Pages

Tuesday, October 25, 2011

လိပ်ပြာလမ်းခွဲ




သူသည် ပန်းတော့ ပန်း
မပွင့်လန်းခဲ့ဘူး
သူသည် လှမ်းတော့ လှမ်း
ပန်းတိုင်မရှိခဲ့ဘူး
သူသည် ကမ်းတော့ ကမ်း
မသာယာခဲ့ဘူး
သူသည် သွားတော့ သွား
မနားခဲ့ဘူး
သူသည် ရှာတော့ ရှာ
မပေးကမ်းခဲ့ဘူး
သူသည် စုတော့ စု
မပြုခဲ့ဘူး
သူသည် ပြောတော့ ပြော
မမောခဲ့ဘူး
သူသည် သိတော့ သိ
မကြည့်ခဲ့ဘူး
သူသည် ပြင်တော့ ပြင်
အဆင်သင့် မဖြစ်ခဲ့ဘူး
သူသည် ပြုံးတော့ ပြုံး
သူ့အပြုံးတွေ အေးစက်
လိပ်ပြာ တစ်ကောင်
အတောင်ပံ ခတ်သွားတယ်။
Published with Blogger-droid v1.7.4

12 comments:

ဖြိုးမောင်မောင်(CTM) said...

မြန်မာနိုင်ငံ တွင်
လွန်ခဲ့တဲ့ ၁ ပတ်က နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့သော အဒေါ်လတ် အပျိုကြီး အသက် ၄၂ နှစ် ဒေါ်မြင့်မြင့်ဝင်း အား သတိရလွမ်းဆွတ်ခြင်းဖြင့် ဤကဗျာလေးအား ရေးဖွဲ့ခြင်းဖြစ်ပါသည်။ သူသည် အဆင်သင့်မဖြစ်သေးပဲ လူ့လောက ကနေ အပြီးအပိုင်ထွက်ခွာသွားခဲ့ပါပြီ အဒေါ်လတ်ကောင်းရာသုကတိလားပါစေ
စာဖတ်သူ ဘလော့မိတ်ဆွေအပေါင့်း့ကဲ သင်တို့ရော အဆင်သင့်ဖြစ်ပြီလာ့း့

မဒမ်ကိုး said...

မဖြစ်သေးဘူး ကိုဖြိုးရေ အဲဒါကိုတွေးမိတိုင်း ပြင်ဆင်နေဆဲပဲ
အကြွေးဟောင်းလဲဆပ်နေရတုန်း ကြွေးသစ်ချဖို့လဲပြင်နေတုန်းမို့
ကြိုးစားပြီး ပြင်ဆင်နေပေမယ့် ရင်ထဲမယ် တထိတ်ထိတ်နဲ့ ဘယ်နေ့ ငါ့အလှည့်ရောက်မလဲပေါ့ ..အင်းးးးးးးးတွေးရင်းတွေးရင်နဲ့ပဲပေါ့လေ ..

ညိမ်းနိုင် said...

ဖြစ်သေးပါဘူးဟာ....၊မဖြစ်သေးတာကိုလည်း ဝမ်းနည်းကြောက်ရွံမနေတော့
ဘူး...၊ဘာနဲ့တူလည်းဆိုတော့ ကြွေးထူမပူ၊သန်းထူမ ယား ဆိုတာမျိုးဖြစ်နေ
ပြီပြောရမယ်....၊မျက်ကန်းတစ္စေမကြောက်ဖြစ်ရအောင် မျက်လုံးတွေကန်းပ
လိုက်တယ်....၊

khin oo may said...

အဆင်သင့်မဖြစ်သေးပါ.ကြောက်လန့်နေဆဲဖြစ်ပါသည်.

khin oo may said...

ဒေါ်မြင့်မြင့်ဝင်းကောင်းရာသုဂတိလားပါစေ။

Candy said...

စိတ်မကောင်းပါဘူး အစ်ကို... ကန်ဒီလည်း အဆင်သင့် မဖြစ်သေးပါဘူး... >.<

စံပယ်ချို said...

စိတ်မကောင်းတစ်ကယ်ဖြစ်မိပါတယ်
နေမယ်ဆိုနေလို့ရသေးတဲ့အရွယ်နော်
ကိုယ့်အလှည့်လဲ မကြာမှီ လာမည်ပေါ့ကွယ်
ဘုရားသခင်ကလွှဲလို့ ဘယ်သူသိမှာလဲ
ခင်မင်တဲ့ jasmine

Green said...

ဖတ်သွားပါတယ်
ပြောတော့ပြော မမောခဲ့ဘူး ဆိုတာလေးက
လေးစားစရာပါပဲ

( ထင်တာလေးပြောသွားပါတယ် )

Anonymous said...

မဖြစ်တေးဘူး...အဆင်သင်.
ကဗျာလေးကောင်းပါသည်..
ခံစားသွားပါသည်..

ချယ်ရီမြေ said...

ဖြိုးမောင်မောင်ရေ... သံဝေဂတောင်ပံခတ်သွားတယ်... အဆင်သင့်မဖြစ်သေးဘူးလေ...

ချမ်းမြေ့ပါစေကြောင်း
ချယ်ရိမြေ

TZH1985 said...

အဒေါ်အတွက် ကောင်းရာသုဂတိလာပါစေလို့ ဆုတောင်းပါတယ် :)
သံဝေဂ ခေါင်းလောင်းလေးပါပဲ...

mstint said...

သံဝေဂကဗျာလေးဖတ်မိသူတိုင်း
အစစအရာရာ ကြိုတင်ပြင်ဆင်နိုင်ဘို့
အခွင့်အရေးများကို လက်လွှတ်အဆုံးအရှုံးမခံပဲ
လက်တွေ့အကောင်အထည်
ဖေါ်နိုင်ကြပါစေလို့ ဆန္ဒပြုမိတယ် ကိုဖြိုးရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်