Pages

Friday, September 23, 2011

ဘကြီးဖြိုးနှင့်သက်ပြင်းတစ်ချက်၏နောက်ကွယ်

ဘကြီးဖြိုးတစ်ယောက် နေပူထဲတွင်ဆော့ကစားနေသောကလေးများကိုကြည့်ရင့်း
ဟဲ့ဟဲ့သားတို့သမီးတို့ကလဲ နေကပူကပူနဲ့ ကစားနေတာဆူညံနေတာပဲ
ကဲအားလုံး ဒီအရိပ်ထဲက ကွပ်ပျစ်ကိုလာခဲ့ကြဘကြီးဖြိုး ပုံပြောပြမယ့်

ထို့နောက် ကလေးများကို ဘကြီးဖြိုးက အောက်ပါပုံပြင်ကိုပြေပြလေတော့သည်။


ဟိုးရှေးရှေးတုန်းကပေါ့. ဆန်ရေစပါးပေါကြွယ်လှတဲ့. ရွာကြီးတစ်ရွာရှိသတဲ့
အဲဒီရွာကြီးရဲ့အလယ်မှာ မြောက်ကနေတောင်ဘက်ကိုစီးဆင်းနေတဲ့ ချောင်းကြီးတစ်ခုလဲရှိသတဲ့
အဲဒီရွာလယ်ကချောင်းကြီးဟာ သူတို့ရွာကြီးကို အလှတရားတွေနဲ့ ပိုပြီးပြည့်စုံစေတယ်လို့
ပြောစမှတ်ရှိကြသတဲ့ နေညိုချိန်တွေမှာ ရေခပ်ဆင်းနေကြတဲ့. ကာလသား
ကာလသမီးတွေနဲ့. ရေဆိပ်မှာ ရေချိုးနေကြတဲ့. ရွာသူရွာသားတွေ
နေညိုညိုမှာ ငွေရည်စိုနေတဲ့. ရေလှိုင်းလေတွေ ယိမ်းထိုးနေတဲ့. တံငါလှေကလေးတွေ
အဲဒီမြင်ကွင်းတွေက. ရွာကြီးရဲ့အလှကိုပိုပြီးပြည့်စုံစေတယ်လို့ ဘေးပတ်ဝန်းကျင်ကရွာတွေမှာ
သတင်းကြီးသတဲ့. အဲဒီရွာလယ်ချောင်းကြီးထဲကရေတွေနဲ့ပဲ ရာသီအလိုက်ကောက်ပဲသီးနှံတွေ
စိုက်ကြတယ် စိုက်ပျိုးသမျှကလဲဖြစ်ထွန်းနေတော့. ကောက်ပဲသီးနှံပေါကြွယ်ဝလို့
စားမကုန်တော့. ဘေးပတ်ဝန်းကျင်ရွာတွေကိုပါ ရောင်းချရသတဲ့
ွရွာထဲကရွာသူရွာသားတွေဟာ ဆန်ရေစပါးပေါကြွယ်ဝတော့. ပူပင်ကြောင့်ကျမှုလဲ
ကင်းကြတာပေါ့ကွယ် အဲဒီရွာကြီးဟာစီးပွားရေး အဆင်ပြေကြတော့
ပျော်ပွဲရွှင်ပွဲတွေကလဲ များသတဲ့ ၁၂ လရာသီပတ်လုံး ရှာကြံပြီး ပျော်ရွှင်ကြသတဲ့ကွယ်
ရွာသူရွာသားတွေကလဲ ရွာကို ချစ်ခင်တွယ်တာကြပြီး အဲဒီရွာမှာ လူဖြစ်ရတာကိုလဲ
ဂုဏ်ယူဝံ့ကြွားလေ့ရှိကြသတဲ့


တစ်နေ့မှာတော့. သတင်းတစ်ခုကြောင့်. ရွာသူရွာသားတွေ ထိတ်လန့်စိုးရိမ်ပြီး
စိတ်မသက်မသာဖြစ်ကုန်ကြတော့တယ် "ရပ်ရွာလူဂျီး"က. ရပ်ရွာတိုးတက်ဖို့နဲ့
တစ်ရွာလုံး မီးထိန်ထိန် လင်းအောင်စွမ်းဆောင်ဖို့အတွက်
ရွာလယ်ချောင်းကြီးကို ရောင်းစားတော့မယ်ဆိုတဲ့. သတင်းကြောင့်ပေါ့ကွယ်
ရှာကြံပြီးပျော်ရွှင်တတ်တဲ့. ရွာသူရွာသားတွေခမျာ ဒီတခါတော့
မပျော်ရွှင်နိုင်ကြတော့ဘူးတဲ့ကွယ် ရပ်ရွာရဲ့အသက်သွေးကြောဖြစ်နေတဲ့
ရွာလယ်ချောင်းကြီးကို ရောင်းစားဖို့. တစ်ရွာလုံးကသဘေမတူကြဘူးတဲ့လေ
ရွာထဲက. ကလေးတွေကတောင် အိမ်မှာညတိုင်း ဖယောင်းတိုင်မီးတို့
ရေနံဆီမီးခွက် မီးတို့လင်းနေတာပဲ ဘယ်ကမီးကိုထပ်ပြီး လင်းစေချင်တာလဲလို့တောင်
မေးကြသတဲ့ကွယ် ရွာလယ်ချောင်းကြီးကို ရောင်းပြီးတော့မှ လင်းလာမယ့်
ဘာမှန်းမသိတဲ့မီးကြီးကို တရွာလုံးကလဲ မလိုချင်ကြဘူးတဲ့
ရပ်ရွာဒီထက်ပိုပြီးမတိုးတက်ရင်လဲနေပါစေ. လှည်းလေးစီး လှေလေးလှော်
နေရရင်ပဲကျေနပ်ပါ့မယ် ရွာလယ်ချောင်းကြီးကိုတော့ ရောင်းမစားပါနဲ့
ရပ်ရွာရဲ့ဆုံးရှုံးမှုတွေကိုငဲ့ကွက်ပေးဖို့. " ရွာလူဂျီး" ကိုပြောကြတာပေါ့ကွယ်။
တစ်ရွာလုံး ကသဘောမတူ ကန့်ကွက်နေပေမယ့်. ရွာလူဂျီးက. လုပ်စရာရှိတာ
ဆက်လုပ်မယ်တဲ့ကွယ့်

ကဲ့သားတို့သမီးတို့ ပုံပြင်လေးကတော့ ဒါပါပဲကွယ်
သားတို့သမီးတို့
ပုံပြင်လေးလဲနားထောင်ပြီးပြီဆိုတော့ ဘကြီးဖြိုး ထပ်ပြောတာလေးတွေကိုမှတ်ထားကြကွဲ့

ဒီပုံပြင်လေးကိုပြောပြရတာက သားတို့သမီးတို့
ကိုယ့်ရပ်ရွာကို ချစ်ခင်လေးစားတတ်ရမယ် ကိုယ့်ရပ်ရွာကိုထိန်းသိမ်းစောင့်ရှောက်တတ်ရမယ်
ကိုယ့်ရဲ့အပြုအမူ့. လုပ်ရပ်တစ်ခုကြောင့့်. စဉ်းစားဆင်ခြင်ဉာဏ်နည်းမှုကြောင့်
မိသားတစ်စု သို့မဟုတ် ရပ်ရွာတစ်ခုလုံးကို ထိခိုက်နစ်နာသွားအောင်
ပျက်စီးဆုတ်ယုတ်သွားအောင် မလုပ်ကြရဘူးကွဲ့ ပြီးတော့လူတွေကိုလဲ
သနားကြင်နာပြီး ကိုယ်ချင်းစာတတ်တဲ့. စိတ်လေးတွေမွေးနိုင်ဖို့. အတွက်
ဘကြီးဖြိုးက. သားတို့သမီးတို့ကို ဒီပုံပြင်လေးကိုပြောပြရတာပါကွယ်။
ကဲ သားတို့သမီးတို့ နေမပူတော့ဘူးကွဲ့. သွားကစားကြတော့ နောက်နေ့လဲလာခဲ့ကြဉီးနော်
ဘကြီးဖြိုး ပုံပြင်လေးတွေပြောပြဉီးမယ့်

ထို့နောက် ဆော့ကစားရန်ပြေးသွားကြသော ကလေးများကိုကြည့်ရင်း
ဘကြီးဖြိုးတစ်ယောက် သက်ပျင်းချကာ ဤသို့ရေရွတ်လိုက်လေတော့သည်












*****ငါလဲသဘောမတူဘူး*****

Published with Blogger-droid v1.7.4

10 comments:

Nyine Naing said...

Short but shot the target .I like it

Candy said...

ဘကြီးဖြိုး... ပုံပြင်နားထောင်သွားတယ်... သွားဆော့လိုက်ဦးမယ်.. အဟီး... :D
ပုံပြင်လေးနဲ့ ပြောပြသွားတာ ကောင်းတယ် အစ်ကိုရေ...

Cameron said...

အမယ်.... သူကန့်ကွက်ပုံလေးကစတိုင်လ်လေးတစ်မျိုး.... မိုက်တယ်..။

ဧရာဝတီကိုချစ်တဲ့
မိုးငွေ့

စံပယ်ချို said...

ဖြိုးမောင်မောင်ရဲ့ အဲဟုတ်ပါဘူးယောင်လို့
ဘကြီးဖြိုးရဲ့ပုံပြင်လေးကို ကလေးတွေနဲ့ရောပြီးနားထောင်လိုက်တယ်....
နေလဲမပူတော့ဘူး ညနေရောက်ပြီဆိုတော့သွားဆော့လိုက်ပါအုန်းမယ်....
jas တို့အားလုံးကန့်ကွက်ပါတယ်....
ဘကြီးဖြိုးကိုထောက်ခံပါတယ်....
ခင်မင်တဲ့ jasmine

Anonymous said...

ဘဂျီးနော် မနောက်နဲ့

mstint said...

ကိုဖြိုးတစ်ဖြစ်လဲ ဘကြီးဖြိုးထံသို့ နောက်တစ်ခေါက်ရောက်လာခဲ့တယ်နော်။
ရေးတာလေးက တမူထူးနေပါလားး))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ခရစ္စတလ် said...

ယောင်တုန်းနဲ့ ဘကြီးဖြိုး ပုံပြင် နားထောင်ကောင်းသား၊ နောက်တစ်ပုဒ် ပလိစ့်...

မေသိမ့်သိမ့် ကျော် said...

ဘကြီးဖြိုးနဲ့ တူတူပါပဲရှင်။ ပုံပြင်လေးဖတ်သွားပါတယ်။ အတွေးဆန်းတယ်။

Angel Shaper said...

ငါလည်းးးး သဘောမတူဖူးးးးးးးးးးးးးးးးးးးးးးးးးးး

ချမ်းမြေ့ပါစေ said...

မြစ်ဆုံရေကာတာစီမံကိန်းကို ဘကြီးဖြိုးနဲ့အတူ လုံးဝလုံးဝကန့်ကွက်ပါတယ်..
ဧရာဝတီ ထာဝစဉ်စီးဆင်းနိုင်ပါစေ

ချမ်းမြေ့ပါစေ
ချယ်ရီမြေ