ဘဝက ပန်းချီဆရာတစ်ယောက်သာဆိုသိပ်ကောင်းမှာ။
ဆေးချက်တွေနဲ့ လိုရာပုံကိုဆွဲလိုက်ချင်တယ် ဘဝကို.........
ခုတော့ လက်ရှိဘဝမှာ ကံကြမ္မာစုတ်ချက်ထဲက ဆေးစက်ကျရာ
ခက်ကြမ်းကြမ်း ခပ်နွမ်းနွမ်း ပန်ချီကားလေးဖြစ်နေပါပေါ့လား။
အမေရယ် အဖေရယ် ညီလေးရယ် ညီမလေးနှစ်ယောက်ရယ်
ကျွန်တော်တို့ နေထိုင်သည့် တဲ(အိမ်)ကလေးရယ် အဖေရဲ့ စိုက်ခင်းရယ်
ဖူးပွင့်နေတဲ့ ပန်းတွေနဲ့ အတူ မြူမှောင်ဝေဆိုင်း နေတဲ့ နံနက်ခင်းကြီးကို
ဆေးရောင်ချယ်လိုက်ချင်တယ်.......အလွမ်းသင့်ပန်ချီ လို့ .................
အဟာရမဖြစ်တဲ့ အရွက်တွေကိုစား အနှစ်မပါတဲ့ စကားတွေကိုပြော
စိတ်မပါတဲ့ အလုပ်တွေကို လုပ်ပြီး ပေါ်ယံဟန်ဆောင်နေတဲ့ လူတွေနဲ့ 
ဆူညံရှုပ်ပွနေတဲ့  မြို့ ပြကြီးမှာ သားအဆင်ပြေနေပေမယ့်
အမေတို့ တစ်တွေ အဆင်ရောပြေကြရဲ့ လားလို့ စိုးရိမ်မိတာအကြိမ်ကြိမ်ပေါ့။
အမေတို့ လဲသားကိုလွမ်းလို့  သားသတင်းတွေကြားတိုင်း ဝမ်းသာလွန်းလို့ 
မျက်ရည်စို့ နေခဲ့ တယ်ဆိုတာ တွေးကြည့်ရုံနဲ့ မြင်နိုင်ပါတယ်အမေ။
သားခုလိုမြို့ ပြကြီးမှာဘာတွေဘယ်လောက်ပြည့်စုံနေပါစေ
အလွမ်းစိတ်တွေကိန်အောင်းပြီးတော့
သားအတွက်တော့ အမြဲလိုအပ်နေခဲ့ တာ.....မိဘမေတ္တာ ပါအမေ။
တစ်ဆောင်းကုန်လို့  တစ်နွေကူး ဟေမန်မိုးဦးတောင်ရောက်ခဲ့ ပြန်ပြီ။
အဲဒီမိုးကိုသားတစ်သက်ဘယ်တော့မှမမေ့တော့ဘူး။
ကံဆိုးကောင်သွားရာမိုးလိုက်လို့ ရွာဆိုတာ သားတို့ တွေအတွက်များလားအမေရယ်။
ခြေတိုင်လေးခုအခြေပြုပြီး ဟိုကာဒီမိုး တဲ(အိမ်)ဆိုတာလေးကို ဘယ်အငြိုးနဲ့ များပြိုပျက်စေခဲ့ တာလဲမသိဘူးနော်။
အမေ့ မျက်ဝန်း အဖေ့မျက်ဝန်းတွေမှာ မျက်ရည်စတွေစိုကျန်နေခဲ့ တော့
အဆင်မပြေတဲ့ ကျွန်တော်တို့ ဘဝကိုပဲစိတ်နာရမလိုလို..........................
တကယ်လဲအဲဒီဘဝကိုသားနာကျည်းတတ်ခဲ့ တာပါအမေ။
အခုသားကြိုးစားသမျှတွေဟာ သားတို့ မိသားစုအတွက်ပါ။
သားကြိုးစားနေတယ် ကြိုးစာနေဦးမယ် အမေ...................
အမေရယ် အဖေရယ် ညီလေးရယ် ညီမလေးနှစ်ယောက်ရယ်
ကျွန်တော်တို့ နေထိုင်သည့် တဲ(အိမ်)ကလေးရယ် အဖေရဲ့ စိုက်ခင်းရယ်
ဖူးပွင့်နေတဲ့ ပန်းတွေနဲ့ အတူ မြူမှောင်ဝေဆိုင်း နေတဲ့ နံနက်ခင်းကြီးကို
ဆေးရောင်ချယ်လိုက်ချင်တယ်....................
ဆေးရောင်ချယ်ဖို့ သားပြန်လာခဲ့ မယ် အမေရယ်...............................
2 comments:
ကြိုးစားသား
လိမ်လိမ်မာမာနေ
အသုံးအစွဲလျှော့
ကဗျာလေးက တိုက်ဆိုင်နေတယ်။ ရင်ကိုထိတယ်။
ခင်မင်လေးစားလျက်
Post a Comment