Pages

Friday, January 14, 2011

အမေ့အတွက် ကဗျာ



အမေ
သားကြီးအဖြင့်
ခုလိုအဝေး 
တစ်နေရာမှာ
စိတ်ပျက်အားငယ်
ကြုံတွေ့လေတိုင်း
တမ်းတမိတာ 
အမေပါပဲ။

အမေ့ရင်ခွင်
ရှိနေစဉ်က
အလွမ်းဆိုတာ
ဘာရယ်မသိ


အခုတော့လဲ
ဝေးတစ်မြေမှ
အလွမ်းအကြောင်း
ကောင်းကောင်းသိလို့
အမေ့ကိုလွမ်း
အဖေ့ကိုလွမ်း
အလွမ်းတွေနဲ့
ဒူဝေဝေပေါ့။


အမေ
မေတ္တာတရား
တာဝန် မကြေ
ကျွန်တော်လူမိုက်
နောင်တတွေနဲ့
မျက်ရည်တွေဝဲ
အဝေးကပဲ
ရှိခိုးဦးချ ကန်တော့ပါ့မယ်။


အမေ့ကွယ်ရာ
ဘယ်ခါကျရှုံး
သားလက်မမြှောက်
ကြိုးစားနေတာ
အမေ့ရင်ထဲ
အေးမြစေကြောင်း
ကောင်းကင်မိုးလို 
ရွာသွန်းဖို့ပါ။


အမေ့ရင်ခွင်
ခိုနားဝင်ဖို့ 
တစ်နေ့နေ့တော့
အလွမ်းတွေပိုက်သားပြန်ခဲ့မယ်

အဲဒီနေ့မှာ
သားတို့ပျော်ရွှင်
ဝေဟင်ကြီးထဲ
ပျံသန်းကြမယ်။

ချစ်လှစွာသော အမေနှင့်အဖေ...သို့ 

1 comment:

Beauty Studio USA Branded Store said...

မိဘရင်ခွင်ဆိုတာ အဝေးရောက်မှပဲ အေးမြလုံခြုံတဲ့နေရာမှန်း သိသာလာတယ်ဗျာ။ အမေ့ကဗျာလေးကို ကြိုက်တယ်ဗျာ။ မိခင်အတွက် စပ်တာမို့လို့ အလေးအနက်ထားတယ်ဗျာ။