Pages

Monday, December 5, 2011

ကြိုးနှင့်ချည်၍စုစည်းသည် ၃


တစ်ခါတစ်လေတော့လည်း တစ်ချို့တစ်ချို့သော အကြောင်းအရာတွေက အစီအစဉ်တကျ

သင်လည်းဘဝဇာတ်ခုံ အဖုံဖုံမှာ ဇာတ်ဆရာအလိုကျ ကနေရတာမဟုတ်လား

သင်ရဲ့ပြိုင်ဘက်အပေါ်အကောင်းမြင်တတ်ပါစေ

ထမင်းလက်ဆုံမစားရတာ ၆ နှစ်ကျော်ပြီ အမေ

ချစ်လည်းမချစ် မုန်းလည်းမမုန်း သမင်လည်ပြန်နဲ့တော့ပြုံးမသွားပါနဲ့

စည်းတွေဘောင်တွေနဲ့ နေသားမကျလို့လားတော့မသိ မွန်းကြပ်တယ်

ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက်

သင်ဝမ်းနည်းနေသလား မျက်ရည်မိုးများရွာသွန်းလိုက်ပါ

မီးရောင်စုံလင်းလက်တိုင်း စိတ်ကူးအချို့မလင်းလက်နိုင်ပါဘူး

ကျွန်ုပ်သည် နောက်ကျကျန်ခဲ့သော ခပ်ညံ့ညံ့လူတစ်ယောက်သာ

လှမ်းမျှော်ကာငေး တဖြည်းဖြည်းဝေးသွားတာပါပဲ

သင်သွားသောအရပ်နှင့် ကျွန်ုပ်သွားလိုသောအရပ် မတူညီပါက လမ်းခွဲရမည်သာ

ကျွန်ုပ်သည် လူရှင်းသောလမ်းပေါ်တွင် တိုးဝှေ့ကာလျှောက်ခဲ့ဖူးသည်

လူရှုပ်သောလမ်းပေါ်တွင်လည်း ခပ်ရှင်းရှင်းလျှောက်ခဲ့ဖူးသည်

သင်လည်းကွေ့ရှောင်၍ လျှောက်တတ်ပါစေ

အရာရာ မျှတစွာရှုမြင်တတ်ပါစေ

အဲဒီအရုပ်လေးကိုတွေ့တယ် လူတွေကအရုပ်အနားပြေးပြီ လက်ကိုဆွဲလိုဆွဲ ဖက်လိုဖက်နဲ့ ဓါတ်ပုံရိုက်ကြတယ် ပထမတော့ သူတို့တွေလို အရုပ်လေးနဲ့ ဓါတ်ပုံရိုက်ချင်သား
အတွေးတစ်ခုဝင်လာလို့အတူတူတွဲမရိုက်တောဘူး အတွေးထဲမှာ အရုပ်ကလေးကပြောတယ် သင်လည်းခနတာအတွက်သာ လက်တွဲသွားမယ်ဆိုရင်ဝင်မလာခဲ့ပါနဲ့တဲ့

ကျွန်ုပ်အား ဘဝကိုရိုးရှင်းစွာဖြတ်သန်းနေသည်ဟု တစ်ချို့တစ်ချို့အသိအမှတ်ပြုကြသည်

ခရစ်စမတ်တဲ့ သြော် ခရစ်စမတ်ပါလား

အတွေးအခေါ် အယူအဆ ယုံကြည်ချက်များ

မျှော်လင့်ချက်တွေဖြစ်မလာဘူးဆိုရင်တောင် စိတ်ကူးအိပ်မက်တွေက တွဲခိုနေအုံးမှာပါ
MARRY CHRISTMAS AND HAPPY NEW YEAR TO YOU ALL

posted from Bloggeroid

6 comments:

Crystal said...

တော်ချက်......

စံပယ်ချို said...

မေမေနဲ့ထမင်းတူတူ မစားရတာလဲတူတယ်
အပြင်မှာတော့နောက်မကျဘူးပါဘူး
ဘ၀ရဲ့အောင်မြင်မှုတွေကတော့သူများထက်နောက်ကျနေတယ်
ပုံတွေအားလုံးရှယ်ပဲ
ခင်ခင်မင်မင် jasmine

Cameron said...

ပုံတွေရော စာသားတွေရော အကုန်ကောင်းတယ်...အရုပ်ကလေးကိုပြောသွားပုံလေးလဲ မိုက်တယ်...။ ဟုတ်ပါ့ တော်ချက်...ဖြိုးတို့က...။

ညိမ်းနိုင် said...

ဟုတ်ပါ့...ဒါ့ပုံတွေကို သရုပ်ဖော်စာတန်းလေးတွေထိုးသွားတာ ကောင်းထှာ...၊
ဘဝကိုရိုးရှင်းစွာ ကင်မလာတလုံးနဲ့ ဖြတ်သန်းနေတဲ့ အူတူတူငနဲလေးတစ်
ယောက်ဆီမှာ ဒီလို အိုင်ဒီယာမျိုးလေးတွေရှိတတ်ကြောင်း လူတိုင်းကိုသိစေ
ချင်ရဲ့....:)))

Candy said...

တွေးလည်း တွေးတတ်ပါ့.. ဓာတ်ပုံတွေမိုက်တယ်... စောသေးတယ်လေ Happy မ new year နဲ့ဦး :D :D

မိုးယံ said...

မိုက်လဒယ်...ဒါ့ပုံတွေဂို...အတွေးတွေ ထည့်ဝါးတာ...ဂွတ်ထ ဂွတ်ထ