Pages

Tuesday, September 27, 2011

ဉယာဉ်မှူး


အချစ် မြေကိုဆွ

သံယောဇဉ် ဖွဖွလေးမှာ

အကြင်နာတွေ လောင်းပြီး

နှင်းဆီပန်းလေး စိုက်ထားတယ်

မင်းကြိုက်တဲ့ နှင်းဆီတွေလေ

နမ်းချင်ရင် နမ်း

ပန်ချင်ရင် ပန်

မကြိုက်ရင်လဲ ချောင်မှာထိုး

ငါကတော့ ဆက်ပျိုးထားတယ်။
Published with Blogger-droid v1.7.4

12 comments:

ခရစ္စတလ် said...

အပင်ကို ပိုးမကျအောင် ဂရုစိုက်ဖို့လဲ လိုသကွဲ့ :)

Candy said...

ကောင်းလိုက်တဲ့ ကဗျာလေး... ချစ်သူနမ်းပြီးသား ပန်းလေးကို အစ်ကိုက ပန်ပေးလိုက်ပေါ့... sooooooooo romanticcccccc.... xD

စံပယ်ချို said...

ချစ်သူအတွက်ချစ်တတ်တာကု ရိုးရိုးလေးရေးပြထားတာ
ကဗျာကောင်းလေးအတွက်ကျေးဇူးပါ
ခင်မင်တဲ့ jasmine

မေသိမ့်သိမ့်ကျော် said...

မင်းကြိုက်လို့ ပန်မယ်ဆိုရင်တော့ ပိုပျော်မှာပေါ့...း)
ကဗျာလေးက ရိုးရိုးလေးနဲ့ နုနုလေး။ လှတယ်။


ခင်တဲ့
မေသိမ့်

Anonymous said...

အများကြီးရလာရင် ရောင်းစားလိုက်ပေါ့ကွယ်

mstint said...

စိတ်ထားပြည့်ဝတဲ့ ဥယျာဉ်မှူး ကဗျာလေးဖတ်သွားတယ် ကိုဖြိုးရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ညိမ်းနိုင် said...

အော်.......အု့ရင်မူး ကြီးပေါ့နော်...........:)

ကိုဇော် said...

အားကျပါ့ . .

ချယ်ရီမြေ said...

ဥယျာဉ်မှုးတစ်ယောက်ရဲ့ စိတ်ဓာတ်လေးကို နှစ်သက်မိကြောင်းပါ..

ချမ်းမြေ့ပါစေ
ချယ်ရီမြေ

အဖြူရောင်နတ်သမီး said...

ရိုမန့်တစ်လုပ်နေတာ..
နှင်းဆီဆူးတော့ မဆူးမိစေနဲ့.. အဆိပ်ပျင်းတယ် ဥယျာဉ်မှူးကြီးရေ..

AH said...

သင်ကြိုက်ရင် အညှာကိုချိုး မြတ်နိုးတော့ ပန်ချင်ပန် - ခင်မောင်တိုးသီးချင်းလေး ပြန်နားထောင်လိုက်ဦးမယ်

Cameron said...

အဲတုန်းက ဘာလို့ ဒီကဗျာလေးကို ကော်မန့်မပေးမိတာပါလိမ့်...။