

စိတ်ကမပါတော့တာနဲ့

ရေးလက်စစာကိုဖျက်လိုက်တဲ့အချိန်မှာ

စာဝင်လာတယ်........

Merry chirstmas.
May god bless you.
have a nice day.တဲ့....

အံ့သြမိသလိုလိုပါပဲ

သူမေ့နေလောက်ပြီလိုထင်ထားခဲ့တာလေ

ခုလိုမမေ့သေးဘူးဆိုတာသိလိုက်ရတော့

ကျေးဇူးပဲတင်ရမလိုလိုဘာလိုလိုနဲ့

ဝမ်းသာသလိုလိုဘာလိုလို

အဲဒါနဲ့ စာပြန်လိုက်တယ်

(မင်းရဲ့ စာကိုလက်ခံရရှိတဲ့အတွက်
ကျေးဇူးတင်ပါကြောင်း....
အစစအရာရာအဆင်ပြေလား
ဂရုစိုက်ပါ.မင်းကိုလဲဘုရားသခင်
ကောင်းချီးပေးလိမ့်မယ်လို့ )

အဲဒီလိုရေးပြီးပို့လိုက်တာ။

ဘာမှတော့မဟုတ်ပါဘူး

သတိရသွားတာနဲ့

စိတ်ထဲရှိတာလေးကိုရေးလိုက်မိတာ။

မျက်စိလည်ရောက်လာကြတဲ့

သူငယ်ချင်းတွေကိုလဲ

(Merry chirstmas)

နှစ်သစ်မှာကျမ်းမာပျော်ရွင်ပါစေလို့

ဆုတောင်းပေးပါတယ်။

.....
....
.

No comments: