Pages

Wednesday, October 26, 2011

မနှင်ဆီသို့ ၆



မနှင်းဆီရယ်
ဒီနေ့ ကျွန်တော့်
အာရုံတွေက
မြင်မြင်သမျှ
စိမ်းနေတော့တယ်

ဒီလိုနေ့ရက်တွေက
ကျွန်တော်အတွက်
နားခိုရာ ရှားပါးစေတယ်

ဟောဒီ အစိမ်းရောင်
မြက်ခင်းပြင်ကြီး
ကျွန်တော် သိပ်မုန်းတယ်

အဲဒီအရာတွေက
ကျွန်တော့် အာရုံတွေ
မှောက် မှား
စိတ်တွေ
ခြောက်ခြားစေတယ်

တောင်းဆုတစ်ခုသာ
ရမယ်ဆိုရင်လေ
ဆုတောင်းလိုက်ချင်တယ်

ဟောဒီ
အစိမ်းရောင်နေ့ရက်များ
လွန်မြောက်ပါစေသား

7 comments:

ညိမ်းနိုင် said...

ကဲပါလေ....မြက်ရိတ်စက်တစ်လုံးပို့လိုက်မယ်နော်......:)
ကတောက်....ဒီစာကလေးကတစ်မျိုးဟ......:)))))

စံပယ်ချို said...

ဒီလိုနေ့ရက်တွေက
ကျွန်တော်အတွက်
နားခိုရာ ရှားပါးစေတယ် ဆိုတော့
အရင်ရက်တွေကတော့ နားခိုရာတွေရှိနေတာပေါ့နော်
စံပယ်လာပြီးမွှေနှောက်ဖတ်နေတာပါ...

မဒမ်ကိုး said...

:)လွယ်ပါတယ်လေ ရေနွေးနဲ့သာလိုက်လောင်းလိုက်ပါး)

Anonymous said...

တူလိုချင်တာ..မနှင်းဆီဝယ်ပေးမယ်.
မြက်ရိတ်စက်...ဟိဟိ
နာသာတူ.အမေဆိုရင်အိမ်ပြန်မလာခိုင်းတော.၀ူး..
ဘယ်.နှာ..စိတ်ညစ်လဲမနှင်းဆီ
ပျော်လဲမနှင်းဆီ...ဂယ်ပဲ ဂယ်ပဲ

ကိုထွဋ် said...

ဟောဒီ အစိမ်းရောင်
မြက်ခင်းပြင်ကြီး
ကျွန်တော် သိပ်မုန်းတယ် တဲ့

မချောကြားမှ လာသတ်နေမယ်....

ကြည့်လုပ် ကြည့်လုပ်...

Candy said...

Okie... ကိုဖြိုးဆုတောင်း ပြည့်စေသတည်း.. :P :P

Cameron said...

ဒီတစ်ပုဒ်ကို ဖတ်ဖူးပြီးသားမို့ တင်ပြီးသားများပြန်တင်သလားလို့ ရှေ့က တစ် နှစ် သုံး လေး ငါး ကိုပြန်သွားဖတ်ကြည့်မိတယ်...။ အော်...ကိုယ်မှားတာပါကွယ်...။