Pages

Monday, November 7, 2011

အေးစက်နေသော လက်တစ်စုံ



တကယ်တော့ အဲဒီလူက အများပြောသလို ဘာမှမဟုတ်ပါဘူး။ မရေရာမှုတွေကို ထုပ်ပိုး လမ်းတစ်လျှောက် ပုတ်သိုးမှန်း မသိတဲ့သူ ဘာမှမဟုတ်တဲ့ အဲဒီလူကပဲ ကြီးကြီးကျယ်ကျယ်နဲ့ အချစ်ကို တစ်ခမ်းတစ်နား ကိုးကွယ်ခဲ့သေးတယ်။ သူ့အိပ်မက်တွေလဲ သွေးသံတရဲရဲနဲ့ မြင်မကောင်းခဲ့ပါဘူး။ ကြောက်စိတ်နဲ့ သူ့လက်တစ်စုံဟာလည်း အေးခဲလို့နေခဲ့တယ်။


သူက ဘာမှမဟုတ်သလို ဘာမှလည်းမသိသူပါ။ အချစ်ဟာ ဘာလဲလို့မေး သူမသိပါဘူး။ ဖြေလည်းမဖြေတတ်ပါဘူး။ သေချာတာတစ်ခုကတော့ အချစ်ဟာ အချစ်ပေါ့ လို့သာသူဖြေလိမ့်မည်။ ဘာကြောင့်ချစ်တာလဲလို့ သွားမမေးလေနှင့် ပိုတောင်ဆိုးသေး ဖြေတတ်မှာမဟုတ်ဘူး။ အဲဒီအတွက်
ခိုင်လုံတဲ့ အကြောင်းပြချက်တစ်ခုတော့ သူ့တွင် ရှိမည်မှာ သေချာသည်။


သူသည် အချို့သော ယုံကြည်မှုများကိုလည်း ကိုင်စွဲထားသေးသည်။ ထိုအရာမှာ အချစ်ဆိုတာ ချစ်နေဖို့သာလိုသည် အချစ်ဆိုတာ ချစ်တယ်ပြောမှ ချစ်တာမဟုတ် ထို့အပြင် သူသည် ချစ်တယ်ဆိုသော ဝေါဟာရကို ဖောဖောသီသီ မသုံးစွဲတတ်ခြင်းပါပဲ။ အဘယ့်ကြောင့်ဆိုသော် ပြောဖို့လိုမည်မထင်။


သူသည် မဆီမဆိုင် စိုင်းထီးဆိုင်ကို အပစ်တင်ချင်မိသည်။ ထိုသီချင်းသည် သူ့အားရည်ရွယ်၍ ဆိုခဲ့သလော မေးလိုက်ချင်သည်။ ထို့ကြောင့် သူ
သည် စိတ် အားပျက်ခြင်းများဖြစ် သကဲ့သို့ တစ်ခါတစ်ရံတွင် တစ်ကိုယ်တည်း စဉ်းစားကာ ဝမ်းသာပီတိ ဂွမ်းဆီထိ၏ အိပ်ကပ်မရှိတဲ့ သုံညရဲ့
ဘဝထဲကို ဝင်မလာခဲ့သည်မှာ ဘုန်းကံကြီးမားလွန်းပါပေသည်။ ဝင်လာသူကား မိုက်မဲပေစွ။ { အချစ် + သုံည = ဗိုက်ဟောင်းလောင်း }


သူသည် အပြင်ထွက်လျှင် ရှုခင်းများနှင့် အရာဝတ္ထုများကိုသာ သတိကပ်၍ကြည့်တတ်နေပေပြီ။ စုံတွဲများ မျက်စိရှေ့ကဖြတ်သွားလျှင်တော့ ရှောင်မလွတ်
၍ ကြည့်ခြင်းမျှသာ သို့သော် မသိစိတ်က ပြန်၍ကြည့်မိလေသည် မခက်ပါလော။ သူတို့ကြည်နူးပျော်ရွှင်တဲ့ ပုံရိပ်များသည် တခနအတွင်း သူ့အားကူးစက်၍ သူသည်လည်း မဆီမဆိုင် ကြည်နူးမိလေသည်။ စိတ်ထဲမှလဲ ထိုသူတို့အား တောင်းဆုခြွေတတ်သေးသည် ခပ်ဝေးဝေးငေးကြည့်ရင်းပင် တိမ်စိုင်တို့ မှိုင်းညို့လာလေသည်။


သူသည် အနိုင်ယူတတ်သော ချစ်သူများကို မုန်းသည်။ သဝန်တိုတတ်သူများကို ကြည့်မရ။ နားလည်ခွင့်လွတ် ကြည်နူးရွှင်ပြ ချစ်ကြသူများအား လေးစားပေသည်။


အချစ်သည် ဘဝအတွက် အားဆေးတစ်ခွက်ဆိုပါက သူ သောက်သုံးရန် အခွင့်ရှိပေလိမ့်မည်။ သူ အားပြတ်နေသည် မဟုတ်ပါလော။ လောလောဆယ်တော့ သူ့လက်တစ်စုံ အေးစက်နေသည်။
posted from Bloggeroid

11 comments:

Anonymous said...

အိမ်း.....ဖီလင်၂၇ ပဲ......၊လူပျိုသိုးစာရင်းဝင်လာလို့ သများစုံတွဲတွေမြင်ရင်
ဂလိုဖြစ်လာတတ်တယ်..၊အဲ...၃၀ကျော်ရင်တော့ ငါအဲ့အချိန်တုန်းက ဘာလို့
ရူးရူးမိုက်မိုက်ဖီလင်တွေဝင်လာမိပါလိမ့်..ကြည့်စမ်း....ခုများအေးချမ်းလိုက်တာ
လို့ ကိုယ့်ကိုယ်ကို ပီတိဖြစ်လာလိမ့်မယ်...(ကိုယ်တွေ့....:)))

ခုချိန်တွင် လုပ်ချင်တာလုပ်နိုင်၍ ကျေနပ်နေသူ အိကု

Candy said...

ဟိဟိ.. လူပျိုကြီး ချစ်သူလိုချင်နေသောပိုစ့် :P :P

mstint said...

အချစ်ဆိုတာ လက်ဆုပ်လက်ကိုင် ပြလို့မရပေမယ့် ချစ်တတ်သူတို့အဘို့ တန်ဘိုးကြီးတဲ့ အရာလို့ထင်မိတယ် ကိုဖြိုးရေ။
အေးစက်နေတဲ့လက်တစ်စုံလည်း နူးညံ့သိမ်မွေ့တဲ့အချစ်ကြောင့် နွေးထွေးသွားနိုင်တယ်လေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Cameron said...

အို...လက်တွေအေးစက်ကုန်ပြီလား....ဖြိုးလက်တွေ နွေးသွားအောင် တို့ဆုတ်ကိုင်ထားပေးမှာပေါ့ကွယ်...း)) အိကုပြောသလိုပဲ ခုချိန်မှာ ဖြစ်နေတဲ့ ဂယောင်ခြောက်ခြားတွေက သုံးဆယ်ကျော်သွားရင် အေးဆေးသွားလိမ့်မယ်...။အဲခါကျ အချစ်ဟာ ခုချိန်မှာ လိုချင်တောင့်တတာထက်ပိုပြီး အေးဆေးတည်ငြိမ်သွားမယ် ပိုပြီးတော့လဲ ချစ်လို့ကောင်းသွားလိမ့်မယ်...။ ပုံ/ အချစ်ဆြာမကြီး..

စံပယ်ချို said...

နွေးထွေးသောသာလက်တစ်စုံ မြန်မြန်ရရှိပါစေလို့
အမကြီး မဂျက်

khin oo may said...

လာကိုင်ပေးရမလား အဟိ. (ထွက်ပြေးရဝူးနော်)

khin oo may said...

အချစ်သည် ဘဝအတွက် အားဆေးတစ်ခွက်ဆိုပါက သူ သောက်သုံးရန် အခွင့်ရှိပေလိမ့်မည်။ သူ အားပြတ်နေသည် မဟုတ်ပါလော။ လောလောဆယ်တော့ သူ့လက်တစ်စုံ အေးစက်နေသည်။ (သက်ဆိုင်သူဖတ်မိစေ.)

Angelhlaing(May everybody be happy and healthy! said...

ကမ်းလင့်လို့ မျှော်လင့်သူ၏လက်
နွေးစေဖို့ ဖေးမတွဲလို့ ကူမယ့်သူ သိနိုင်ပါစေလို့..

Maung Myo said...

ဖြိုး.... ခံစားချက် ရိပ်ရိပ်လေးတွေ ဖမ်းမိလိုက်နော်း) နေကောင်းတယ်ဟုတ် ။

မဒမ်ကိုး said...

အေးစက်လျှင် ရေနွေးအိတ်ကပ်ပါလေး)

Cameron said...

အယ်..သများမန့်ထားတာ ပျောက်နေတယ်တော့...