Pages

Tuesday, September 20, 2011

မေ့လိုက်ပြီ

ကျွန်တော်သူ့ကိုချစ်ခဲ့တာလားဆိုတာကိုယ်တိုင်ဝေခွဲမရဘူး။စွဲလန်းခဲ့တာလားဆိုတော့လဲမသေချာမရေရာပါပဲ။သူငယ်ချင်းတစ်ယောက်ကမိတ်ဆက် ပေးလို့ သူနဲ့စသိခဲ့တာလေ။ ကျွန်တော်ပျော်ရွှင်နေတဲ့အချိန် ဝမ်းနည်းနေတဲ့အချိန်စိတ်ပျက်အားငယ်နေတဲ့အချိန်ပျင်းရိညီးငွေ့နေတဲ့အချိန်
အဲဒီအချိန်တွေမှာ သူ က ကျွန်တော့်နဲ့အတူရှိနေခဲ့တယ်
ကျွန်တော်တစ်ယောက်တည်း အထီးကျန်နေတဲ့အချိန်တွေ မှာလည်း သူကအနားမှာ
အဲဒီလို သူနဲ့ကျွန်တော် နေသားကျခဲ့တာ လက်တွဲမဖြုတ်တမ်းပေါ့ သူသာကျွန်တော့်လက်တွဲဖော်
တစ်ခါတစ်ခါဆို သူ့ကိုကျွန်တော် ခိုးခိုးနမ်းတယ်
သူ့ကိုယ်သင်းနံလေးကမွှေးပျံ့ပျံ့ အဲဒီရနံ့တွေက ကျွန်တော်ကို ရစ်ပတ်ချည်နှောင်ထားခဲ့မှန်းမသိခဲ့ဘူး။
ကျွန်တော်သူ့ကို စွဲလန်းနေတာလာ့း
စဉ်းစားကြည့်ရုံနဲ့တင် ကျွန်တော့်ရင်တွေမောဟိုက်လာရတယ်
ကျွန်တော် ကိုယ့်ကိုကိုယ် သံသယဖြစ်လာတယ်
ကိုယ့်ကိုကိုယ်ပြန်မေးကြည့်တယ့့်
ဟုတ်တယ် ကျွန်တော်သူ့ကီုစွဲလန်းခဲ့တာများလား
ဝေခွဲရခက်တယ်
ကျွန်တော်သူ့ကိုလမ်းခွဲဖို့ ကြိုးစားကြည့်ခဲ့တာ ၃ ကြိမ်ရှိပြီ
ဒါပေမယ့် ကျွန်တော်သူ့ကိုစွဲလန်းခဲ့တာမဟုတ်ဘူး
သူ့လောက်လဲဘယ်သူ့ကှိမှမစွဲလန်းခဲ့ဘူး
အဓိက ကတော့ကိုယ့်စိတ်ကို ကိုယ်မနိုင်တာပဲ
ဒါ့ကြောင့်လဲသူ့ကျော့ကွင်းထဲ အကြိမ်ကြိမ်ကျရှုံးခဲ့ရတာပေါ့
သူကျွန်တော့်အပေါ်တစ်ကယ်မကောင်းဘူးဗျာ
လူတွေကလဲပြောကြပါတယ့်သူ့မကောင်းကြောင်းတွေပေါ့နားနဲ့တောင်မဆံ့ဘူး
ကျွန်တော်လဲသိပါတယ် သူမကောင်းဘူးဆိုတာ
သူက ဖွဲမီးလိုမျိုး တမြေ့မြေ့နဲ့ နှိပ်စက်တယ်
တစ်ခါတစ်ခါ သူကျွန်တော့်ကို သိပ်နှိပ်စက်တယ်
ကျွန်တော်ဘယ်သူ့ကိုမှမပြောပါဘူး အမေဆို သူနဲ့ကျွန်တော် တွဲနေတာလုံးဝကြိုက်တာမဟုတ်
သူ့မျက်နှာတောင် စေ့စေ့မကြည့်ဘူး
ဘာကြောင့်လဲဆိုတာ ကျွန်တော်နားမလည်ခဲ့ဘူး

မဘက်လိုက်လို့ မိုက်ဘက်ပါတယ်ပဲ ဆိုချင်ဆို
ကျွန်တော် သူ့နဲ့ကျမှ ခံစားတတ်လာခဲ့တယ်
တစ်ခါတစ်လေ ရင်ဘက်ကြီးကိုစူးနစ်လို့
ရင်ထဲမှာ မကောင်းဘူး သူပေးခဲ့တဲ့ဒဏ်ရာတွေကခံစားလိုက်ရတာ ရင်ဘက်ကြီးနဲ့ ကိုယ့်စိတ်ကိုယ်မနိုင် အစွဲအလန်းတွေ
ယိုင်ခဲ့မှတော့ နောင်တလဲမရချင်ဘူး

ခုဆို ကျွန်တော် သူနဲ့ခပ်ဝေးဝေးရှောင်တယ်
သူ့ရဲ့ကျော့ကွင်းထဲ နောက်တစ်ကြိမ် ပြန်မသက်ဆင်းချင်ဘူး မာယာတွေနဲ့သူကတော့ ဝေ့လည်လည်
ဉပေက္ခာပြုတယ်ပဲဆိုချင်ဆို ဂရုမစိုက်ဘူး။
မမြင်ချင်ယောင်ဆောင်ပြီး မသိသလိုကိုနေလိုက်တော့တယ်။
ဒါတောင် တစ်ခါတစ်ခါဆို သူ့ကိုယ်သင်းနံ့လေးတွေလွင့်ပျံ့လာတတ်သေးတော့
အတိတ်ကိုပြန်သတိရလိုကမိတယ။်

ပျော်ရွှင်မှုတွေနဲ့အတူ
ဝမ်းနည်းမှုတွေနဲ့အတူ
အထီးကျန်မှုတွေနဲ့အတူ
သူနဲ့အတူရှိခဲ့တာ ခုဆို ၈ နှစ





သြော့်ဒါနဲ့ သူ့ကိုမိတ်ဆက်ပေးရဉီးမယ်
သူ့အမည်က


















ဆေးလိပ်
Published with Blogger-droid v1.7.4

11 comments:

Anonymous said...

အင်း... သူ့ကိုတကယ်ဖြတ်လိုက်ပြီပေါ့ ...

nyi nyi said...

ဝမ်းသာပါတယ်.....bro....ခုလိုကြားရတဲ့အတွက်.....i လဲကြိုးစားနေဆဲပါ....ဖြတ်ဖို့.....thz.

စံပယ်ချို said...

ဖြစ်မှဖြစ်ရလေဟယ်....ကိုယ်ကတော့
ဘယ်သူများလဲလို့......
ကောင်းတယ်...အရက်နဲ့ဆေးလိပ်ဆိုရင်ဆေးရုံကဆရာဝန်တွေက
စပြီးမေးတာ ဆေးလိပ်သောက်လားဖြတ်လိုက်ပါလို့ပဲ....
အမြဲကြားနေရတာ...တစ်ကယ်ဖြတ်နိုင်ရင်တန်ဖိုးရှိတယ်
ခင်မင်တဲ့ jasmine

Candy said...

အစ်ကိုကတော့ လုပ်ပြီ... ချစ်သူအကြောင်းရေးနေတယ် ထင်တာ.. ဟားဟား... အင်း... ကောင်းတယ်... သူ့ကိုမေ့လိုက်တာပဲ... ရောဂါရမယ် .. ကျန်းမာရေးဂရုစိုက်... :D

သက်တန့်ချို said...

အတော်နောက်တဲ့ လူကြီးနော် ဟွင့်

မောင်မျိုး said...

တကယ်ကောင်းတယ် ဖြိုးရေ့ ၀မ်းသာတယ် ။

ညိမ်းနိုင် said...

ကောင်းအိ....ဖြတ်ပလိုက်.....၊ကိုယ်တွေကတော့ ၁၀နှစ်ကျော်ပြီ...၊ငယ်ရည်းစား
လိုလဲဖြစ်နေပြီ...ဖြတ်တော့ဘူး.....:)၊ဒါပေမယ့် လျော့တယ်...၊ချစ်တော့ချစ်တယ်
သိပ်တော့အလိုမလိုက်ဘူးပေါ့.....:D

...အလင်းစက်များ said...

ရပါတယ်...... လုပ်နိုင်ပါတယ် ယူကန်ဒူးအစ်.... ကန်ကန်.... ပိတ်သာ ကန်ပြစ်လိုက်စမ်းဘာ

မေသိမ့်သိမ့် ကျော် said...

၃ ကြိမ်ကြိုးစားလိုက်ရတယ်ပေါ့။ အောင်မြင်သွားတာကို လေးစားမိတယ်။

ခင်တဲ့
မေသိမ့်

ချယ်ရီမြေ said...

ဖတ်၍အဆုံးမှာတော့ ဟင့်... တစ်လုံးချလိုက်တယ်ဗျာ..
ငွေကိုမီးရှိုပြီး ရောဂါတွေပေးနေတဲ့သူ့ကို ဖြတ်လိုက်တာ အကောင်းဆုံးပေါ့ဗျာ...

ချမ်းမြေ့ပါစေ
ချယ်ရီမြေ

mstint said...

အဲ့ဒီလိုချစ်သူမျိုးကိုတော့ တစ်သက်လုံးလှည့်မကြည့်ပဲ မေ့ပစ်လိုက်ဖို့တိုက်တွန်းပါတယ် ကိုဖြိုးရေး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်