Pages

Thursday, November 17, 2011

အရူးထနေတယ် ဂွက်ထော်



ခုတလော ဂွက်ထော်က မသိစိတ်ထဲ နေရာယူနေပြန်ပြီ မသိစိတ်ထဲမှာ ဂွက်ထော်က ဘယ်အချိန်ကတည်းက ကိန်းအောင်းနေတာပါလိမ့်လို့ စဉ်းစားမိတယ်။ မသိပါဘူး။ စိတ်ကူးယဉ်တဲ့နေရာမှာ စည်းမျဉ်း စည်းကမ်းချက်တွေနဲ့ အချိန်နေရာဒေသတွေလိုသေးလို့လား sorry ပါ။ အဲဒီလိုဆို ခင်ဗျားကို ကျုပ် အရမ်းသနားမိသွားပြီ။ ထပ်ပြောမယ် သနားဖို့ကောင်းလိုက်တာ ။ ခင်ဗျားလည်း ကျုပ်ကိုသနားနေမလား။ စိတ်မဝင်စားဘူး ဘယ်သူမှမသနားခင် ကိုယ့်ကိုကိုယ် သနားပြီးသားဖြစ်နေပီ အဲဒါကြောင့် ။ ခုတလော နေ့နေ့ဘက် အိပ်မပျော်ဘူး အာရုံကြောတွေအားနည်းနေတယ်ထင်တယ် ဇက်ကြောတွေ အရမ်းတက်တယ် မနက်ကလည်း ခနပဲအိပ်ရသေးတယ် လူက ကယောင်ခြောက်ခြား အိပ်မက်တွေမက်နေတယ် အိပ်မက်က သိပ်မမှတ်မိတော့ဘူး မြွေကိုတွေ့တယ် ယူမယ့်ပစ္စည်းက အဲဒီမြွေရဲ့ဘေးမှာ ယူစရာရှိတာကိုယူရမှာပဲလေ မြွေကလာနေတယ် ရှောင်ပြီးယူတယ် လက်နားမှာကွေ့ဝိုက်ပြီး ရှောင်နေတဲ့ကြားက အင်္ကျီ ထဲ ခုန်ဝင်လာလို့ ထခုန်လိုက်တာ အိပ်မက်ဖြစ်နေတယ်။ လူလည်းမောသွားတယ် လန့်လို့ မြွေအိပ်မက်ရင် မကောင်းဘူးလို့ကြားဖူးသလိုပဲ မမှတ်မိဘူး အယုံအကြည်မရှိတာလဲပါတယ်။ ထားလိုက်ပါ စိတ်မဝင်စားဘူး။ အဲဒါတွေးနေမယ့်အစား တခုခု စိတ်ချမ်းမြေ့စရာလေး တွေးနေလိုက်တာက ပိုကောင်းတယ်။ ဉပမာ ဂွက်ထော်အကြောင်းပေါ့ ဂွက်ထော် လို့တွေးလိုက်မိတာနဲ့ ကျွန်တော့်အပြုံးတွေလင်းလက် လာတယ်။ ဘာကြောင့်ရယ်မသိ ပျော်ရွှင်လာသလိုလို ကျွန်တော့်အတွက်တော့ စိတ်ကူးယဉ်ပုံရိပ်တွေက လက်ရှိ နေ့ရက်တွေကို သာယာလှပစွာနဲ့ ဖြတ်ကျော်စေနိုင်တာပါပဲ။ အဲဒီပုံရိပ်တွေနဲ့ ကျွန်တော် တသားတည်းကျနေရင် အရာရာပြီးပြည့်စုံနေတယ်။ ကြားဖူးတာတခုရှိတယ် ဆာလောင်မွတ်သိပ်ပါ အရူးထပါတဲ့ ဟုတ်တယ် ကျွန်တော် ဆာလောင်မွတ်သိပ်နေတယ် အရူးထနေတယ်။
posted from Bloggeroid

19 comments:

မေသိမ့်သိမ့် ကျော် said...

း) ဂွတ်ထ။ သူများတွေ အရူးထတာလည်း မိုက်ပါ့။

ခင်တဲ့
မေသိမ့်

မိုးယံ said...

ဖျားရေ...ဂွတ်ထော်ရဲ့ အချစ်တော်နဲ့ လာတွေ့နေပါဂလား။

Anonymous said...
This comment has been removed by the author.
Anonymous said...

ပြောချင်လို့သာရေးလိုက်ရတယ်ဘာမှန်းမသိ

Anonymous said...

Snake is money at dream.Don't forget me, when you got money please. Let shopping together with Gyout Htow ok ? I think beside of snake is Gyout Htow . Right? So, you ma ya ma ka ၌ right?

Anonymous said...

ဘဝဆက်တိုင်း ဂွက်ထော် နဲ့လွဲရပါလို၏
အာမင်

Anonymous said...

မသနားပါဘူး ငါတို့က ဂွတ်ထော်နဲ့မလက္ကာ သွားဉီး မှာ

Anonymous said...

ဆာတော့မဆာဘူး အရူးထတယ်
ဖြိုး မနက်ဖြန် ကင်းမ်ချီ ကျီးဂဲ ချက်စားကြမယ်

Anonymous said...

တော်သေးပြီ

ပုံ သဟဇလဉီး

Anonymous said...

ဉ ဆိုမကောင်းလို့

ဖြိုးမောင်မောင်(CTM) said...

ha ha you are right, thzlo. :-) snake is lucky, i got salary tonight. gyout htow is lucky too. tonight we have a party. :-P

Anonymous said...

မြန်ထှာ

Anonymous said...

ပြောင်ကြီးအား ဘုရားသခင်ကောင်းချီးပေးပါစေ
အာမင်

မဒမ်ကိုး said...

သေချာတာတော့ဂွက်ထော်ဆိုတာ ကိုရဲပဲနေမှာ .း)
သူချည်းမန့်သွားတာ ပျော်နေလို့း)ဟဟဟဟဟ

ဒိုးကန်

mstint said...

ကိုရဲပြောတဲ့ 'ကင်းမ်ချီကျီးဂဲ ချက်စားမယ်' ဆိုတာ ဘယ်လိုချက်တာလဲ ကိုဖြိုးရေ။ နည်းလေးသိရင် လုပ်စားမလို့း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Candy said...

ဟဟဟဟ.... ဂွတ်ထော် တစခန်းထပြန်ပြီ... :P

ညိမ်းနိုင် said...

ဘဝဆက်တိုင်း ဂွတ်ထော်နှင့် ဆုံစည်းနိုင်ပါစေသော်ဝ်...............

စံပယ်ချို said...

အော်ဖြစ်ရလေကွယ်
ကျွန်တော် ဆာလောင်မွတ်သိပ်နေတယ်----တစ်ကယ်လား
မဂျက်အိမ် ကို ထမင်းလာစားပါဖိတ်ခေါ်ပါတယ်
ခင်ခင်မင်မင် jasmine

khin oo may said...

တို့လဲခေါင်းတွေ ကိုက်တယ်။ အိမ်မက်ထဲမြွေတွေ့ရင်ပိုက်ဆံရတယ်လို့ကြားဘူးတာဘဲ။