သခင် ......
ကောင်းကင်ပြာပြာအောက်မှာ
ကဗျာတစ်ပုဒ်ဖြန့်ခင်း
နှင်းဆီ ကျမကို
အသက်သွင်းခဲ့တာလား
သခင့်ကဗျာတွေမှာ မှေးစက်
ကျမ အိပ်မက်တွေမက်တယ်
သခင့်ကဗျာတွေနဲ့ နိုးထ
ကျမ မနက်ခင်းတွေ သိပ်လှတယ်
သခင့်ကဗျာတွေထဲ မွေ့လျော်
သခင့်အပျော်တွေ ကူးစက်
အို့ကျမ ရူးမတတ်ပါပဲ
ကာရံတွေလှပ
သံစဉ်တွေချိုမြ
ကျမနေ့ရက်တွေ လှပဖို့
သခင်သည်သာ ပိုင်စိုးပါ။
posted from Bloggeroid
9 comments:
အော်....ပိုင်းစိုး တဲ့လား....နာကဖြိုးမောင်မောင်အောင့်မေ့နေတာ.....:)
ကိုဖြိုး.. ဒီကဗျာလေးအရမ်းကောင်းတယ်.. ဒါကမနှင်းဆီဖက်က ရေးတဲ့ကဗျာပေါ့နော်.. သူ့သခင်က အစ်ကိုလေ.. :D
ဟုတ်တယ် ကဗျာလေးက လှပလို့နေတယ်။
ကာရံထိပြီး... လန်းတယ်...
ကိုပိုင်စိုးရေဖတ်သွားတယ်နော်
နောက်တင်ရင်လည်း လာဖတ်ပါ့မယ်
:D
အဲဒီတော့..သခင်က..ဘာပြန်ပြောလဲဟင် :P
ခင်မင်စွာနဲ့
မိစံ
ဒီကဗျာ အရမ်းကြိုက်တယ်။ တကယ်ကို ရင်ထဲ ထိသွားတယ်။
ခင်တဲ့
မေသိမ့်
အလဲ့.....း)
င်လေးတွေ မပြောချင်ဘူးပေါ့........... ပြောလိုက်စမ်းပါ။
ခိုင်းတိုင်းလုပ်ရမှာလား ဟင်းဟင်း..
Post a Comment