သူသည် အတွေးများနှင့် သာဝေ့ဝဲ လမ်းဘေးတွင်တော့ ပြစ်လဲမနေခဲ့ပါ။ လူ့ဘဝဆိုတာ
သေခြင်းလား နေခြင်းလား မမေးပါနဲ့. သူမသိပါ။ သူသည် ပစ္စုပ္ပန်တည့်တည့်တွင်သာ
ရပ်နေသူဖြစ်သည်။ သို့သော် တစ်ခါတစ်ခါတွင် သူသည် လူ့ဘဝ. အနှစ်သာရကို
ပလိုင်းပေါက်နှင့် ရှာဖွေထွက်ခဲ့ဖူးသည်။
သူသည် ဘောက်ကန်က အကြစ်နှီး မကြာခန ဖောပြုံးပါသည်။ အမြဲ ဆုံးမသြဝါဒခံယူပါသည်။
သူ့အားပညာရဲရင့် ပွဲလယ်တင့် မည့်အကြောင်း ရားစီးမထီးရန် နှင့် ဘဝကို
မြင့်သထက်မြင့်အောင် ကြိုးစားရန် စကားကျီဆံ ကတ်လိုက်ထည့်ကာ တရစက်
ပြစ်ခတ်ပြောလေသည်။ သူသည်ရင်ဘတ်ကြီးကော့၍ နားထောင်ကာ ခေါင်းကိုသာ
တွင်တွင်ညှိတ်ရင်း ဆက်သွယ်မှုဧရိယာ ပြင်ပရောက်သွားခဲ့ရပါသည်။
ဘဝ ဆိုသည်မှာ အဘယ်နည်း။
ထိုမေးခွန်းကို သူမသိပါ။ သူသည် ခပ်ညံ့ညံ့. လူတစ်ယောက်သာ ဖြစ်ပါသည်။
သူကြုံတွေ့ဖြတ်သန်းခဲ့သော/ဖြတ်သန်းဆဲ ဘဝသည် ထိုမေးခွန်းထဲမှ ဘဝလားဆိုတာ သူမသိပါ။
ပညာရွှေအိုး လူမခိုးဟု သင်ယူမှတ်သားဖူးပါသည်။ သူသည် စာသာသင်ဖူးခဲ့ပါသည်။
ပညာမသင်ခဲ့ရပါ။ ထို့ကြောင့် ပညာဟူသည်မှာ အဘယ်နည်း ဟုမေးလျှင်လည်း
ခွေးအလှည်းနင်းသလိုသာ ဖြစ်နေပေလိမ့်မည်။
နိမ့်တစ်ချည် နိမ့်တစ်လှည့်. ကံကြမ္မာလှိုင်းထဲမှာ ပေါလောမျော မလေးရှားတွင်
သောင်တင်ခဲ့လေသည်။ သူသည် တက္ကသိုလ်ကျောင်းသားကြီး ဖြစ်ချင်သည်။
၁၀တန်းအောင်ပြီးသောအခါ လူပြောများသော တက္ကသိုလ်နယ်မြေသို့. သွားရောက်
ငေးမောခဲ့ဖူးပါသည်။ ဘွဲ့ရလဲဘာမှလုပ်မရပါဘူးဟု သူ့ကိုယ်သူနှစ်သိမ့်ခဲ့ဖူးလေသည်။
ပညာတတ်ကြီးလဲဖြစ်ချင်တိုင်းသာ ဖြစ်မယ်ဆိုလျှင် ဖြစ် ခွင့်ရချင်သည်။
ကောင်းကင်ယံတွင် စိတ်ကူးတိမ်လိပ်တို့သည်လည်း လွင့်မြောကာ ကွယ်ပျောက်ခဲ့ရပါသည်။
ယခုချိန်ထိ သူသည် ဘာပညာမှ မတတ်/မရှိသေးပါ။ သူသည်မြန်မာပြည်မပြန်ချင်ပါ
သမ္မတကြီးက. ပြန်လာပါဟု ပြောတိုင်း ပြန်လာမည့်ထဲတွင် သူမပါပါ။
အကြောင်းမှာ သူ့တွင် အရင်းအနှီး ၂ ခုမရှိသောကြောင့် ပထမအရင်းအနှီးမှာ ပညာ
ဒုတိယအရင်းအနှီးမှာ ငွေ ။ သူ့တွင် ထိုအရင်းအနှီးများ မရှိပါ။
သူသည် သုံည. ကစပြီး လှေကားထစ်ကို တက်ရန်ကြိုးစားနေခြင်းသာ
ထိုသုံညနေရာကိုပြန်ဆင်းလျှင် သူသည် သုန်ညသာ ဖြစ်ပေလိမ့်မည်။
သူသည်လည်းပြည်မြန်မာနှင့် မိသားစုပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသူတစ်ယောက်ပင်
မဟုတ်ပါလော။
သူ သတင်းတွေကြားပါသည်။ ဟိုလူကနောက်နှစ်ဆို ဘာကျောင်းပြီးလို့ ဘယ်မှာအလုပ်လုပ်လျှင်
ဘာညာ သာရကာ သူ့အတွက် ထိုဘာမှန်းမသိသော သတင်းများကိုကြားရသည်မှာ
လွန်စွာကြေနပ် အားရဖြစ်မိသည်။ အဘယ့်ကြောင့်ဆိုသော် ထိုသူတို့သည် သူတို့၏ ပညာကို
ရင်းနှီးကာ အသုံးချနိုင်သောသူများ ဖြစ်ခြင်းကြောင့်ပေတည်း။
ထိုသို့သော သတင်းကြားရချိန်တွင် သူသည် မသွေးသော ဓါး ထိုဉီးနှောက်အား
အဘယ်သို့သွေးကာ ဘယ်မှာ ဘာပညာကို ရှာရမည်နည်းဟု တစ်ကိုယ်တည်း တွေးတောကာ
ထွက်ပေါက်မဲ့နေလေတော့သည်။
တစ်ခါတစ်လေ သူသည် မေးခွန်းတစ်ချို့ကို စိတ်အားငယ်မိဖူးသည်။
သို့သော် သူသည် အရှိအတိုင်းပင် ဖြေပါသည်။
လောလောဆယ်တွင် သူသည် စိတ်ညစ်နေပါသည်။ ကြွေးလဲတင် ငွေလည်း မဝင်သောကြောင့်
မနှင်းဆီ ကိုသာလွမ်းနေမိတော့သည်။
Published with Blogger-droid v1.7.4
11 comments:
မလေးမှာလား အမဂျက် ဆန်းဝေးမှာနေတာ
အားရင်လာလည်ပါကြိုတော့ပြောနော်
ကပ်ပြီးမပြောပါနဲ့ ဘယ်မှာလုပ်နေလဲအဆင်ပြေရဲ့လား
အားမငယ်ပါနဲ့ အမလဲပိုက်ဆံမချမ်းသာပါဘူး
စိတ်တော့ချမ်းသာတယ်...ပျော်အောင်လဲနေတယ်
မနှင်းဆီ ကိုတော့အမတောင်လွမ်းချင်နေပြီ
သူသည် မျက်နှာပေါ်မှ ၀က်ခြံများကြောင့် မကြာခဏ စိတ်ပျက်ဖူးလေသည် ....
ခံစားမှုလေး ခံစားသွားပါသည်ဗျာ
များဘီ များဘီ..နာအလုပ်ထွက်ထားတာ နေမကောင်းလို့ပါနော်
နီကဘယ်လိုတိတွားရတာတုန်း...နာအလုပ်မချိလို.အကြွေးတင်တာကို
အဲ့လိုစောင်းရေးချာလား...ဟွန်း
ဒီငှက်နဲ.ဒီစာရေးဆရာတော့..
အဟီး..စတာနော်ပျော်အောင်..ဒသနလေးတွေရမ်းကောင်းပါသည်။
ဟာကွာ..ဒီငှက် :(
တစ်ကယ်တော့အဓိကက မနှင်းဆီကို လွမ်းနေဖို့ပါ...:):)
မနှင်းဆီက မပါရင် မပြီးဘူးလားဟင်... ကိုဖြိုး ပညာလို အိုသည်မရှိနော်.. အစ်ကိုလိုချင်တာ ရအောင်ယူလို့ရတယ်... ကိုယ်ဖြစ်ချင်တာကို သိပြီး အစ်ကို့စိတ်ဓာတ်ပြင်းပြဖို့ပဲလိုတာ... :D :D :D
တီတင့်ပြောမဲ့စကားလေးက အိန်ဂျယ်နဲ့ထပ်တူပါပဲ ကိုဖြိုးရေ။
အကြောင်းရင်းကိုသုံးသပ်ရင် မနှင်းဆီကိုလွမ်းလို့ပါး))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဘယ့်နှာ့ကိုယ့်ဒဿနာကိုယ်ရေးနေရင်း မနှင်းဆီကပါလာရသတုန်း....း)
ဟင်း ဟင်း ကိုဖြိုးရေ မသိရင်ခက်မယ် နောက်ဆုံးတော့မနှင်းဆီပါလာရတယ်ပဲမလား
အရေးထဲ ဒီစာကလေးကတမျိုးး စာရေးရင်သူ့ပဲလိုက်လိုက်ဖယ်နေရတယ်း)
ကာရန်မဲ့တယ်ကွယ်. နောက်ဆုံးမနင်းဆီကိုဘဲလွဲချရမှာဘဲ
အော်...မနှင်းဆီ....မနှင်းဆီ.....၊ကြွေးတင် ရှင်ဘုရင်ဆပ်လိမ့်မပေါ့ မနှင်းဆီ
ရယ်....ပူပါနဲ့.....၊မနှင်းဆီဆိုလို့ မနေ့ကတောင် အသုံးမကျတဲ့နှင်းဆီ သွား
အော်လိုက်သေး.....။
Post a Comment