Pages

Tuesday, November 29, 2011

အသံမပါတဲ့သီချင်း



ဇက်ကြောတွေတက်တယ် မှတ်လောက်သားလောက်အောင် ထုနှက်လဲ မမှတ်ဘူး ဘယ်အချိန်ထိများ ဆက်မိုက်နေအုံးမှာလဲ မသိဘူး

စဉ်းစားရင်း ကွကိုယ်သနားလာလို့ လှည့်မကြည့်ပဲထားလိုက်တယ် သံယောဇဉ်က တွဲခိုလို့ မျက်နှာငယ်လေး ပြန်ကြည့်တယ် ဘယ်သူ့ကို

အချစ်ဆုံးလဲ မမေးပါနဲ့ လူကိုသာချောင်ပိတ်ပြီး ရိုက်သတ်ပလိုက် အခွင့်အရေးနဲ့ အခွင့်အလမ်းကို ခွဲခြားပြီး မျှော်လင့်ချက်နဲ့ မျှော်လင့်ခြင်း

ကွဲပြားမှပေါ့ အဲဒီကောင်ကို တစ်ခါတစ်လေ ချုပ်နှောင်ထားသင့်တယ် အပြစ်ရှိရှိမရှိပေါ့ ဒါတောင် ရှားရှားပါးပါး အိပ်မက်ကမက်သေး ငှက်

ဖြစ်ချင်နေတာ လေဟုန်စီးပြီး တစ်ခါတစ်ခါ လောကကြီးကို အပေါ်စီးကနေကြည့်ချင်လို့ လိုရာပျံသန်း ခရီးဆက်လှမ်းချင်လို့

သူကထွက်သွားလိုက်တာ သူလည်းလွန်ရော အသိဝင်လို့ လှည့်ကြည့်မိခါမှ ၂၁၉၀မကတော့ဘူး မလွမ်းဘူးလား မချိုမချဉ်မျက်နှာထားနဲ့

ဘယ်လိုပြောရမှန်း မသိပါဘူး ဒါကြောင့် စကားလုံးမရှိ အလွမ်း = စကားလုံးမရှိ ဘာဆက်လုပ်ရင်ကောင်းမလဲ မေးပါများတော့ စကားမရ

ဘာမှမတတ်နိုင်ပါဘူးကွာ နေစမ်းပါ အာလာဒင် မီးခွက်လေးရှိရင်လဲ အကောင်းသား ပေါ့ပေါ့နေပေါ့ပေါ့စားလား ရေခဲတုံး ဖင်ခုထိုင်လို့ပြောတာပဲ

ဆန်ကုန်မြေလေးတော့ တကယ်မဖြစ်သင့်ဘူး တစ်ခါတစ်ခါ သူ့ကိုအားနာသင့်တယ် လာပြန်ပြီ အဲဒီအားနာတယ်ဆိုတဲ့ စကား What mean is

အားနာခြင်း? သတိရတယ် ခရစ်စမတ်ရယ် ARMINI အနံ့လေးမပျယ်သေးဘူး မေလလည်း နှစ်တိုင်းဖြတ်ကျော်ရအုံးမှာပဲ ငါ့ကိုသတိမရပါနဲ့

နှင်းဆီပန်း တစ်းစည်းကတော့ အခြောက်လှမ်းဖို့ သိမ်းထားရင်း ပုတ်ကုန်တယ် ငါ့အခန်းကတော့ လတ်ဆတ်တုန်းပါပဲ ပူတဲ့သွေး ကြဲတယ်

သွေးခဲပဲကောင်းတယ် အတုံးလိုက်အတစ်လိုက် မုန့်လုံးကို ကြိုက်သလား အဲဒီလိုမမေးပါနဲ့ စားချင်ရင်စားတယ်။ မုန့်လုံးစက္ကူကပ်တာကို မကြိုက်တာ

သဘာဝဟာ သဘာဝပါ တိမ်တွေရပ်တန့်နေတာ ရုပ်ဆိုးတယ် တစ်ခါတစ်လေတော့ ပါးစပ်နဲ့ အသက်ရူတာ ရှိတာပေါ့ ဒါဆို အသံမပါတဲ့

သီချင်း သင်ခံစားကြည့်ပါ ။
posted from Bloggeroid

6 comments:

စံပယ်ချို said...

မလွမ်းဘူးလား = လွမ်းတာပေါ့
ဆန်ကုန်မြေလေးတော့ တကယ်မဖြစ်သင့်ဘူး = အဲတာမှန်တယ်
သဘာဝဟာ သဘာဝပါ = ပျံသန်းတဲ့ဌက်ကိုသူတို့မို့ဖမ်းချင်တာ
(ထီးဆိုင်သီချင်းလေ)

Cameron said...

ဘာတွေလဲ မသိဘူး နားမလည်ဘူး.......။

ညိမ်းနိုင် said...

ဘာပြောရမှန်းကိုမသိတော့ဘူး...နားလည်သလိုလိုတော့ရှိတယ်...၊အချိန်လေး
ထောင့်တုန်းကထက်ပိုမြင့်တယ်...၊ကြည့်ရတာ ကင်မရွန်းဟိုက်လန်းသွားတုန်း
ကရေးထားတယ်ထင်ရဲ့....:)

Candy said...

ဘာတွေလဲဟင်.. အစ်ကိုဟာက သိပ်မြင့်သွားတော့ ညီမနားလည်ဘူး.. >.<

...အလင်းစက်များ said...

အသံကြိုး အဖြတ်ခံရပြီး ကိတ်စ တုန်းသွားတဲ့ ဆီးရီးယားက အစိုးရ ဆန့် ကျင်ရေး သီချင်းဆိုသူ အကြောင်း သတိရသွားတယ်။ ဟီးဟီး

mstint said...

အသံမပါတဲ့သီချင်းမို့ထင်ပါရဲ့ နားမလည်ဘူးဖြစ်သွားတယ် ကိုဖြိုးရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်