Pages

Friday, September 30, 2011

လူ




လူလို့ပြောရင် လူတွေလူမှ န်းသိကြတယ်
လူတွေကလူလိုပြောပေမယ့်
လူမှန်းမသိတဲ့သူလဲရှိတယ်
လူတွေပြောရင်
လူ့အကြောင်းကပါလာစမြဲ
လူတွေက ခက်တယ်
လူတွေကြောင့်ပဲ
လူပေ
လူတေ
လူပွေ
လူဆိုး
လူမိုက်
လူစရိုက်တွေ
လူတွေကြား
လူးလွန့်လှုပ်ရှားနေကြ
လူတစ်ချို့ နည်းနည်းပေးပြီး များများလိုချင်ကြတယ်
လူတစ်ချို့ အတန်အသင့်ပေးပြီး များများလိုချင်ကြတယ်
လူတစ်ချိုး ဘာမှမပေးပဲ များများလိုချင်ကြတယ်
လူတစ်ချို့
လူတစ်ချို့
လူတစ်ချို့ ပေါင်းများစွာလဲ
လူတွေပဲမို့
လူလိုကြံကြပေမယ့်
လူတစ်ချို့ လူကြံ မကြံကြဘူး
လူကြီး
လူငယ်
လူရွယ်
လူလတ်
လူ့အနာဂတ်အတွက်
လူပီသဖို့လိုတယ်။

မှတ်ချက် ကျွန်တော့်ကိုယ်ပိုင်အတွေးမျှသာဖြစ်သည်။
လွတ်လပ်စွာသဘောထားကွဲလွဲနိုင်သည်။

လေးစားစွာဖြင့် ဖြိုးမောင်မောင်
Published with Blogger-droid v1.7.4

5 comments:

ခရစ္စတလ် said...

လူတိုင်း လူတိုင်း လူလိုတွေးကြဖူးသည်.....

Candy said...

သဘောထား မကွဲလွဲပါ... ထောက်ခံပါသည်... မှန်ပါသည်... :D

Cameron said...

ဒါပေါ့... ကဗျာတစ်ပုဒ်ဆိုတာ လူဆယ်ယောက်လာဖတ်ရင် ဆယ်မျိုးသဘောထားကွဲလွဲနိုင်တာပဲ...။

ခင်တဲ့
မိုးငွေ့

mstint said...

လူအမျိုးမျိုး စိတ်အထွေထွေပေါ့ ကိုဖြိုးရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ညိမ်းနိုင် said...

အော်.........လူ.....လူ.....လူ......