Tuesday, January 10, 2012
အရူးတစ်ယောက်နှင့် လွင်ပြင်တစ်ခု
တခုတည်းသောညတညဝယ် ငွေလကသာလို့ အေးချမ်းမှုတွေခြုံလွှမ်းထားတဲ့ လွင်ပြင်ငယ်တခုကို
ကျွန်ုပ်ရောက်ရှိခဲ့ပါသည်။ စိတ်ကပင်မယုံရဲ အိပ်မက်ဟုပင် ထင်ခဲ့မိလေသည်။ ထိုနေရာတွင်
အရာရာက ကြည်နူးဖွယ်ရာအတိ ထို့ကြောင့်လည်း ကျွန်ုပ်၏စိတ်ကူးစိတ်သန်းများ ပြီးပြည့်စုံလို့
သာယာလှပခဲ့သည်မဟုတ်ပါလား။ ထိုလွင်ပြင်ငယ်လေးမှာ တိမ်တိုက်တချို့ပြေးလွှားနေတာ
ငေးကြည့်ခဲ့ဖူးတယ်။ ကျေးငှက်မောင်နှံတို့ တေးဆိုနေတာကို နားဆင်ခဲ့ဖူးတယ်။ ထိုနေရာ
တွင် နှင်းဆီရနံ့တွေထုံအီသင်းလို့ ပွင့်ဖတ်တွေကြား ကျွန်ုပ်အိပ်မောကျဖူးလေသည်
တခါတလေလည်း မြူခိုးတွေအုံ့ဆိုင်းလို့ အေးစက်စက်ညတွေ ကျွန်ုခံနိုင်ရည်မဲ့စွာနဲ့
ဖြတ်ကျော်ခဲ့ရဖူးသည်။ အဲဒီနေရာဟာ ကျွန်ုပ် တခါမှရှာမတွေ့ဖူးသေးတဲ့နေရာ ထိုနေရာကို
ရောက်မှန်းမသိ ရောက်ရှိခဲ့တာလည်း အိပ်မက်ဟုပင် မြင်ယောင်မိသည်။ ဘာပဲဖြစ်ဖြစ်
ထိုလွင်ပြင်လေးဟာ ကျွနုပ်အတွက်တော့ ကန္တာရထဲက အိုအေစစ်လေးပါ။ ကျွန်ုပ်၏
ယုံကြည်ချက်များ မျှော်လင့်ချက်များသည် ထိုလွင်ပြင်ငယ်ထဲတွင် ပျော်ဝင်စီးမျောနေခဲ့သည်။
ထို့ကြောင့်လည်း ကျွန်ုပ်သည် အိပ်မက်များနှင့် ယဉ်ပါးခဲ့သည် အပြုံးများနှင့် ကျွမ်းဝင်ခဲ့သည်။
နေ့သစ်တခုရဲ့ အလင်းရောင်ခြည်များအောက် ကျွန်ုပ် ခပ်ဖွဖွလျှောက်ဖြစ်ခဲ့သည်။ထိုလွင်ပြင်ငယ်
သည် ကျွန်ုပ် ယုံကြည်ရာနေရာ ငြိမ်းချမ်းမှုတွေပြည့်စုံနေမည့် နေရာဟု
သတ်မှတ်ထားခဲ့မိလေသည်။ သို့သော် ကျွန်ုပ်၏ စိတ်ကူးအိပ်မက်မျှသာဖြစ်လေသည်။ ဘယ်အရာ
မှတည်မြဲခြင်းမရှိသည်မဟုတ်ပါလော။ ထိုနေရာသည် ကျွန်ုပ်ရှေ့မှ ရုတ်ချည်းပျောက်ကွယ်သွားနိုင်
သည်သာဖြစ်သည်။ ကျွန်ုပ် နေ့စဉ်ဖြတ်လျှောက်နေသောကြောင့် ခြေရာများအား ညီးငွေ့နေမည်
သာ။ ဘာပဲဖြစ်ဖြစ် ကျွန်ုပ် ကြိုတင်ပြင်ဆင်ထားရပေမည်။ အရာရာကိုခံနိုင်ရည်ရှိချင်သည်။
တကယ်တော့ ကျွန်ုပ်သည် အရူးတစ်ယောက်သာဖြစ်သည်။ ထိုနေရာအား တပ်မက်တွယ်တာသော
စိတ်ဖြင့် ရူးသွပ်နေခြင်းသာ။ ကျွန်ပ်သည် သေးဆုံးခါနီးပြီဖြစ်သော သွပ်သွပ်ခါအောင် ရူးနေသည့်
အရူးတစ်ယောက်သာဖြစ်ပါသည်။ ကျွန်ပ် ရရှိခဲ့သော တပ်မက်တွယ်တာခဲ့သောအရာအားလုံးအား
တန်ဖိုးထားမြတ်နိုးနေမည်သာ။ ထို့ကြောင့်ညီးငွေ့လွယ်တတ်တဲ့ လွင်ပြင်ငယ်ရဲ့
စိတ်တစ်ခုအစား ကျွန်ုပ် ဆိတ်ကွယ်ရာ အရပ်တစ်ခုမှာလူမသိသူမသိ သေဆုံးသွားချင်တယ်။
Subscribe to:
Post Comments (Atom)
2 comments:
အမှန်ကိုမြင်နိုင်သေးသရွေ့တော့ အရူးတစ်ယောက်ဟာလည်း အရူးမပီသနိုင်သေးဘူး.....။ ကဝေတွေ စုန်းတွေဟာ သူတို့ပြုစားထားတဲ့သူ တကယ်ခံစားနေရသလားဆိုတာ လာလာပြန်ကြည့်တတ်တယ်တဲ့ ကိုဇော့်ရဲ့ ပို့စ်တစ်ခုမှာဖတ်ဖူးတယ်...။
အင်း.. အရာရာကို ခံနိုင်ရည်ရှိရမှာပေါ့ :)
Post a Comment