Pages

Tuesday, October 11, 2011

အဖြည့်ခံ


အဖြည့်ခံ ဆိုတဲ့စကား
တမင်သက်သက်
မသိဟန်ဆောင်ခဲ့တာလား

မသိတာလဲ
ဖြစ်နိုင်ပါတယ်
အဲဒါကြောင့်မုန်းတာ

အတ္တတွေ မာနတွေလိမ်း
ပကာသနတွေခြုံ
မင်းအလှဆုံးပါပဲ

လိုချင်တော့လက်ကမ်း
မလိုချင် လက်ရမ်းပြန်တော့
အလိုက်တသိ တိမ်းခဲ့ရတယ်

မေတ္တာတစ်ဝက်
သံယောဇဉ် ဆက်ပြီး
မင်းပျော်ရွှင်ဖို့
ငါ့ ကိုယ်ငါလွှဲခဲ့တယ်

အမြင့်ရောက်လေ
မင်းပျော်ရွှင်လေပါပဲ

အပျော်တွေများ
အဖော်များတော့
တချက်ကလေး
လှည့်ကြည့်စေချင်တာ
ငါ့ဆန္ဒအမှန်ပါ

ငါကိုက မိုက်မိုက်မဲမဲ
ရူးသွပ်နေတာများလား

တကယ်တော့
ငါ့ကိုယ်ငါမေ့နေတာ
ငါဟာ မင်းအတွက်မှမဟုတ်ဘူး
မြင်တတ်ရင်
အဖြည့်ခံသက်သက်ပါ။

I'm just felt those photo and wrote it. :-)

Thz a lot who read this post.


Phoye mg mg(ctm)
Published with Blogger-droid v1.7.4

8 comments:

ကိုဇော် said...

အဖြည့်ခံ . . .ဆိုတဲ့ စကားလုံးလေးကိုက တွေးလိုက်ရင် တွေးစရာတွေ အများကြီးရယ်။

Candy said...

ဓာတ်ပုံလေးကြည့်ပြီးတောင် ကဗျာတစ်ပုဒ်ရေးနိုင်တယ်.. တော်လိုက်တာ.. :D :D
ကဗျာလည်း ကောင်း၏ :D

Cameron said...

ပုံလေးနဲ့ ကဗျာလေးက ဟပ်နေတာပဲ...။ တော်တယ် ဖျြိုးက ခံစားမှုတွေကို စကားလုံးလှလှတွေနဲ့ ပြန်မျှဝေနိုင်တယ်...။ “အဖြည့်ခံ”တဲ့။

Anonymous said...

အင်း .... ငါတော့ အဲ့ဒိအဖြည့်ခံကြောင့်....မိုးမိသွားတယ်လေ

Angelhlaing(May everybody be happy and healthy! said...

အဖြည့်ခံတွေရဲ့ ဘဝက .... သြော်...ခက်ပါတယ်လေ..
ပြောတော့ပါဘူး.. :)
ကဗျာလေး ခံစားအားပေးလျှက်ပါလို့..

စံပယ်ချို said...

အပျော်တွေများ
အဖော်များတော့
တချက်ကလေး
လှည့်ကြည့်စေချင်တာ
ငါ့ဆန္ဒအမှန်ပါ .....စာသားလေးတွေအရမ်းကိုမိုက်တယ်...

mstint said...

မလိုတစ်မျိုး လိုတစ်မျိုး စိတ်ထားပြောင်းလဲလွယ်တဲ့ သူတွေအကြားမှာ ဆုံးရှုံးနစ်နာမှုတွေကို မသိကျေးကျွံပြုနေရသူတွေကတော့ အဖြည့်ခံသက်သက်လေးတွေပဲပေါ့ ကိုဖြိုးရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါနော်။

မေတ္တာဖြင့်
အန်တီတင့်

ညိမ်းနိုင် said...

ကြည့်စမ်း....တော်ထှာ....ဒါ့ပုံတစ်ပုံအပေါ်မှာ နာဆိုဒီလိုမတွေးမိဘူး....
ဒီလိုကဗျာလှလှလေးတွေထွက်ကျလာဖို့တော့ဝေးရော.....။