Pages

Saturday, December 3, 2011

ကြိုးနှင့်ချည်၍ စုစည်းသည် ၂


နားရွက်မီးလောင်သွားသော ဘီးကြဲလက်ဆောင် နောက်တခုကျန်သေးတယ်

အမှောင်ယံည သော်တာအလှ မှုန်ပြပြ တခါတလေ အဲလိုလေးငေးကြည့်ပြီး အတိတ်ကိုပြန်လွမ်းမိတယ်။

ပန်းကလေးများပွင့်တော့မည် ဖူးတံဝင့်လို့ချီ နေချည်မှာရွှေရည်လောင်း ငါတို့စာသင်ကျောင်း


အမြတ်တနိုး သိမ်းမထားပါနဲ့ အခြောက်လှမ်းလိုက်ပါ

သေသပ်လှပလိုက်တာ အပင်လေးက .............ဘဝကတော့ ငယ်ရာကနေကြီးလာတယ် ခုထိသေသေသပ်သပ် မရှိသေးဘူး

အရင်ကတည်း အဲဒီဆင်ကြီးသာရှိခဲ့လျှင်

ပန်းပျိုးတဲ့လက် ကြမ်းချင်ကြမ်းမယ် နှလုံးသားတော့နုတယ်

လူသူကင်းရှင်းတဲ့လမ်းမကြီးပေါ်မှာ ရင်ခွင်ဟင်းလင်းကြီးနဲ့ သွားလိုက်ပြန်လိုက်ပေါ့

ဘဝခရီးလမ်း အဲဒီလိုသာဖြောင့်ဖြူးကြေးဆို မိုင်ကုန်တင်ပြီး ထင်ရာစိုင်းမိမလားပဲ

တိုက်ကိုရိုက်တော့ တိမ်ကမှောင်သွားတယ် တိမ်ကိုရိုက်ပြန်တော့ တိုက်ကမှောင်သွားတယ် သင် ဘာကိုလိုချင်ပါသလဲ ဆုံးဖြတ်ချက် မှန်ကန်ပါစေ

ကျွန်ုပ်အရှုံးပေးပါသည် အနိုင်ယူတတ်သော လောကကြီးအတွက်


ဘဝရဲ့လမ်း

တခါတလေ စိတ်ကူးတွေက စိမ်းလန်းလှပတယ်

တခါတလေလည်း ရင်ထဲမှာ အုံ့ဆိုင်းမှိုင်းညို့ အလွမ်းတွေက ပျို့ပျို့တက်လာတယ်

နှလုံးသားက ဒါဏ်ရာတွေများတော့ အဲဒီလိုပါပဲ ဝင်လာခဲ့ပါ မင်းအတွက်နေရာချန်ထားတယ် :-)

တခါတော့လဲ စိတ်ရဲ့ခေါ်ဆောင်ရာနောက်ကို လိုက်သွားရတာ ဖြေးဖြေးညိမ့်ညိမ့်လေး လူးလွန့်လို့

အို့းမှားလို့ ဆောရီး ပြန်မဖျက်ချင်တော့ဘူး ကြော်ငြာဝင်တယ်လို့ပဲသဘောထားတော.:-)



လှောင်ချိုင့်ထဲကဘဝများ

နှင်းဆီဖြူမှချစ်မှာလာ့း 

သင်မှန်ကြည့်တဲ့အချိန် မှန်ထဲမှာ ဘယ်သူ့ကိုမြင်ပါသလဲ မိမိကိုယ်ကိုယ်သတိပြုတတ်သောစွမ်းရည်ရှိပါစေ

စိတ်အစဉ် ကြည်လင်အေးမြပါစေ (အန်တီတင့်ပြောတာနော် :-)

posted from Bloggeroid

5 comments:

Crystal said...

ဖြောင်း ဖြောင်း ဖြောင်း

နှင်းဆီ အဖြူမှ :)

မိုက်တယ်

ဂိုးအွန်

Cameron said...

အစိမ်းရောင်အရွက်ကလေးရိုက်ထားတာမိုက်တယ်....။ ဓါတ်ပုံတွေကို နာမည်ပေးတာတော်တယ်....။ wall's ရေခဲမုန့်ရဲ့စာသားလေးကြိုက်တယ်...။ နှင်းဆီအဖြူ... အင်း...ကြိုက်တယ် ဒါပေမယ့် အနီလိုတော့သူက အနံ့မရှိဘူးနော်...။

ညိမ်းနိုင် said...

ကတောက်.....ဒုတိယအကြိမ်မြောက်တောက်ခေါက်သွားတယ်.....ဟွင်း...
နာတော့မယ်...သင်းတော့....။ကြော်ငြာကိုပဲသဘောကျသွားသကွဲ့....:P

Candy said...

ဟဟဟ.. ကြော်ငြာက၀င်သေးတယ်..
တခါတလေ စိတ်ကူးတွေက စိမ်းလန်းလှပတယ်ဆိုတဲ့ ပုံလေးရေလည်မိုက်တယ်.. Pro ကြီး.. ဟီးဟီး :D :D xD

mstint said...

ဓာတ်ပုံလေးတွေ ကောင်းလိုက်တာ ကိုဖြိုးရေ။ အောက်ဆုံးပုံလေးလည်း ကြည့်ပြီးရော.....
ကိုဖြိုးတောင်းတဲ့ဆုနဲ့ပြည့်ပါစေကွယ် ဟိဟိ

မေတ္တာဖြင့်
အန်တီတင့်