Pages

Sunday, November 20, 2011

အရည်ပျော်သွားတဲ့ *နှင်း*


သာယာလှပတဲ့

နံနက်ခင်းတစ်ခုမှာဖြင့်

မထင်မှတ်ထားပါပဲနဲ့

အေးစက်စက်

အငွေ့အသက်တစ်ချို့နဲ့

အဖြူရောင်ဝတ်စုံကိုလွှမ်းခြုံလို့

ရောက်ရှိလာခဲ့တယ်_*နှင်း*

ငါ့ကမ္ဘာမှာ အုံ့ဆိုင်း မှိုင်းညို့တော့

ငါ့နေ့ရက်တွေ

ထွေပြား ဝေဝါးကုန်တယ်

အဲဒီလိုနဲ့

နေ့ရက်တွေက ငါ့ကို

ဖြူလွှလွှ ချစ်စရာ့ *နှင်း* နဲ့

တသားတည်းဖြစ်စေခဲ့တယ်။

*နှင်း* အကြောင်းတွေ စဉ်းစားဖြစ်တယ်

*နှင်း* အကြောင်းတွေ လေ့လာဖြစ်တယ်

*နှင်း* အကြောင်းတွေ ရှာဖွေဖြစ်တယ်

*နှင်း* ဟာ အေးမြတယ်

*နှင်း* ဟာ ဖြူစင်တယ်

*နှင်း* ဟာ လှပတယ်

*နှင်း* ဟာ သဘာဝရဲ့

အလှတရားတို့

စုစည်းရာလည်းဖြစ်တယ်

အဲဒါတွေ ရှာဖွေ တွေ့ရှိ

သိမြင်လာပြီးတော့

*နှင်း* ကို ပြောဖို့

*နှင်း* အရှေ့ရောက်တိုင်း

ခြေလက်အစုံအေးစက်လို့

မေးတွေရိုက်နေခဲ့တယ်။

ဒီလိုနဲ့ *နှင်း* လဲ

အေးစက်မြဲ အေးစက်နေခဲ့တယ်

*နှင်း* ကို ခပ်ဝေးဝေးကနေ

လှမ်းကြည့်ပြီး

*နှင်း* ရဲ့အလှ ဖြူလွှလွှကို

ကြည့်လို့မဝ

တသသနဲ့ရှိခဲ့ဖူးတယ်

*နှင်း* အရှေ့မှာ

ရင်ခုန်သံ အချို့လဲ

ွဖိတ်စင်ခဲ့ဖူးတယ်

ခပ်နွေးနွေးလေးပါပဲ

တကယ်ဆို ငါက

စိတ်ကူးယဉ်များဆန်နေမလား

*နှင်း* ကိုလက်ဖြားလေးနဲ့

တို့ထိဖို့တောင်

ဝန်လေးတတ်ခဲ့တာ

*နှင်း* ရဲ့အလှ

ပွန်းပဲ့သွားမှာစိုးကြောက်လို့လေလား

*နှင်း* ကသိချင်မှ သိမှာပေါ့

ငါ့ကမ္ဘာကလဲ ကျဉ်းတာကိုး

ငါ့ရဲ့မြတ်နိုး

တန်ဖိုးထားခြင်းတွေကတော့

*နှင်း* ရဲ့ ဖဝါးအောက်

ပုံဆောင်ခဲ တစ်ခုလို

ထုနဲ့ထည်နဲ့

ကမ ၻာႀကီးမွာ

ရာသီ ဉတုတွေ

ပြောင်းလဲနေတယ်ဆိုတာ

ငါမေ့နေခဲ့တယ် *နှင်း*

တစိမ့်စိမ့် ကြည်နူးရင်း

ခံစားမိသမျှ

နှင်းစက်တွေ အောက်မှာ

ငါ့ရင်တွေ ပူလောင်လွန်းတယ်

မကြာခင် *နှင်း*

အရည်ပျော်ကာ

ပျောက်ကွယ်သွားတော့မယ်

ဆိုတဲ့ အသိက

ငါ့ကိုခြောက်ခြားစေတယ်

ငါ့ရင်ခုန်သံတွေလည်း ဖရိုဖရဲနဲ့

သေသေသပ်သပ်

သီကုံးထားတဲ့

ခံစားချက်တွေလည်း

လွှင့်စင်ပျံ့ကြဲစေခဲ့တယ်။

ဒီလိုနဲ့ ငါ့ခြေလှမ်းတွေကို

တစ်လှမ်းခြင်း ရွေ့ရှားကာ

*နှင်း* နဲ့ ကွာဝေးစေခဲ့တယ်

မကြင်နာလို့ မဟုတ်ဘူး *နှင်း*

မမြတ်နိုးလို့ မဟုတ်ဘူး *နှင်း*

ဘယ်လိုအင်အားမျိုးနဲ့မှ

ရင်မဆိုင်နိုင်တော့လို့ပါ

ဝမ်းနည်း ပူဆွေး

လွမ်းဆွတ်နေရင်း

သဘာဝရဲ့

ပြောင်းလဲမှုအောက်က

အရည်ပျော်ကျသွားတဲ့

*နှင်း* ကို ငါ့ နှလုံးသား

တစ်နေရာမှာ

စိတ်ကူးဖော်ဆွ

ခပ်ရွရွလေး

ထားခဲ့မိတယ်။

»»»»»»»»»»»»»»»»»»»»»»»»»»»»«««««««««««««««««««««««««««
***
လေးစားစွာဖြင့် ~~~~ ဖြိုးမောင်မောင် (ctm)

posted from Bloggeroid

14 comments:

ညိမ်းနိုင် said...

အော်...ဒီဇင်ဘာတောင်ရောက်တော့မှာပါလားမိနှင်းရဲ့....၊

Cameron said...

“ကမ ၻာႀကီးမွာ
ရာသီ ဉတုတွေ
ပြောင်းလဲနေတယ်ဆိုတာ
ငါမေ့နေခဲ့တယ် *နှင်း*
တစိမ့်စိမ့် ကြည်နူးရင်း
ခံစားမိသမျှ
နှင်းစက်တွေ အောက်မှာ
ငါ့ရင်တွေ ပူလောင်လွန်းတယ်
မကြာခင် *နှင်း*
အရည်ပျော်ကာ
ပျောက်ကွယ်သွားတော့မယ်”
အဲဒီအပိုဒ်လေးဖတ်ပြီး စိတ်ထဲတော်တော်လေး ၀မ်းနည်းသွားမိတယ်...။ ကဗျာဆရာအရေးတော်တော်ကောင်းလို့ဖြစ်မယ်.......

Candy said...

ကဗျာလေး အရမ်းကောင်းတာပဲ အစ်ကိုရယ်..
တကယ်ပြောတာ
ကြိုက်တယ် :D

Anonymous said...

ငါကဗျာတွေနားမလည်ဘူး

ငါသိတာငါနှင်းကိုမနင်းရက်လို့

သူ့အလိုလိုပျောက်ဆုံးသွားမယ့်

နေသာချိန်ကိုစောင့်နေခဲ့တာ

လောကဓမ္မတာအောက်မှာ

မင်းပျောက်ကွယ်သွားသလို

ငါလည်းတနေ့ပျောက်ဆုံးသွားမှာပါနှင်း

khin oo may said...

ရေးတတ်ဘူးဟယ်။

khin oo may said...

နင်ဟာသိတ်မျက်နာများတယ်။

Anonymous said...

မများပါဘူးဟယ်
ရိုးရိုးသားသားလေးပါဟယ်

Anonymous said...

ခုန်မချပါနဲ့ဟယ်
ငါတို့ မလက္ကာသွားရင် လာတွေ့ရမယ်နော်

Anonymous said...

လျှောက်မတွေးရဘူးနော်
ပြောသာပြောရတယ်
တွေးပြီးနေလောက်ပြီ

Anonymous said...

အခုတလော မျက်ခုံးတွေလှုပ်နေတယ်

Anonymous said...

ငြိမ်ငြိမ်လေးနေရမယ်

မိုးယံ said...

အော်...နှင်း....နှင်း.....တစ်ကယ်တော့...

စံပယ်ချို said...

ကဗျာလေးကောင်းတယ်သိလား
ဖတ်ရတာကို ပြီးသွားမှာတောင်ကြောက်နေမိတယ်
ခင်ခင်မင်မင် jasmine

mstint said...

အရာရာဟာ မတည်မြဲတဲ့သဘောပေါ့ ကိုဖြိုးရေ။
ဘယ်လိုပဲဖြစ်စေ လက်ရှိအခြေအနေမှာ ရင်တွင်းခံစားချက် ကဗျာလေးကို အကောင်းဆုံးဖွဲ့ထားတဲ့အတွက် အားပေးသွားတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်