Pages

Sunday, January 8, 2012

ကြိုးတစ်ချောင်းနဲ့သံစဉ်တစ်ပုဒ်


Image from google

တခါတလေ လောကကြီးက
နေချင်စဖွယ် မကောင်းဘူး
သူတို့ပြောပြောနေကြတဲ့အချစ်
သူတို့ပြောပြောနေကြတဲ့အလွမ်း
သူတို့ပြောပြောနေကြတဲ့ဘဝ
အပေါင်း အနုတ်
အမြှောက် အစားတွေကြား
ငါ အက်ကွဲစပြုလာတော့
ပြန်ပြန်ဆက်နေရတာ အမော
မြူနှင်းတွေကြားက
မနက်ဖြန်တွေအတွက်
အိပ်မက်ရင်း
ငါ ကြိုးလေးတစ်ချောင်းနဲ့
ချည်ထားပါရစေ။
posted from Bloggeroid

2 comments:

Candy said...

ကဗျာလေး ကောင်းတယ်အစ်ကိုရေ........ စာမရေးတာကြာဘီ.. ဖဘမှာကျတော့ တက်ကြွနေပြီးတော့.. စာပြန်ရေးဦး ဖတ်ချင်လို့..
ဖဘကင်းကြီး... ဟွန်း :P

Cameron said...

ကဗျာလေးရဲ့ စကားလုံးတွေအစအဆုံးအမှန်တရားတွေချည်းပဲ....။ ဖတ်ပြီး ကြေကွဲဆို့နင့်မှုတစ်ခုကိုခံစားလိုက်ရတယ်...။