Pages
Wednesday, June 29, 2011
ကျွန်ပ်ဧ။်နံနက်ခင်း
နံနက်ခင်းက  စိမ့်စိမ့်အေးမြ   လို့ နေပါသည်။
လေညှင်းလေးတွေက ငါ့အခန်းကျင်းထဲကို တသော့သော့ နဲ့ 
ဝင်လာလိုက်ပုံများ      သူမဟုတ်သလိုလိုနဲ့ ။
အပျိုစင် ကောင်းကင် စိမ်းနုနုပြာရာက
ငွေတိမ်တောင်ကြီး  ဖုံးလွမ်းလိုက်ကာမှ
မှိုင်းညို့ ညို့ ညိုလို့  မိုးတိမ်တွေတောင်ငိုကုန်ပြီ။
နံနက်ခင်းအလှက   ချောင်ပိတ်ခံရတဲ့ 
ငါ့အခန်းကျင်းလေးထဲမှာ      တရွရွနဲ့ 
စိတ်ကူးထဲမှာ လှချင်တိုင်းလှနေတဲ့  အပျိုရိုင်း။
အဆောင်ရှေ့ က  ကားလမ်းမကြီးကတော့
အရှက်အကြောက်ကင်းမဲ့ စွာနဲ့  ဝတ်လစ်စလစ် ။
အဆောင်ရှေ့ကပန်းပင်လေးတွေမှာတော့
လေပြေရိုင်းကြောင့် ဟိုလွန့် ဒီလူး ယိမ်းနွဲ့ 
လှုပ်ရှားနေပုံများ ၁၆နှစ်မလေးအလား။
မှိုင်းညို့ မုံဝေတဲ့ ဒီနံနက်ခင်း ဘယ်သူတွေက
တေးသီကြူးနေပါ့လိမ့် လို့  ကြည့်မိကာမှ
ဖော်စုံမောင်နှံပျံကာဝဲနေတာကိုး။
ဥသြလေလား ချိုးလေလား။
**အနုပညာဆိုတာ နက်ရှိုင်းတယ်လို့ ဆိုရမလားပဲ..............
ပန်းချီပန်းပု နားမလည်ရင်နားလည်တဲ့ ထိထိုင်ကြည့်လို့ ရတယ်။
နားမလည်မခြင်းကြည့်         ထွက်မပြေးဘူး။ ကဗျာဆိုရင်လဲ ဒီလိုပဲ နားမလည်ရင်ထပ်တလဲလဲပြန်ဖတ်နိုင်တယ်။
ဂီတကတော့        အဲဒီလိုမဟုတ်ဘူး။
သူတို့ တွန်ကြူးနေသံကိုကြားနေရတုံးခနအတွင်းမှာပဲ
သေသေချာချာခံစားပြီး သာယာဧ။် မသာယာဧ။်ဆိုတာဆုံးဖြတ်ရတာမျိုး။**
*****အပျိုစင်ရဲ့ နံနက်ခင်း။ဒီနံနက်ခင်းကတော့
စိမ့်စိမ့်အေးမြ တသောသော့ စိမ်းနုနုပြာ
မှိုင်းညို့ ညို့ ညို အပျိုရိုင်း ဝတ်လစ်စလစ်
၁၆နှစ်မ မှိုင်းညို့ မုံဝေ ဥသြလေလားချိုးလေလား ပါပဲ။*****
No comments: