Pages

Saturday, February 19, 2011

၆၄ကြိမ်မြောက်မွန်အမျိုးသားနေ့  MALAYSIA


မွန်အမျိုးသားနေ့ ဖြစ်ပေါ်လာပုံကိုပြောရမယ်ဆိုရင်
ဆရာမွန်ဖိုးချိုအကြောင်းအရင်ဆုံးပြောရပါမယ်။
ဆရာကရွှေတောင်သား(ဖဆပလ)အဖွဲ့ ချုပ်အဖွဲ့ ဝင်
ပြီးတော့မွန်တိုင်းရင်သားအစည်းအဝေးဥက္က
(၁၉၄၆)ခု ပငရွာအစည်းအဝေးမှာမွန်အမျိုးသားနေ့ 
တစ်ရပ်ကျင်းပဖို့ ပထမဆုံးအနေနဲ့ ဆရာမွန်ဖိုးချိုကအဆိုပြု
ခဲ့ တာပါ။
နောက်တစ်နှစ်မှာ ကမာဝက်မှာကျင်းပတဲ့ ပြည်လုံးကျွတ်ညီလာခံ
မှာလဲမွန်အမျိုးသားနေ့ ပြုလုပ်ကျင်းပဖို့ ကိုထပ်ပြီးအတည်ပြုကြတယ်။
ပထမဦးဆုံးမွန်အမျိုးသားနေ့ ကို(၁၉၄၈)ခုနှစ်မှာမော်လမြိုင်
ခရိုင်ဘီးလူးကျွန်း ရွာလွတ်ကျေးရွာမှာကျင်းပခဲ့ ကြပါတယ်။

ဘာကြောင့် တပို့ တွဲလပြည့်ကျော်()ရက်နေ့ မှာမွန်အမျိုးသားနေ့ 
အဖြစ်သတ်မှတ်ရသလဲဆိုတော့(ကမာဝက်)ရွာသားနိုင်ထောအား
ရဲ့ အကြံပြုချက်ကြောင့် ပဲဖြစ်ပါတယ်။မွန်ရာဇဝင်အရဗဂိုး(ပဲခူး)
မြို့ ကိုတတိယ ပရိစ္ဆေဒနှစ်(၅၀၄)မှာတည်ထောင်ခဲ့ ကြတယ်လို့ သိရပါတယ်။
သာသနာနှစ်နဲ့ တွက်ရင်တော့ သာသနာနှစ်(၁၁၁၆)ခုတပို့ တွဲလပြည်
ကျော်()ရက်နေ့ တနင်္လာနေ့ မှာမွန်ဘုရင်သမလ ဝိမလ  ညီနောင် ဟံသာဝတီပြည် ဗဂိုး(ပဲခူး)
မြို့ ကိုတည်ထောင်ခဲ့ တယ်။အဲဒီပဲခူးမြို့ ကိုစတင်တည်ထောင်ခဲ့ တဲ့ 
နေ့ ကိုအတည်ပြုပြီးသတ်မှတ်ခဲ့ တာဖြစ်တယ်။
မွန်ရိုးရာဓလေ့ ထုံးတမ်းအစဉ်အလာတွေနဲ့ အမျိုးသားသွင်ပြင်
ပြင်လက္ခဏာတွေကိုကာကွယ်ထိမ်းသိမ်းဖို့ နဲ့ 
အမျိုးသားရေးစိတ်ဓါတ်မြှင့် တင်ဖို့ အတွက်မွန်အမျိုးသားနေ့ 
ကိုပြုလုပ်ကျင်းပရခြင်းဖြစ်ပါတယ်။
မလေးရှားနိုင်ငံကွာလာလမ်ပူမြို့ maharajalela ဘူတာအနီးမှာရှိတဲ့ 
တရုတ်ဘုံကျောင်းမှာ၆၄ကြိမ်မြောက်မွန်အမျိုးသားနေ့ ကိုကျင်းပပြုလုပ်ခဲ့ ကြပါတယ်။
မလေးရှားနိုင်ငံအနယ်နယ်အရပ်ရပ်မှမွန်လူမျိုးများတတ်ရောက်ခဲ့ ကြပါတယ်။
အများစုမှာလူငယ်များဖြစ်ကြပါတယ်။
ထိုပွဲကိုတတ်ရောက်ဖို့ သူငယ်ချင်းတွေနဲ့ တိုင်ပင်ထားကြတာကြာပါပြီ။
မလေးရှာမှာတစ်ခါမှမွန်အမျိုးသားနေ့ ကိုမသွားဖူးခဲ့ဘူး။
ခုတော့သူငယ်ချင်းတွေလဲစုံတာနဲ့ ရောက်ဖြစ်ခဲ့ တယ်။
တော်တော်လေးစည်ကားပါတယ်။
အစီအစဉ်တွေကလဲများလူတွေကလဲများနဲ့ ထမင်းတောင်မစားဖြစ်လိုက်ဘူး။
အစားအသောက်တွေနဲ့ လည်းဧည့်ခံကြတယ်။
ရိုးရာယဉ်ကျေးမှုအကတွေနဲ့ နာမည်ကြီးမွန်အဆိုတော်လဲလာရောက်ဖျော်ဖြေခဲ့ ကြတယ်။
အားကစား စာပေယဉ်ကျေးမှု စတာတွေနဲ့ ဆိုင်တဲ့ ဆုအသီးသီးကိုလဲ
ထူချွန်သူလူငယ်များကိုဆုချီးမြှင့် ကြတယ်။တကယ်ကိုတော့ပျော်စရာလဲကောင်းခဲ့သလိုဂုဏ်ယူစရာလဲကောင်းပါတယ်။
အောက်မှာရိုက်လာခဲ့ တဲ့ ဓါတ်ပုံအချို့ ကိုပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

ရိုးရာဝတ်စုံလေးနဲ့ 

မလေးရှားမွန်လူငယ်ဘော်လုံးအသင်း


ရိုးရာဝတ်စုံလေးနဲ့ ချစ်စဖွယ်

                                              မွန်ရိုးရာယဉ်ကျေးမှုအကများနှင့်ဖျော်ဖြေနေစဉ်

2 comments:

Anonymous said...

သူများပုံတွေဘဲတင်မထားနဲ့လေ...
စီဘောက် ကပြန်ကြည့်ပါဦး ဘာမှမပေါ်တာကြာပြီ

ချမ်းလင်းနေ said...

ညီလေးဖြိုးရေ...

မင်းရေးမှပဲ မွန်အမျိုးသားနေ့ မလေးမှာ စည်ကားစွားကျင်းပတာတွေ့ရတော့ အစ်ကိုလဲ ဂုဏ်ယူမိပါတယ်။ အကို အဖေကတော့ ကျိုက်မရောမွန်ဗျာ။ အကိုကတော့ မွန်တစ်ဝက်ပေါ့။ မွန်စကားတော့ မတတ်ဘူးကွာ။ ငယ်ငယ်ကတော့ အဖေက မွန်စာကော စကားကော သင်ပေးတယ်။ အခုတော့ လုံးဝကိုမရတာ။ ရှက်စရာပေါ့။ ကျိုက်မရောသွားတိုင်း အမျိုးတွေက မွန်စကားမတတ်လို့ ဆိုပြီး ပြောတယ်။ ဘယ်တတ်နိုင်မလဲ နားရေမဝတော့ စကားလဲမတတ်ဘူးပေါ့။