Pages

Saturday, October 15, 2011

မနှင်းဆီသို့ ၃



မနှင်းဆီရယ်
ကျွန်တော်လေ
အချစ်ကိုပိုက်
ရူးရူးမိုက်မိုက်
လျှောက်ခဲ့ဖူးတယ်

ကူသူမရှိ
ကယ်သူမရှိ နဲ့
ကျွန်တော့်ချစ်ခြင်းတွေ
ပေါလောမျောနေလိုက်ပုံများ
ဗေဒါပင်အလား
ထင်မှတ်ရတယ်

ဟောဒီရင်ထဲမှာလေ
အဲဒီချစ်ခြင်းတွေက
ဖြူစင်တောက်ပ
ကြွကြွရွရွလေးပါပဲ

ကျွန်တော်
ချမပြရဲဘူး မနှင်းဆီ

မှော်ဆန်တဲ့
အပြင်လောကမှာ
ကျွန်တော့်ချစ်ခြင်းတွေ
သိမ်ငယ်မှာစိုးတယ်

ဟောဒီကဗျာလေးထဲမှာ
အချစ်ကို ဖွဖွလေးချ
မနှင်းဆီကိုပြပါရစေ

ဟောဒီကဗျာလေးထဲမှာပါပဲ
Published with Blogger-droid v1.7.4

8 comments:

မေသိမ့်သိမ့် ကျော် said...

ကဗျာလေးကို မနှင်းဆီဖတ်မိပြီး နှစ်သက်ပါစေ... လို့...။


ခင်တဲ့
မေသိမ့်

Candy said...

ချမပြရဲပေလို့ပဲ . မနှင်းဆီအကြောင်း ဘလော့တလောကလုံး သိနေပြီ.. ဖဘတလောကလုံးလည်း သိနေပြီ... :P :P :D

အမှတ်တရ နေ့စွဲများ.... said...

မလိုက်နိုင်တော့ဘူး မနှင်းဆီရယ်

ခရစ္စတလ် said...

ကြွကြွရွရွဖြစ်တဲ့ အချစ် ဒီတစ်ခါပဲ ကြားဖူးသေးတယ်၊
အချစ်တွေလည်း အိုင်ဖုန်းတွေလိုပဲ ဗားရှင်းတွေ ထွက်တာ မြန်လည်း မြန်၊ များလည်း များထာနော်။

Anonymous said...

သများကလည်း မကြည့်ရဲပါဘူးတော်......:)

ပုံ/ ဟိုအတိုကြီးရဲ့မခင်နှင်းဆီ.......

Angelhlaing(May everybody be happy and healthy! said...

ခံစားချက်တွေ ..လိုက်လို့မမှီပါလားနော်...အနုအရွလေး...တွေပါလား...ခံစားအားပေးလျှက်...

မဒမ်ကိုး said...

ဟင့်အင်း ဟင့်အင်း မပြပါနဲ့ ကွယ်
မနှင်းဆီကကြောက်တတ်တယ်း)

ဒီနှစ်ယောက် အိကု မလေးကပြန်မှ တနှင်းဆီထဲနှင်းဆီနေတယ် .
ကြည့်ရတာတော့ ကညိမ်းကို စွဲလမ်းတွားဘီနဲ့တူတယ် ..း)

ဟဟဟး)

မိုးငွေ့...... said...

ဗေဒါပင်ဆိုလို့ ဘဲအုပ်တွေမျက်စိထဲမြင်လိုက်တယ်....း)