ခေါင်းစဉ်ဖတ်ပြီး လန့်သွားသလား ဂွက်ထော်။ မလန့်ပါနဲ့ ကျွန်တော် ဗိုလ်အောင်ဒင်မဟုတ်သလို ဂွက်ထော်ကလဲ မမြဝင်းမဟုတ်ပါဘူး။
ကျွန်တော်မှတ်မိနေသေးတယ် ကျွန်တော်ဈေးစရောင်းဖူးတာ ၆ တန်းနှစ်ကပေါ့။ ရွာက ပေါင်မြို့နယ် မိုးနိုင်းကျေးရွာ ရွာကို ကရင်စု
မွန်စုနဲ ရွာအောက်ပိုင်းဆိုပြီးခေါ်ဝေါ်ကြတယ်။ ရွာအဝင်လမ်းကြီး ၃ လမ်းရှိတယ် ကျွန်တော်တို့ က ကရင်စုလမ်းထိပ် ရွာအဝင်ဇရပ်
ဘေးကပ်လျှက်ပါပဲ။ ကိုယ်ပိုင်ခြံမဟုတ်ပါဘူး အမေရဲ့အမခြံ နန္ဒာလှိုင်ရဲ့အဘွားနေထိုင်သွားတဲ့ခြံပါ။ အဲဒီမှာအိမ်လေးဆောက်ပြီးနေကြတာပေါ့
ရွာမှာဗွီဒီယိုရုံ ၄ ရုံလောက်ရှိတယ်။ အဲဒီရွာထဲကဗွီဒီယိုရုံတွေမှာ ဈေးရောင်းဖူးတာ။ ဘာရောင်းသလဲ မမေးတော့ဘူးလားဂွက်ထော်။
တုတ်ထိုးရောင်းတာပါ ဘာတုတ်ထိုးတွေလဲလို့မေးပါအုံးလား ဂွက်ထော် အသားတု ဝက်သား ဝဉ သခွားသီး အာလူး ပဲပြား
စသဖြင့် စုံပါတယ်။ နွေရာသီကျောင်းပိတ်ရက်မှာ စရောင်းဖြစ်တာလေ။ ဘယ်လိုရောင်းသလဲ ဟုတ်လား ဒီလိုပဲရောင်းတာပေါ့
ရောင်းသူနဲ့ဝယ်သူ လိုချင်တဲ့ဈေးနဲ့ ပေးနိုင်မယ့်ဈေး အဆင်ပြေရင် အလုပ်ဖြစ်ပါတယ် စရောင်းတော့ ရှက်တယ်။ နောက်နေ့ မရောင်းတော့ဘူး
လုပ်တော့ အဖေကပြောတယ် ငါ့သားတဲ့ ဈေးရောင်းတာရှက်စရာ မဟုတ်ဘူးကွ သူများပစ္စည်းခိုးတာကမှ ရှက်စရာတဲ့ ပြီးတော့
ကျွန်တော်ခုမှ သိလိုက်ရတာတခုက အဖေကအဲဒီကတည်းက ကိုယ့်ချွေးနည်းစာနဲ့ ရှာလို့ရတဲ့ပိုက်ဆံကို တန်ဖိုးထားတတ်အောင်
သင်ပေးခဲ့တာပါပဲ။ ကျေးဇူးတင်ပါတယ် အဖေနဲ့အမေ။ အဲဒီတုန်းက ရောင်းရတဲ့အမြတ်ငွေလေးတွေကို စုဗူးလေးဝယ်ပြီး အမေကိုယ်တိုင်
စုပေးခဲ့တာ။ စုဗူးဖောက်တော့ ရတဲ့ပိုက်ဆံတွေနဲ့ ကြက်ဝယ်မွေးတယ်။ ကြက်လေးတွေအကောင်ပေါက် ကြီးလာတော့ ပြန်ရောင်းတယ်
အဲလိုနည်းနဲ့ ငွေကိုပွားအောင်သင်ပေးခဲ့တယ်။ အဲဒီရတဲ့ပိုက်ဆံအချို့နဲ့ ကျောင်းစာအုပ် အင်္ကျီအသစ်လေးတွေလဲ ရခဲ့ဖူးပါရဲ့။ ကျွန်တော်
ကဈေးရောင်းတာ လက်ကီးရှိတယ်။ ဈေးရောက်ရင် ဈေးဗန်းချပြီးတာနဲ့ ဗန်းကိုခေါက်တယ် ဒေါက် ဒေါက် ဒေါက် သူများတွေလဲ အဲဒီ
လိုပဲ လုပ်တာကိုး ဈေးဉီးပေါက်ရောင်းရတာက အရေးအကြီးဆုံး ဈေးဉီးပေါက်မှာ လျော့မိရင်လဲ လျှော့ပြီးရင်း လျှော့ရင်းပါပဲ။
ဲ
အဓိက ပထမဆုံးဝယ်သူကအရေးကြီးတယ် အဲဒါကဈေးသည် အများစုကျင့်သုံးကြတဲ့ ယုံကြည်မှုပါပဲ။
ကျွန်တော်ရောင်းတာတော့ အားလုံးရောင်းကုန်တယ် ပြန်ကျန်လာတာ မရှိသလောက်ပဲ ကုန်မှာပေါ့ မကုန်လဲဈေးလျှော့ရောင်း
လိုက်တာကိုး အမေလဲပြောတယ် သားကြီးက ဈေးရောင်းတာ လာဘ် ရှိတယ်တဲ့ ခေါင်းမှာဗွေ ၆ လုံးပါလာလို့တဲ့လေ။ ခုတော့အဲဒီဗွေ
တွေလဲ မရှိတော့ပါဘူး။ ပြီးတော့ အဖေက စိုက်ပျိုးရေးဝါသနာပါတယ် စိုက်သမျှဖြစ်ထွန်းတယ်လို့ ပြောလို့ရတယ်။ အိမ်ရှေ့ခြံစည်းရိုးမှာ
သင်္ဘောပင်တွေစိုက်ထားပြီး ခြံဘေးမှာတော့ ဒန့်သလွန်ပင်တွေစိုက်တယ် ခြံထောင့်မှာက ငှက်ပျောရုံရှိတယ်။ ခြံထွက် သင်္ဘောသီးနဲ့ ငှက်ပျော
သီး ငှက်ပျောရွက် ဒန့်သလွန်သီး ဒန့်သလွန်ရွက်တွေကို မနက်ဘက် ဈေးထဲသွားရောင်းတာလဲ ကျွန်တော်ပါပဲ။ ပြီးတော့ အဘွားခြံထဲမှာ
စံပ္ပါယ်ပန်းတွေ ၁၅ ဘောင်လောက်စိုက်ထားတာ။ ညနေဆို ရွာအောက်ပိုင်းက အဘွားအိမ်သွားပြီး စံပ္ပါယ်ပန်းတွေ ဝိုင်းခူး အဘိုးအဘွား
အဒေါ်တွေနဲ့အတူ ပန်းတွေဝိုင်းသီကြတယ်။ အပ်ချီကြိုးနဲ့ သီတာရှိသလို အုန်းလက်အရိုးတံနဲ့လဲသီကြတယ်။ မနက်စောစော ၄ နာရီလောက်ထပြီး
ဝမ်းကွဲအကိုနဲ့အတူ စက်ဘီးတစ်ယောက်တလှည့် နင်းပြီး ရွာနဲ့ ခန့်မှန်းခြေ ၆ မိုင်လောက်ဝေးတဲ့ ဇင်းကျိုက်ကျေးရွာ ဗိုလ်ချုပ်ဈေးမှာ
စံပ္ပါယ်ပန်းတွေ သွားရောင်းကြတယ်။ မနက်အစောကြီးဆိုတော့ လေညှင်းလေးတွေ အေးစိမ့်လို့ နားရွက်လေးတွေတောင် အေးစက်ကုန်တယ်။
ပြန်ရင် အဘွားက မုန့်ဖိုးပေးတယ်။ အခု အဲဒါတွေပြန်စဉ်းစားကြည့်တော့ ပြန်လည်လွမ်းဆွတ်မိတာ အမှန်ပါ။ အဲလိုအဖြူရောင် ဘဝလေး
ကိုပြန်လိုချင်မိတယ် ဂွက်ထော်ရယ်။ ဈေးထဲမှာ စံပ္ပါယ်ပန်းတွေရောင်းပြီး နေဝင်ရီတယော ဗွီဒီယိုရုံရှေ့မှာ တုတ်ထိုးရောင်းနေတဲ့ ဈေးသည်လေး
ဘေးမှာ ကလေးအချို့ ဝိုင်းအုံပြီး တုတ်ထိုးတွေကို ဝယ်စားနေကြတဲ့ မြင်ကွင်းလေးကို ပြန်ပြီးမြင်ယောင်နေမိတော့တယ်။
ဘာရယ်မဟုတ်ပါဘူးဂွက်ထော် ငယ်ငယ်ကအကြောင်းတွေ မရေးဖူးလို့ရေးကြည့်တာပါ။ မောင်မျိုးလို ရွာအကြောင်းလေး
တွေ စမြုံ့ပျံကြည့်တာ သီးခံ၍ ဖတ်ကြပါကုန်
စာရှုသူများအား လေးစားစွာဖြင့် ဖြိုးမောင်မောင်(ctm)
posted from Bloggeroid
12 comments:
ဗွေတွေဘယ်ရောက်သွားလဲ
ငါလည်ဈေးရောင်းဘူးတယ်
ရွာအကြောင်းလား ဟိဟိ
ဖတ်လို့ကောင်းတယ် ဆက်ရေး...။အော် ....ဂွတ်ထော်ရဲ့ သာအေးကလဲ ရွာမှာ ဈေးရောင်းခဲ့ဖူးတာကိုး....။ စံပယ်ပန်းလေးတွေသီးပေးဦး...။
ကောက်ရိုးပုံ ဟိဟိ
မငွေ့ ကြားထဲဝင်သွားပြီ
ပျော်စရာကြီးနော် အစ်ကို.. အဲ့ဒီအဖြူရောင်ဘ၀ကိုလွမ်းတယ်ဆိုတော့.. ခုက ဘာဖြစ်နေလို့လဲ... :D :D
ဒီပို့စ်လေးက သဘောကျစရာကောင်းတယ်ဖြိုးရေ ကြိုက်တယ် ။ ကိုယ့်ဘ၀ နှောင်းပိုင်းစာမျက်နှာတွေကို ပြန်လှန်ပြရဲတာ ငါတော့သဘောကျတယ် ဒါဟာ သနားအောင်ပြောတာမှမဟုတ်တာ ( ငါ့တုန်ူးကတော့ လူသနားအောင်ရေးတာလို့ ပြောခံထိဖူးတယ် ) ။
ငါလည်းရောင်းဖူးတာပေါ့ မနှင်းဆီရယ် ဟွန်းဟွန်း။ အရှုံးနဲ့ ချည်းပဲ ဟဟ
ဂွက်ဂွက်ဈေးလဲရောင်တတ်တယ်နော်....
ဂျက်လဲရောင်းဖူးတယ် ညောင်ရွှေမှာနေတုန်းကအဖွားမရှိတဲ့ အချိန်
သူ့ပန်းတွေခိုးရောင်းတယ်
ခင်ခင်မင်မင် jasmine
သူငယ်ချင်း မောင်မျိုးမန့်ထားတဲ့ ကွန်မန့်၂ခုလုံး တက်မလာပဲပျောက်သွားခြင်းအတွက် စိတ်မကောင်းပါ။ ကျွန်တော့်မေးလ်ထဲကိုရောက်လာပြီး ဒီမှာတော့ တက်မလာဘူး။ ကျွန်တော်လည်းမဖျက်ရပါဘူး။ ဘာကြောင့်လဲဆိုတာ သိသူများ ပြောပြခဲ့ပါ။ လေးစားစွာဖြင့် ဖြိုး :-)
comment ထဲက spam ထဲ ဝင်သွားတာပါ။
spam ထဲကနေ တစ်ခုကို ထုတ်လိုက်ပေါ့။
အနော်နိမတ်စ်နဲ့လည်း မန့်လို့မရပါလား၊ လူသိတော့မယ် ဖြေပေးတာကို ဟင်းးးးးးးးးး
Post a Comment