Pages

Thursday, October 13, 2011

မနှင်းဆီသို့




မနှင်းဆီရယ် တကယ်တော့
ကျွန်တော်က
စကားလုံးတွေအကြောင်း
မိုးတိမ်တွေအကြောင်း
ပင်လယ်တွေအကြောင်း
လေနုအေးတွေအကြောင်း
ဘာတစ်ခုမှ ကောင်းကောင်း
မသိပါဘူး။
အဲဒီအတွက် ကျွန်တော်
မှားတယ် ဆိုလည်း
တောင်းပန်ပါတယ်
ကျွန်တော်က တူ
စကားလုံးက သံ ဖြစ်ခဲ့မယ်ဆိုရင်
မနှင်းဆီအနာတရအတွက်
ကျွန်တော် သံကြေး အတက်ခံရင်း
စိတ်တွေ လုံးပါး ပါးပါရစေ။
Published with Blogger-droid v1.7.4

8 comments:

Anonymous said...

ဝိုးးးးးးးးလန်းလှချည်လားဟ...စကားလုံးတွေက.....၊အင်း...ဟုတ်တယ်....
ကိုယ်လည်း စကားလုံးတွေ သံကြေးအတက်ခံပြီး စိတ်ကိုလုံးပါးပါးတော့မယ်
ဟာ.....၊စကားမစပ် အချိန်လေးထောင့်ကို သောက်ရမ်းခိုက်သွားဘီ.....။
လက်ဆောင်တွေကို ကြိုက်တယ်...၊ကျေးဇူးတင်တယ်....၊

Candy said...

တ၀က်ဖတ်ပြီးသားကဗျာကို ဆက်ဖတ်သွားတယ်... :D
မလည်တလည်ပဲ နည်းနည်းမြင့်လို့လား သိဘူး.. အဟိ... :D

မဒမ်ကိုး said...

ဆရာဖြိုးရယ် ..လင့်ကိုရှာလိုက်ရတာခုမှတွေ့တော့တယ် ..း)

သြော် လက်စသတ်တော့ ပရုပ်လုံးဖြစ်နေရှာပြီကိုး


ခင်တဲ့
မဒိုးကန်

Anonymous said...

ပြောပြီးသားလေ

မိုးယံ said...

မစွံရင် မစွံဘူးပေါ့...ဘာ အခုမှ

အ၀ှာ ဖြစ်တာ သဟာ ဖြစ်တာ လာလုပ်နေတာလဲ...ဟွင်း။

မေသိမ့်သိမ့် ကျော် said...

မနှင်းဆီကို ဘဝတုံးပေ့စေ ချစ်မယ်ပေါ့။ သူများတွေများ ချစ်တတ်လှချည်ရဲ့။


ခင်တဲ့
မေသိမ့်

...အလင်းစက်များ said...

ဟဲဟဲ...... ဟင်းဟင်း....... ပြောဘူးနော် ဘာမှ ဟဲဟဲ

Cameron said...

လွမ်းလို့လာပြန်ဖတ်တယ်........