Pages

Saturday, December 31, 2011

သူကျွန်တော့်ကိုထားခဲ့တယ်




ထိုနေ့က ရာသီဉတုသည် သာယာလေသည် လေညှင်းလေးတွေတိုက်ခတ်သည် ကောင်းကင်ယံတွင် တိမ်စိုင်အချို့က လှချင်တိုင်းလှကာ ပြေးလွှားဆော့ခစားနေကြလေသည်။ ငှက်ကလေးတွေလည်း ပျံသန်းကာ အုပ်စုဖွဲ့၍တေးသီနေကြလေသည်။ မြင်မြင်သမျှ ပန်းတွေလည်း လှပလို့နေသည်။ သူ့အိပ်ကပ်ကိုခပ်ဖွဖွလေးကိုင်လို့. သူ့မျက်နှာတွင် အပြုံးတစ်ချို့ခိုတွဲလို့နေသည်။ လူတချို့ သူ့ကိုလှည့်ကြည့်သွားကြလေသည်။ မည်သို့ထင်မည်ကို သူစိတ်မဝင်စားပါ။ သူတစ်ချက်တစ်ချက် ဆက်ပြုံးကာ
လျှောက်သွားလေသည်။ ထိုနေ့သည် သူ့အတွက်အပျော်ဆုံးနေ့ ဖြစ်နေမှာသေချာလေသည်။
=================== ================================================

***********************************************************************************************
ဒီနေ့တော့. စာစောအိပ်ရာထပြီး ရေချိုးလေသည် မြို့ထဲသွားရန်ကိစ္စရှိသောကြောင့်ဖြစ်သည်။ေ စာင့်ဆိုင်းရသည်ကို မနှစ်မျို့လှပေ။ သူ့စောင့်ကိုယ့်စောင့်. ထိုစောင့်လုပ်များကို စိတ်အပျက်ဆုံးပင်။ ထို့ကြောင့်. တစ်ယောက်တည်းသွားလေသည်။
မည်သူ့ကိုမှစောင့်စရာမလိုပေ စိတ်ချမ်းသာရသည်။ မြို့တွင်းသို့ ဘက်စ်ကားခ. ၁ကျပ်ခွဲသာပေးရသော်လည်း အငှားကားလျှင်မူ ၁၀ ကျပ်နီးပါးပေးရလေသည်။ သူသည်အချိန်ကုန်သက်သာစေသည်။ ပိုက်ဆံရှိလျှင် မမှုပေ အပေးအကမ်းရက်ရောလေသည်။
ဒီနေ့အဖို့တော့ အဝိုင်းသေးသဖြင့် ကားမှတ်တိုင်သို့. အငှားယဉ်ဖြင့်ပင်မသွား ကိုယ်လက်လှုပ်ရှားခြင်းအလို့ငှာ လမ်းလျှောက်လေသည်။

ဤလမ်းကိုဖြတ်လျှောက်ခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ ဘယ်လောက်ကြာခဲ့ပြီလဲဆိုတာကိုတော့ မပြောတတ်ပေ
ဤသည်ကား အားနည်းချက်။ လေပူအချို့ဖြတ်တိုက်လာသည်။ေ န့လည်၁၂ ခန့်. မလေးရှားနေပူချိန်သည်
အညိုးကြီးစွာဖြင့်. လေနုအေးများကိုပင်ေ လာင်မြိုက်လေရော့သလားဟု ထင်မှတ်ရလေသည်။ ထို့ကြောင့် ပူပြင်းသည်ကို
မနှစ်မြို့ပါ အစားအသောက် ပူပြင်းလျှင်လည်း မနှစ်မြို့ပါ လျှာခနခန ကျက်လေသည်။ ပူပြင်းသောကလေး တနည်း ငိုယိုပြီးဂဂျီဂဂျောင်ကျတတ်သောကလေး မနှစ်မြို့ပါ။ ငိုသံကြားလျှင် နားမခံနိုင်ပါ။ ကြေးစည်သံကြားသောခွေးနှင့်ဆင်တူသည်။ ပူပြင်းလှသော နေရောင်အောက်တွင် ကားမှတ်တိုင်သို့. နဖူးမှချွေး ခြေမကျသည်အထိေ လျှာက်ရပါသည်။
**ကိုတာရာယာ ---ကေအယ်လ်စီစီ ---မာရီမာရီ** ဟုအော်သံအဆုံး မိတ်ဆွေဟောင်းများနှင့်. တွေ့သကဲ့သို့
အားရဝမ်းသာ လက်ပြလိုက်လေသည်။

ထို့နောက် ကားပေါ်သို့ တက်လိုက်ကာ ဟိုဟိုဒီဒီ လျှောက်ကြည့်လေသည်။ တစ်ခုံတည်းမှာ တစ်ယောက်တည်းထိုင်ချင်သည်။
ဆိုလိုသည်မှာ တစ်ယောက်စာထိုင်ခုံဖြစ်သည်။ ထိုခုံမှာအများအားဖြင့်. ကား အလယ်ပေါက်၏ ဘေးနှင်. အဝင်ဝနှင့်ထိပ်တိုက်နေရာတွင်ရှိတတ်လေသည်။ ကံကောင်းစွာပဲ ထိုခုံတွင် လူရှိမနေပေ။ ခပ်သုတ်သုတ်လျှောက်၍
ဝင်ထိုင်လိုက်သည်။ လက်စွဲတော် လွယ်အိတ်ကိုပင် ပိုက်ထားလိုက်လေသည်။ အထဲတွင် ပါဝင်သောပစ္စည်းများမှာ
ကြက်အစာကောက်သော သင်ပုန်းကြီး နားကျပ် လက်သည်းညှပ် ပိုက်ဆံအိတ်ေ ဘာပင် လျှပ်စစ်အားသွင်းသောကြိုး
အတိုအစများ ရေးထားသော စက္ကူအပိုင်းအစများ အင်တာနက်ဘေလ်ဆောင်ထားသော စာအိပ်များ တစ်ရှုး
စလုံးလက်ဆောင်သော့ချိတ် လက်ပတ်ကြိုး ရက်လများစွာက ကားလက်မှတ်များ ဈေးဝယ်ထားသောဖြတ်ပိုင်းစာရွက်များပင် ဖြစ်လေသည်။

ထို့ကြောင့်. ရင်ဝယ်ပိုက်ထားရခြင်းဖြစ်လေသည်။ ထိုအိတ်မှာ ယခုဆိုလျှင် ၄ နှစ်ေ ကျာ်နေပြီဖြစ်သည်။
ကြိုးရှည်သည်ထင်သောကြောင့်. ခပ်တိုတို အလယ်မှထုံးထားလေသည်။ အပြင်ဇစ်မှာလည်းပျက်နေလေပြီ ထိုအိတ်ကို ပခုံးတစ်ဖက်တွင်ချိတ်၍လွယ်သည်။ မည်သူမှထိုသို့. စတိုင်ထုတ်၍လွယ်သည်ကို ဤမလေးရှားတွင် ရှိမည်မထင်။ ထိုဘက်စ်ကားကြီး စီးရင်း မျက်စိရှေ့ကထိုင်ခုံရဲ့. သံဘောင်ကို သတိပြုမိလေသည်။ ထိုသံဘောင်မှာ ဉီးခေါင်းအထက် နေရာတွင်ရှိပြီး လက်ကိုင်အဖြစ်လည်း အသုံးပြုလေသည် ခပ်ပွပွအိအိ ဖေါ့တစ်မျိုးဖြင့် ဖုံးအုပ်ထားသည်။ ယခုမူကား လက်ကိုင်အလယ်နေရာတွင် သံသားချည်းသက်သက်သာ ကျန်တော့သည်။ ရေတိုက်စား၍လောေ လတိုက်စား၍လော စဉ်းစားမနေပါနှင့်
ပုရိသအပေါင်းက. လက်ကမြင်း၍သာ ထိုသို့ဖြစ်သွားရခြင်းပါ။ တစ်ယောက်နဲနဲချင်းစီ ဖဲ့သွားခြင်းကြောင့်ပါ။
တော်တော်ကို အသိဉာဏ်နဲ့တဲ့ လူတွေရဲ့ လုပ်ရပ်တွေပါ။ ကိုယ့်အတွက်လဲဘာအကျိုးမှမရှိပဲ ဖျက်လိုဖျက်ဆီး သိပ်လုပ်ကြပါလားလို့ အတွေးဝင်မိတယ် ဒါလားတိုးတက်ပါတယ်ဆိုတာ ဘက်စ်ကားတွေ အားလုံးကစုတ်ပျက်နေတာပဲ။ ကျွန်တော်တို့ အမျိုးကောင်းသား ရွှေမြန်မာများမှာလည်း စည်းကမ်းတကျနဲ့ ကွမ်းတံတွေးတွေ ထွေးထားကြတာများ ချတောင်ဖို့ နှင့်ပင် အမှတ်မှားရပေသည်။

တွေးလက်စ အတေွးစတွေကိုဖြတ် ဂိတ်ဆုံးသောကြောင့် ခပ်သွက်သွက်ပင် ကားပေါ်မှ ဆင်းခဲ့လေသည်။
ကိုတာရာယာဟုခေါ်တွင်သော ထိုအရပ်သို့ အရေးတကြီး မသွားမဖြစ်မှသာ သွားလေသည်။ လူရှုပ်လူပွေ လူပေလူတေ
လူလိမ်လူညာ ခေါင်းပုံဖြတ် အမြတ်ထုတ်သော လူအများကြတ်စားရာနေရာပင် ဖြစ်လေသည် လူအရမ်းရှုပ်သောနေရာများကို မနှစ်မြို့ခြင်းကြောင့် လည်း ဖြစ်လေသည်။ ထိုအရပ်သို့ ရောက်သည်နှင့် လုပ်စရာရှိသည်များ
ကို အပြီးသတ်ပြီးတာနှင့် ပြန်လေသည်။ ခပ်သုတ်သုတ်လျှောက်၍ မှတ်တိုင်တွင် အသင့်စောင့်နေသော
ကားပေါ်သို့လှမ်းတက်လိုက်ကာ နေရာလွတ်ကို ရှာဖွေရလေသည်။ လာတုန်းကအတိုင်း တစ်ယောက်ထိုင်ခုံလွတ်နေ၍ အားရဝမ်းသာ ဝင်ထိုင်လိုက်လေသည်။ ကားကမထွက်သေး လူထပ်စောင့်နေသည်။ ထိုအချိန်တွင် ယဉ်ကျေးသိမ်မွေ့ဟန်တူသော မဒီကညှာရွှေမြန်မာမလေး တစ်ယောက် ကားပေါ်သို့ ဒေါက်ဒေါက်ဒေါက်နှင့် တက်လာလေသည်။ လက်တစ်ဖက်တွင် စလင်းဘတ်
တစ်လုံးနှင့် ကျန်တစ်ဖက်မှာ ဘတ်အိပ်တစ်လုံးကိုလဲ ဆွဲထားလေသည်။ သူသိပ် ကံဆိုးလေပြီ ကားပေါ်တွင်ထိုင်ခုံတစ်ခုမှံ မလွတ်တော့ပေ။

ထို့ကြောင့် အထုတ်ကိုတစ်ဘက်ကဆွဲ ကျန်တစ်ဖက်ဖြင့် တန်းကိုကိုင်ထားရလေသည်။ သိပ်မကြာလိုက်ပါ ကုလားတစ်အုပ်စုတက်လာလေသည်။ ထို့ကြောင့်မရွှေချောမှာ ကားကိုတွယ်ကုလားတွေအလယ် မှာ တစ်ယောက်တည်း မျက်နှာစူပုတ်နေလေတော့သည်။ ထိုအချိန်တွင် အမဒီမှာလာထိုင်လိုက်ပါ ဟုကျွန်ုပ်ပြောလိုက်လေသည်။ သူလည်းကျွန်ုပ်ဖယ်ပေးသော ထိုင်ခုံတွင်ဝင်ထိုင်လိုက်လေသည်။ ကျွန်ုပ် ကားလက်ကိုင်တန်းကိုတွယ်ရင်း ထိအမျိုးသမီးရွှေမမကို တချက်ကြည့်မိကာ စိတ်ထဲတွင်အံ့သြရပေသည်။ တချက်လေးတောင်လှည့်မကြည့် ခပ်တည်တည်ပင် ထိုင်နေလေသည်။ ကျွန်ုပ်သည်ထိုအမျိုးသမီးအား စေတနာသန့်သန့်နှင့် ထိုင်ခုံကိုနေရာဖယ်ပေး၍ ထိုင်စေခဲ့ခြင်းသာဖြစ်သည်။ ဘက်စ်ကားသည်လည်း တရွေ့ရွေ့ဖြစ် ထွက်ခွာလာရာ အတွေးတချို့လဲစီးနင်းလိုက်ပါလာခဲ့လေသည်။

အိမ်ပြန်ရောက်တော့  ခနအနားယူကာ ရေးချိုးပြီး အလုပ်သို့ပြေးရလေတော့သည်။ ဒီလိုပဲ ထူးမခြားနား နေ့ရက်များကိုဖြတ်ကျော် လာခဲ့ပါသည်။ ၂၀၁၁ သည်လည်း ကျွန်ုပ် အတွက်တော့ ထူးခြားမှုမရှိတဲ့သာမာန် နှစ် တစ်နှစ်ပင်ဖြစ်ပါသည်။ ၂၀၁၂ ကိုရောက်တော့မယ်ဆိုတဲ့ အသိက အိပ်မက်လိုလို ဖြစ်နေပါသည်။

အို့အဖဘုရားသခင် သားတော်ကို ကောင်းချီးပေးတော်မူပါ။ ချစ်ခင်ရပါသော သူငယ်ချင်းများ မိတ်ဆွေအပေါင်းအသင်းများ လာရောက်လည်ပတ်ကြကုန်သော ဧည့်သည်တော်များ ဤ ၂၀၁၂ နှစ်သစ်မှာ ပျော်ရွှင်မှုအပေါင်း ခညောင်းလို့ ကံကောင်းခြင်းများစွာနဲ့ ကျမ်းမာချမ်းသာကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

11 comments:

Anonymous said...

ပျော်ရွှင်ပါစေလို့ဆုတောင်းပါတယ်

ကိုထွဋ် said...

wish you happy new year :)

Candy said...

ယဉ်ကျေးမှု မရှိတာပေါ့.. ကျေးဇူးတင်စကားလေးတောင် မပြောဘူး..
Happy New Year ပါနော်...
ဒေါ့ကွန်းကြီးဖြစ်တွားပီ အဟိဟိ :D :D

Cameron said...

2012 ဟာ ဖြိုးအတွက် ပျော်ရွှင်မှုတွေနဲ့ပြည်စုံနေလိမ့်မှာ သေချာပါတယ်..။

ညိမ်းနိုင် said...

Happy new year Phoye:)))

minnyinyi said...

happy new year bro....နှစ်သစ်မှာပျော်ရွင်မှုအပေါင်းနဲ့ခညောင်းပါစေလို့ဆုတောင်းပေးလိုက်ပါတယ်....

mstint said...

ပျော်ရွှင်ဖွယ်နှစ်သစ်နဲ့အတူ ကိုယ်စိတ်နှစ်ပါး
အေးချမ်းစွာဖြင့် လောကီလောကုတ္တရာ
နှစ်လီနှစ်ဝ လိုအင်ဆန္ဒများ ပြီးပြည့်စုံပါစေ ကိုဖြိုးရေ။
Happy New Year !!!

မေတ္တာဖြင့်
အန်တီတင့်

khin oo may said...

အထုတ်ကလေးဘဲယူထားပေး နောက်တစ်ခေါက်ဆိုရင်.

khin oo may said...

နစ်သစ်မှာပျော်ရွင်ပါစေ.။

ညိမ်းနိုင် said...

နင်ဒေါ့ကွန်ပြောင်းသွားတော့ ငါ့ဆီအသစ်မတတ်တော့ဘူးဟေ့....၊ခုမှရောက်
တယ်...ပြန်ပြောင်းချိတ်လိုက်မယ်..ဒါဗြဲ

ပဥာက် said...

ကိုတာရာယာဟုခေါ်တွင်သော ထိုအရပ်သို့ အရေးတကြီး မသွားမဖြစ်မှသာ သွားလေသည်။ လူရှုပ်လူပွေ လူပေလူတေ
လူလိမ်လူညာ ခေါင်းပုံဖြတ် အမြတ်ထုတ်သော လူအများကြတ်စားရာနေရာပင် ဖြစ်လေသည်