Pages
Monday, July 25, 2011
တပ့် ပို့ စ် နှင့် လတ်တလော ကျွန်တော့်အကြောင်း
ဒီနေ့    အလုပ်က   ပြန်ရောက်ရောက်ချင်း      ဖဘကို     အရင်ဖွင့်ကြည့်မိတယ်။           အဲဒါကရောဂါတစ်မျိုး 
ကိုစိုး    က ဖဘ မှာ   အရေးပေါ်ပို့ စ်ဆိုလို့    ဘာများလဲလို့
လန့် သွားတာနဲ့     ဝင်ကြည့်ဖြစ်တာ    ဒါကဒီလိုကိုးဆိုတာ    သိလိုက်ရတယ်။ကျွန်တော်ကြိုက်ဧ။်  
မကြိက်ဧ။်   နဲ့ စတာ ဘယ်လိုရေးရမှန်းမသိဘူး  တကယ်တော့  ကျွန်တော်က ကိုယ့်အကြိုက်ထက်
သူများအကြိုက်  လိုက်လျောပြီး  အတိုင်းအတာ တစ်ခုထိ   နေတတ်တယ်ပေါ့နော်။     အဲဒါကတော့ 
ကျွန်တော့်    အတွေးပေါ့။ လူတစ်ချို့ က  ပြောဖူးတယ်  ကျွန်တော်ကို နားလည်ရခက်တယ်တဲ့ လေ။ 
ထားလိုက်ပါတော့  အဲဒါကတော့မပြောတတ်ဘူး   ကျွန်တော့် ကိုယ်  ကျွန်တော်တောင်  နားမလည်
သေးတာ  သူတို့ ကနားမလည်ကြတာတော့   မဆန်းပါဘူး။ ကျွန်တော်ကြိုက်ဧ။်  မကြိုက်ဧ။်   နဲ့ 
ပတ်သတ်လို့ 
(ကိုယ်ခန္တာ ....)
ကိုယ်ခန္ခာ ကတော့   ကိုယ်ကိုယ်တိုင်က  ပုတယ် လူကကျစ်တယ်ပေါ့။  ဒါကလဲ မွေးရာပါဆိုတော့ 
ဘယ်သူ့ ကိုမှ စိတ်ဆိုးလို့ မရဘူးလေ။ တကယ် လမ်းသွားရင်လေသူများတွေ  အရပ်အမြင့်ကြီးတွေ 
ခန္ခာကိုယ်က ကျစ်လစ်ပြီးတော့  ကြွက်သား  တွေဖုထစ်နေတာကြည့်ရတာအရမ်းသဘောကျတယ်။ 
ငါလဲအဲလိုခန္ခာကိုယ်မျိုး       ရရင်ကောင်းမှာပဲလို့  စဉ်းစားမိတယ်။                    ဖြစ်ချင်တာတွေပေါ့။ 
ကိုထွတ်(ကိုထွဋ် )  ပြောပြောနေတဲ့    Taeyang (태양)   ဆိုလူက         ပုပုလေးရယ်        ဒါပေမယ့် 
ဗလကတော့ချွတ်လိုက်ရင်  (အကျီ င်္) လန်းတယ်နော်။   အဲဒါကြောင့်သူစွဲနေတာလားတော့မသိဘူး။ 
အဲလိုဖြစ်ချင်ပေမယ့်  လူကပျင်းတာလေ။  စားပြီးရင်                  မျက်လုံးကစင်းနေပြီ။   ချွေးထွက်တဲ့ 
အလုပ်ဆိုမုန်းတယ်။ တံမျက်စည်း     လှဲတာတောင်        လူကချွေးပျံတာလေ      စဉ်းစားကြည့်ပေါ့။ 
အဲဒီတော့         လိုချင်တဲ့ ဗလကမရဘူး။         လက်ကလဲ       ထောက်လိုက်ရင်   တံတောင်ဆစ်က 
 ကောက်နေတာ။   မွေးရာပါဆိုတော့လေ.......။ ငယ်ငယ်ကဆို   လက်ငါးချောင်းလုံး   ကပ်နေအောင် 
အနောက်လှန်လို့ ရတာ  တကယ်။   ခုတော့   ကိုယ်ကလဲပျင်းတာပါတယ်။                     အနည်းဆုံး 
အလွန်အကျွံ  မဝအောင်နဲ့    ဗိုက်မပူအောင် ဆင်ခြင်နေရတယ်။နဂိုကမျက်နှာက ဝိုင်းနေတာဆိုတော့ 
မဝလဲ   ဝသလိုလို ဖောသလိုလို       ထင်ကြတာလေ။     ဆံပင်ကတော့         အမျိုးမျိုးပြောင်းတာပဲ 
 ကောက်လိုက်      ဖြောင့်လိုက်ပေါ့။        နောက်ဆုံးရလဒ်က ဆံပင်တွေ       အဆမတန်ကျွတ်တာပဲ  
 အဖတ်တင်တယ်။ ခုဆို   လူကလန့်နေတာ တစ်ခါတစ်ခါ   ခေါင်းလျှော်ရင်  ကျွတ်တာမှ   မနည်းဘူး။ 
အိမ်ပြန်ရင်တော့             အမေကမှတ်မိမယ်              မထင်တော့ဘူး။        မိန်းကလေးတွေကိုတော့ 
ဆံပင်အရှည်နဲ့ ဆို    ပိုကြိုက်တယ်။             မြန်မာဆန်လို့ လေ။    တော်ရုံတန်ရုံလောက်ပေါ့။
(အပြုအမူ ..........)
အပြုအမူကတော့    ကိုယ်တိုင်ကိုက    စတိုင်ကျကျ       မနေတတ်တာပါပဲ။      ဒါကြောင့်လဲ 
ကာင်မလေးတွေမကြိုက်ကြတာပေါ့။ (ကြော်ငြာဝင်တာ)     တကယ်ကိုဖြစ်သလိုနေတာပါ။ 
မနေ့ ကမြန်မာပြည်က   သူငယ်ချင်းတစ်ယောက်ကိုပြောပြတော့  သူတောင်   ရွံသွားတယ်ဗျာ 
 အဲဒါကို   ဒီကောင်က          ဘာဖြစ်တယ်        ညာဖြစ်တယ်ဆိုပြီး        ပြောတာခံရဖူးတယ်။ 
ကိုယ်မှမသိတာပဲ   ချော်လဲရောထိုင်       တော့မလုပ်တတ်ပါဘူး။
(ကိုယ်နဲ့ သိရင်တောင်  အခုဆို  မသိချင်ယောင်ဆောင်တတ်တယ်)    ဟီးဟီး။ အရင်ကတော့ 
သူငယ်ချင်းတွေကို  အရမ်းခင်မင် ခဲ့ ဖူးတယ်   (ခုလိုအွန်လိုင်းမှာမဟုတ်ပါ) ခုတော့  ကျွန်တော့်  
အလုပ်လုပ်တဲ့                 ပတ်ဝန်းကျင်မှာ           သူငယ်ချင်းဆိုတာ          မရှိသလောက်ပါပဲ။ 
 မေးထူးခေါ်ပြောလောက်ပဲနေတတ်နေပြီ။          ကျွန်တော်ပြုမူတာကတော့   တစ်နေ့တစ်နေ့  
အွန်လိုင်းတက်ပြီး      (ဖဘ)  ကသူငယ်ချင်းတွေနဲ့     မြန်မာပြည်ကသူငယ်ချင်းဟောင်းတွေနဲ့  
စနောက်ပြီးပျော်မယ်။     လုပ်စရာမရှိတောရင်    ဗဟုသုတရမယ့်     စာပေလေးတွေဖတ်မယ်။ 
အဲဒါနဲ့ တင်       ကျွန်တော်       စိတ်ဖိစီးမှုတွေကို       ဖြေဖျောက်နေတာပါ။   လက်ရှိမှာတော့  
 တစ်ယောက်တည်း    နေရတာက  ပိုပြီးလွတ်လပ်တယ်။ အနှောင်အဖွဲ့ တွေ   ကင်းတယ်ပေါ့။
(အစားအသောက်.......)
(ဒါက  မနေ့  ညနေက ဆိုင်ကကောင်လေးချက်ပေးတဲ့ ခရမ်းချဉ်သီး ငါးပိချက်)
(အဲလိုလေးတစ်ယောက်တည်းစားတာ)
အစားအသောက်ကတော့    စားလို့ ရတာအကုန်စားတယ်။   ဂျီးမများဘူး            ဘာမှမရှိရင်တောင် 
ကြက်သွန်နီလေး   ပါးပါးလှီးပြီ           ဆီး   ဆား   အချဉ်လေးထည့်   ငရုတ်သီးလေးနဲ့ တင်ဖြစ်တယ်။ 
အရင်ကတော့   အိမ်မှာအမေက   ဝက်သားမစားဘူး။    အမဲသား   လဲမစားဘူး။   အမြဲအသီးအရွက်ပဲ
စားတာ။      အိမ်မှာက     ရာသီပေါ်သီးနှံတွေ                စိုက်တာဆိုတော့       အသီးအရွက်အကုန်စား
ရတယ်။  ဘာမှမရှိရင်တောင်     ငပိရည်နဲ့   တို့ စရာ        တို့ စရာကစုံလို့ (ကန်ဇွန်းရွက်  ဟင်းနုနွာ်ရွက် 
ပဲတောင့် ရုံးပတေသီး   မြင်းခွာရွက်           ခရမ်းသီးနုနုလေးတွေ)    အဲဒါတွေ နဲ့   ဟင်းချိုတစ်ခွက်ပေါ့။ 
မိသားစုစုံစုံလင်လင်ဆိုတော့                           ငပိရည်နဲ့ လဲ            ထမင်း            (မြိန်...မိန်) တာပါပဲ။
ဒီရောက်တော့မှ       ထမင်းစားရင်          တစ်ယောက်တည်းပဲ      ဘယ်သူမှမရှိကြဘူး။  တစ်တစ်လေ 
ဟင်းကမကောင်းတော့  အိမ်ကို သတိရ             လို့   ထမင်းစားနေရင်း    မျက်ရည်တောင်ဝဲလာတယ်။ 
ဒါကပဲ ဘဝလို့ ဆိုရမလားပဲ။   အစားအသောက်နဲ့   ပတ်သတ်လို့   အိမ်ကို             သတိရလွန်းလို့ ပါ။ 
ဟင်းမကောင်းပေမယ့်                    မိဘမေတ္တာကကောင်းတော့     အဲဒီမကောင်းတဲ့းဟင်းတစ်ခွက်ကို
ဘာနဲ့ မှမလဲနိုင်      တာအမှန်ပါ။        
(အဝတ်အစား.........)
အဝတ်အစားကတော့     သိပ်ဈေးကြီးတာ (စိတ်က)     တစ်ခါတစ်လေ ဝယ်ဝတ်ချင်ပေမယ့်   မဝယ်ပါဘူး။ 
တော်ရုံတန်ရုံလောက်ပဲ  ဝယ်ဝတ်ဖြစ်ပါတယ်။   အိမ်မှာဆိုအမေဝယ်ပေးတာပဲ  ဝတ်ခဲ့ ဖူးတာ။    ကိုယ်တိုင် 
တစ်ခါမှမဝယ်ဖူးဘူး။    အဲဒါကြောင့်   ကျွန်တော်က      အဝတ်အစား    ကိုယ်တိုင်             မဝယ်တတ်ဘူး 
အရင်ကဆို   တစ်ခုခု ဝယ်တော့မယ်  ဆိုရင်      ကိုစိုး   နဲ့ အတူတူ            သူ့ ကိုခေါ်ပြီးမှဝယ်လေ့ ရှိတယ်။
(ဒီနေရာလေးမှာပေါ့) 
တစ်ခုတော့ရှိတယ်   ကျွန်တော်မျက်စိကျတာဆို     သူကမကြိုက်ဘူးဗျ။     သူပြောပါတယ် မင်းကြိုက်တာတွေက 
အဖိုးကြီး     အဆင်တွေချည်းပဲတဲ့    (ဟီးဟီး)။      မထူးပါဘူး       ကိုယ်ကြိုကိတာပဲ                 ကိုယ် ယူတာပေါ့။ 
သူကစိတ်မရှည်ဘူး   ကြည့်ပြီးတွေ့ တာ ကောက်ဆွဲယူတာလေ   ကျွန်တော်က  ဂျီးများတယ်  ဟိုရွေးဒီရွေးနဲ့ ပေါ့ ။ 
နောက်ဆုံးရွေးလိုက်တော့လဲ    သူပြောတဲ့  အဖိုးကြီးအဆင်တွေချည်းပဲ။   ခုတော့နည်းနည်းပြောင်းလဲလာတယ်။ 
ပီနန်းကပြန်လာပြီးကတည်းကပေါ့။   ဝယ်ချင်တာလေးတွေ  ကိုယ်နဲ့     လိုက်မလိုက်             ရွေးတတ်လာတယ်။ 
အရင်လတည်းကစပြီးတော့                     အဝတ်အစားနဲ        ပတ်သတ်တာ                 ဘာမှမဝယ်ဖြစ်သေးဘူး။ 
ဒီနှစ်ကုန်မြန်မာပြည်ပြည်ပြန်မလို့    စိတ်ကူပေါက်သွားကတည်းက       မဝယ်ဖို့ ဆုံးဖြတ်လိုက်တာ။ 
ဒီလောက်ဆို  ရလောက်ပြီထင်တယ်နော်....................အားလုံးသိကုန်ကြပြီ
ကဲ 
ဘသားချော(ဘဘ)
ကိုမိုးယံ 
ကိုလတ်
မောင်မျိုး.
ကိုထွတ်
မမကွန် 
အဖြူရောင်နတ်သမီး တို့ ကိုလဲတပ်လိုက်ပါတယ်။
ရေးလိုက်ကြပါဦး။   ကြိုက်ဧ။်မကြိုက်ဧ။်  နဲ့    စုံစီနဖာ လေးတွေပေါ့။
အားလုံပျော်ရွှင်ချမ်းမြေ့ ပါစေ။ 
(ဖြိုးမောင်မောင်  CTM) 
9 comments:
အဖြူရောင်နတ်သမီး said...
တဂ်တယ်ပေါ့လေ...
သိချင်တယ်ဆိုပါတော့...
ရေးးးးအုံးးးးမှာာာာာ
ခနစောင့်... ဖျားနေလို့...
ခရစ္စတလ် said...
အစ်မကတော့ ပေါ့ပေါ့ပါးပါးနေတတ်သူလို့ပဲ မြင်ပါတယ်။ ဟုတ်ဖူးလားနော် :)
Anonymous said...
အခုတော့ အဘိုးကြီးမဟုတ်တော့ပါဘူး ...
စိတ်မရှည်တာတော့အမှန်ဘဲ...
ပီနန်းက ပြန်လာပြီးကတည်းက ၀တ်လိုက်တာ ငါတောင်မ၀တ်ရဲတဲ့ ခြင်ထောင်တွေတောင်ပါရဲ့...
ရေးပေးလို့ကျေးဇူးပါ ...
မောင်စေတနာ said...
ဟုတ်မယ် .. ကိုစိုးက အဝယ်တော်တယ် ...
နောက်တစ်ခါဆို ကိုစိုးကို ခေါ်ရမှာ ဟီးး
တဂ်ပို့လေး လာဖတ်သွားပါတယ်
Maung Myo said...
ဖေ့ဘွတ်မှာ မင်းပုံတွေတွေ့ပါတယ် အလန်းစားတွေပဲ ငါးမငယ်နဲ့ ငါတို့လို ပုံတုံးတွေ အများကြှီးရှိသေးတယ်း)
ဗလတောင့်တောင့်ကြီးတွေမြင်ရင် ငါလည်း ၀ချင်လိုက်တာ လက်ကုန်ပဲ ဒါပေမယ့် ပြောောတ့ပါဘူးလေ ဟဟား
ငါရေးပြှီး၂ တဂ်မနေနဲ့တော့ ။
...အလင်းစက်များ said...
ငှက်တစ်ကောင်လည်း တယ်ရှုပ်တယ်ဟေ့... ငါဖတ်သမျှ လိုက်လိုက် ကာနေသလား မှတ်ရတယ်...။ အင်းကျီကိတ်စကျ နည်းနည်းတူနေတယ်.... ဘာပြောရမလဲ..... ကိုယ်ကြိုက်တာ သူများနဲ့ နဲနဲ လွဲနေတယ်...။ ခဏခဏ ၀ယ်တာတော့ ကိုရဲဂျီးနဲ့  နည်းနည်း သွားတူတယ်
Angelhlaing(May everybody be happy and healthy! said...
ဘာပဲပြောပြောတဂ်လုပ်တော့ သူများအကြောင်းတွေ သိခွင့်ရတာပေါ့လို့...:)
စံပယ်ချို said...
သူငယ်ချင်းကဒါတွေ ကြိုက်တယ်ပေါ့
ဟုတ်ကဲ့ မှတ်ထားပါ့မယ်နော်။
Anonymous said...
အနော်လည်း ထဲယမ်း(င်) ကြိုက်စ်