Pages

Sunday, March 6, 2011

ကျွန်တော့် ရဲ့ ယုံကြည်ရာများ

ယုံပါယုံပါ
ယုံကြပါ
ကိုယ့်အရိပ် ကိုယ်ပြန်ကြည့်
တည့်ချည်းပဲ
မယုံမရှိနဲ့  ငယ်ငယ်ကဆရာမ
သင်ပြခဲ့တာ ဝလုံးကဝိုင်းနေတယ်
မယုံမရှိနဲ့ 
ခုထိယုံနေတုံး
ဘယ်လောက်ယုံသလဲဆို
ယုန်ကိုတောင် ယုံထင်နေတာ
ယုံလွန်းလို့ ပါ….
မွေးကတည်းကယုံတတ်ခဲ့ တာ
အကျင့်ကိုက ယုံနေပြီကို…..
ဒီနေ့ နဲ့ မနက်ဖြန်
မနက်ဖြန်နဲ့ ဒီနေ့ မတူညီတာကိုလဲယုံတယ်
ယုံအောင်ပြောသူတွေကပြောတဲ့ အရာတွေကိုလဲ
ယုံယုံကြည်ကြည်ပဲယုံခဲ့တယ်…..
ဒါပေမယ့်ယောင်တော့မယောင်ဘူး
မျက်မှောင်ကြုပ်ပြီး
ချောင်တစ်ခုမှာယုံဖို့ 
ကြိုးစားကြည့်ချင်သေးတယ်
ယုံရအောင်လို့ လေ…..
ထပ်ပြီးယုံချင်သေးလို့ …………

1 comment:

Angelhlaing(May everybody be happy and healthy! said...

ကဗျာလေးခံစားသွားတယ်နော်...
အားပေးသွားလျှက်
ကောင်းသောနေ့လေးဖြစ်ပါစေ။