Pages

Wednesday, October 26, 2011

ငါမှားပါတယ်


တလောကလုံးမှန်တယ် ငါမှားတယ် ဘာမှမပြောနဲ့ ထားပါတော့ ခေါင်းငိုက်စိုက်လို့ ငါလျှောက်လိုက်မယ်။ အမှောင်ထဲလဲငါစမ်းသွားမယ်။ ငါမှားတယ်လို့ ထပ်မပြောကြပါနဲ့ ငါမှားပါတယ်။ ငါ့စိတ်နဲ့ငါမှား ငါ့အရိပ်နဲ့ငါမှား အမှားများစွာထဲက အမှားကို အမှားလို့မမြင်ခဲ့တဲ့ငါ ဆက်မှားမလားလို့ ငါ့ကိုယ်ငါမေးတယ်။ အမှားများစွာနဲ့ပါပဲ ။
Published with Blogger-droid v1.7.4

8 comments:

စံပယ်ချို said...

နောက်တစ်ခါမှားရင်တော့ရိုက်ခံရမယ်နော်

ညိမ်းနိုင် said...

အောင်လရဲ့ တောင်းပန်ပါတယ်ပါ တွဲတင်လိုက်ပါတော့လားကွယ်....:))))
ကဲကဲ....ထားလိုက်ပါတယ်.....ထားလိုက်ပါတယ်...၊ဒါပေမယ့် ဒီစာကလေး
ကိုတော့ ဒီတိုင်းမထားပါနဲ့လားဟယ်...၊လှောင်ချိုင့်ထဲ ထည့်ထားရင်ထား၊
မထားရင် နာ ဘီဘီနဲ့မြည်းဖို့ စာကလေးကြော်လုပ်ရလိမ့်မယ်ကွယ့်.....၊
ဘယ်နှယ်.....(Post Comment)တည့်တည့်မှာလာနားနေတော့ ငါလည်းနှိပ်
လိုက်ရော....Twitter ဆိုတဲ့နေရာရောက်သွားရော...၊ဒီတော့တစ်ခါပြန်ဝင်ရ
ရော...ပြန်ရေးရရော....ဟူး...မောထှာ......:))))

Candy said...

မှားပါတယ် ကိုဖြိုးရယ်.. :P

TZH1985 said...

မှားပါတယ်... ကိုသောင်း

မဒမ်ကိုး said...

အင်း ဟုတ်တယ် အပေါ်ကဟိုလူကြီးပြောသလိုပဲ
စာကလေးကို ဒိုးကန်လဲ ပိတ်တီးထည့်လိုက်တော့မယ်
ဟော ဆင်းလာပြန်ပြီ .

မှားပေစေ ဘလန့်ကိုးလုပ်လို့ရတယ်း)

mstint said...

ကိုညိန်းနဲ့ မဒိုးကမ်တို့ပြောတာ ထောက်ခံတယ် ကိုဖြိုးရေ။ ဒီဘလော့ဂ်မှာ ဦးဆုံးကွန်မန့်ပေးတဲ့နေ့က အဲဒီငှက်ဒုက္ခပေးလို့ တော်တော်နဲ့ ကွန်မန့်ရေးမရခဲ့တာကို သတိပြန်ရသွားတယ်း))
သီချင်းလေးလည်းနားထောင်ပြီးပြီ 'လင်းလင်းမှားပါတယ်'း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

စာကလေး အကြောင်းကို မပြောချင်လို့ မပြောတော့ဘူး

Cameron said...

အဲဒါ စာကလေးလား ဇီးကွက်မှတ်လို့.....