Pages

Friday, November 25, 2011

ငှက်ခါးအနမ်း



တစ်နွေကုန်လို့ တစ်မိုးကူး

ဒီဆောင်းဉီးလဲ

ရောက်ခဲ့ပြန်ပြီ

လွင့်ချင်တိုင်း

လွင့်တာမဟုတ်သလို

လွှင့်ချင်တိုင်းလဲ

မလွှင့်ပါဘူး

အပင်တွေတောင်

လေယူရာတိမ်း

ယိမ်းနွဲ့သေးတာ

အစုန်အဆန်

လေမှာပျံလို့

ငါလည်း ဝဲရတာပေါ့

ငှက်ခါးတဲ့

အမည်နဲ့လိုက်အောင်ကို

ဘဝကလည်း ခါးလိုက်တာ

လေပြေတွေ မချိုမြ

နေခြည်တွေတောင်

ပြင်းပြနေမှတော့

အိပ်မက်တွေ

ခြောက်ခမ်းသွားတာလည်း

ဘာဆန်းလို့လဲ

တစ်ခါတစ်ခါ

မိုးတိမ်တွေညိုမဲ

ငါ မျက်ရည်တွေ

စိုရွှဲကုန်တယ်

လေပြေအလူး

ဆောင်းအကူးမှာ

အေးစက်စက်

အလွမ်းတွေက

အတောင်ပံ

မခတ်ရပါပဲ

တဖျပ်ဖျပ်နဲ့...........

ခဏ နားခွင့်ပြုပါ ချယ်ရီ

မင်းအလှကိုခံစား

ငါ့နေ့ညတွေ

တစ်ခဏတော့

ချိုမြပါရစေ

ချယ်ရီအနားခစား

ကောင်းကင်ကြီးကို

ဝံ့ကြွားပါရစေ

ချယ်ရီရနံ့မွှေးပျံ့ပျံ့ကို

တိတ်တခိုးလေး

နမ်းပါရစေ

တိ တ် တ ခိုးေ လး ပါ ပဲ



*ပုံလေးဆွဲပြီးတော့မှ ငှက်ခါးနဲ့ ချယ်ရီပန်းဖြစ်နေတာ သိရတယ်။ သူများပြောလို့ ။
အဲဒါနဲ့. ဘာရယ်မဟုတ် ငှက်ခါးအနမ်း ဖြစ်သွားတယ်။ ကျေးကျေး*

လေးစားစွာဖြင့် ဖြိုးမောင်မောင်(ctm)

posted from Bloggeroid

8 comments:

ကိုရင် said...

ကဗျာ လာဖတ်တယ်ဗျိုး..
အိပ်သေးဘူးလား ..ကိုငှက်ခါးရဲ့..
ချယ်ရီပန်း ဟုတ်လို့လား..ပန်းချယ်ရီ များလားလို့.. :D

စံပယ်ချို said...

ဘယ်နဲ့လဲဟယ်...ကဗျာကတော့ရှယ်ပါပဲ
ချယ်ရီရနံ့မွှေးပျံ့ပျံ့ကို
တိတ်တခိုးလေး
နမ်းပါရစေ-----ok နမ်းစေသတည်း ။
ရှမ်းပြည်ကိုတော့သွားရမယ်နော် မလေးရှား စင်ကာပူ ချယ်ရီနဲ့တူတာမရှိဘူး
ကိုးရီးယား-ဂျပန်ဆိုလဲတော်သေးရဲ့---ကဗျာဆရာလုပ်ပါတော့နော်
တစ်ကယ်ကြီးပြောနေတာနော်...ခင်ခင်မင်မင် jasmine

မဒမ်ကိုး said...

ဖြစ်မှဖြစ်ရလေ ကိုဖြိုးရယ်း)

Cameron said...

တော်လိုက်တာ....ကဗျာရေးဖို့အကြံပေးသူကိုလဲ ကျေးဇူးတင်ရမယ်...။ ကာရံလေးတွေလွဲနေတဲ့နေရာနှစ်ခုတွေ့တယ် ပြန်ပြင်လိုက်ဦး ဒါဆိုပိုလှသွားပြီ..။

Cameron said...

ဒီပန်းချီဆရာက အရောင်စပ်တာလဲတော်တယ်....။ ကဲဒီလောက်ခဏခဏချီးမွန်းနေတာ တခုခုတော့ ကျွေးသင့်ပြီ...း)

Candy said...

အစ်ကို ဆွဲထားတာ!!!! တော်လိုက်တာ..
ကဗျာလေးလည်း ကောင်းတယ် :D

ညိမ်းနိုင် said...

ပုံလေးသဘောကျတယ်....၊ကဗျာလေးရော.....လို့မေးရင် ကြိုက်တာပဲ....၊
ပြောချင်တာတစ်ခုရှိတယ်....ပျံလေတဲ့ငှက်ခါး နားခါမှသိပေမပေါ့.....:P

mstint said...

ကဗျာလေးနဲ့ ပုံလေး လိုက်ပါ့ ကိုဖြိုးရေ။
အမြဲအားပေးနေပါတယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်