ပန်းဥယာဉ်ထဲက
အရောင်အသွေးစုံတဲ့ လိပ်ပြာလေးကို
ကြည့်ရင်း ငါဖမ်းခဲ့ ဖူးတယ်
တကယ်တော့ ငါ့အတ္တ တခုကြောင့်ပါ
ငါ့မှာလိပ်ပြာငယ်လေးကိုနာကျင်စေချင်တဲ့ 
စိတ်ဆန္ဒမရှိခဲ့ ရိုး အမှန်ပါ။
လွတ်လပ်စွာပျံသန်းနေတဲ့ 
သူ့ ရဲ့ ဘဝလေးကတကယ့်ကို
ရိုးရိုးလေရယ်ပါ
ဒီအတိုင်းလေးထိုင်ကြည့်နေရရုံနဲ့ တင်
ကြည့်နူးစရာကောင်းမှန်း
ငါ အခုမှသိတတ်နေခဲ့ ပြီ
လိပ်ပြာလေးရယ်
အရောင်တွေဘယ်လောက်ပြောင်းပြောင်း
ရာသီတွေဘယ်လောက်ဟောင်းဟောင်း
ပျံသန်းနေမယ့်မင်းဘဝလေးကို
ခပ်လှမ်းလှမ်းကနေ ငါအမြဲ တစ်စိမ့်စိမ့်
ကြည့်နေခွင့်လေးနဲ့ ပဲ
ကြည်နူးနေလိုက်တော့မယ်။
ငါ့ အကြည့်တွေ
မင်းမြင်ချင်မြင်လိမ့်မယ်
ငါ့ ပြောနေမယ့်စကားတွေ
မင်းကြားချင်ကြားလိမ့်မယ်
.....................................
....................................
အတောင်ပံတစ်ချက်ခက်ရင်း
လှည့်ကြည့်ဖြစ်ခဲ့မယ်ဆိုရင်ပေါ့
ငါကတော့ လိပ်ပြာငယ်လေးကို
အလှသက်သက်ပဲ
ငေးကြည့်နေပါတော့မယ်
ဒီအတိုင်းလေးက
ကြည်နူးဖို့ ကောင်းပါတယ်..............
လိပ်ပြာလေးသို့ .............
3 comments:
လိပ်ပြာတွေဖမ်းပြီးကြော်စားကြည့်အရမ်းကောင်းတာ
အဲ..လိပ်ပြာအတွက်...လာ....ဟိဟိ
အော်...ပရစ်မဟုတ်ဘူးကြော်စားရအောင်...
လိပ်ပြာကိုများ...
ပုရစ်ကြော်တောင် စားချင်တယ် အဲ ..ဘာမှလဲ ဆိုင်ဘူးနော်
Post a Comment