Pages
Wednesday, June 6, 2012
ခလုတ်တချက်ဧ။် နောက်ကွယ်
'
အဲဒီနေ့ က မပြန်ဖြစ်ဘူးလေ။ အိပ်တလုံးလွယ်ပြီး လျှောက်သွားဖြစ်တယ်။
အရာရာတိုင်းဟာ လှပလို့ နေတယ်။ ခင်မာကို လက်မှာဆွဲ မြင်သမျှရိုက်တယ်။
မှတ်ချက် .....ကျွန်တော် ဓါတ်ပုံဆရာမဟုတ်ပါဘူး။
(စိုးမိုးလွန်းတဲ့ နှင်းဆီ)
တကယ်တော့ ကျွန်တော်က ထီးနဲ့ တံခွန်ကိုပဲ ရိုက်လိုက်တာ နှင်းဆီကပါနေတယ်။
 (ဝမ်းရေးတထွာ)
ဘဝက အဝေးကြီးမျှော်ကြည့်ရတာ ရင်ထဲမွန်းကြပ်မိတယ်လေ။ ဒါကြောင့် လက်ရှိအခြေအနေကိုပဲ တလှမ်းချင်းလျှောက်နေမိတယ်။စိတ်ကူးတွေနဲ့ ယဉ်ပါး ကျွန်တော့်နေ့ ညတွေ ရှည်လျှားချင်သေးတယ်။
 ကျောက် ကောင်းမကောင်း ကျွန်တော် မသိပါဘူး။  ကျွန်တော် လူကဲခတ်ညံ့ တယ်။
   ( တောင်းမှာအကွပ် လူမှာအဝတ်)
သင် မြန်မာဆန်ဆန်အလှကို ချစ်မြတ်နိုးတတ်သူဖြစ်ပါစေ။
တကယ်ဆို ကျွန်တော် မခင်ဦးမေလို ရေးချင်တာ ။
ရေးလို့ မရဘူးရယ်။  ခက်တယ် ။  သင်ပိုက်ဆံတွေအများကြီးရှိသလား။ ဘာလုပ်မှာလဲ။ 
   အရိပ်တခုနဲ့ အတူ ကျွန်တော် လွင့်မျောခဲ့ တယ်။ နေကလဲပူ လေကလဲပူ ရင်ခွင်တခုလုံးကတော့ အေးမြလို့နေခဲ့ တယ်။
တနေရာအရောက် အဲဒီနှစ်ယောက်ကို ရိုက်လိုက်တယ်။  ဘာရယ်မဟုတ် ကျွန်တော့် စိတ်မှာ ကြည်နူးလိုက်မိတယ်။
တကယ်ဆို ကျွန်တော့် ဘဝက ကြမ်းတမ်းတယ်လို့ ပဲပြောရမယ်ထင်တယ်။
ကျွန်တော့် ဒိန်ခဲကို သူတို့  နေရာခနခနရွှေ့ ကြတယ်လေ။ ကျွန်တော်အပြောင်းအလဲတွေကို လက်ခံနိုင်အောင် ကြိုးစားနေဆဲပါ။
ခုချိန်ထိတော့လက်မခံနိုင်သေးဘူးလို့ ဆိုရမလားပဲ။
 တခုခုဆို  စိတ်က ထိခိုက်လွယ်တယ်။   အခန့် မသင့်လို့  ကြာလာရင်   ရူးသွပ်နိုင်တယ်။  လောလောဆယ် ကျွန်တော် စိတ်ကျရောဂါစွဲနေတယ်။
သူတို့ ကြည့်သောအကြည့်တွင် ရိုးရှင်းသောဘဝ၇ဲ့  အရိပ်အယောင်များပါဝင်လေသည်။  ကျွန်တော့် အကြည့်တွင်  တခါတခါ  ရိုးရှင်းဖူးတယ်။ တခါတလေတွင်လည်း  ရှုပ်ထွေးဖူးတယ်။ အလိုမကျမှုတွေ  နာကျင်မှုတွေ  နာကြည်းမှုတွေ ဝမ်းနည်းမှုတွေ ပျော်ရွှင်မှုတွေ နဲ့ အတူ ကြင်နာမှုတွေလည်းပါဝင်ဖူးတယ်။
(အစေ့ပါဝါးမယ် စလေဆီယိုတွေ)
သူတို့  အဲဒီလိုအော်ပြီးရောင်းကြလေသည်။ ကျွန်တော် မဝါးဖြစ်ခဲ့ပါဘူး။
အဲဒီရှေ့ ကိုဖြတ်လျှောက်မိတော့ကျွန်တော့် 
နားထဲတွင်အသံတခုကိုကြားလိုက်လေသည်။(အဲဒါ ရှေးဟောင်းပစ္စည်းတွေလေ)တဲ့ 
ညောင်ချဉ်ဖူးတွေတဲ့  စားလို့ ကောင်းလား ချစ်သူ
   (မုန့် စိမ်းပေါင်း)
ငယ်ငယ်က တော့စားဖူးတယ်။  အများဆုံးစားဖြစ်တာကတော့ မနက်မိုးလင်းရင် မုန့် တုကလိန် ဟုခေါ်သော အဝိုင်းလေး နှစ်ခုကို အမေဈေးကပြန်လာတိုင်းဝယ်လာတတ်လေသည်။ ညီအကိုနှစ်ယောက် တယောက်တခုစီနဲ့  မနက်အဆာပြေ စားခဲ့ ဖူးလေသည်။
 အမေစုတဲ့    သူများတွေခေါ်ကြလေသည်။အဖိုးအောင်ဆန်းဟုလည်း ဘယ်သူမှမခေါ်ကြပါ။   ကျွန်တော် မခေါ်ချင်ပါ။  ဒေါ်အောင်ဆန်းစုကြည့် (သို့ ) အကြီး /ကြီးမေ အောင်ဆန်းစုကြည် ဟုသာခေါ်မည်။ သူများအမေတိုင်း ကျွန်တော် မအမေပါ။ မလေးစားလို့ မဟုတ်ပါ။
သင်တန်ဖိုးထားသော အကြောင်းအရာများသည် ဘယ်တော့မှ တသမတ်တည်းရှိမနေပါ။ အခြေအနေနဲ့  အချိန်အခါကိုလိုက်ပြီး ပြောင်းလဲသွားတတ်သည်ကို သတိပြုတတ်ပါစေ။
မနေ့ ညက အဲဒီဇော်ဂျီရုပ်ကို ဦးမင်းကျော်လားတဲ့  မေးတဲ့ သူကလဲရှိသေးတယ်။  မဟုတ်ဘူးဇော်ဂျီလို့ ပြောလိုက်ရတယ်။ အဲဒီအရုပ်ကြီးကိုကြိုက်လို့ လားတဲ့ ။
ကြိုက်တယ်လို့ ပြောတော့ မဆိုးဘူးတဲ့  အနုပညာမျက်စိတော့ရှိသားပဲတဲ့ ။
ကျွန်တော် ဘာမှမပြောတော့ပါဘူး။ သူကလဲအနုပညာမျက်စိနဲ့ မြင်ပေးနိုင်တာကိုပဲကျေးဇူးတင်လှပါပြီ။
အဲဒီထက်ကိုပိုပြီးတန်ဖိုးထားတယ်။ အဲဒီဇော်ဂျီ၇ဲ့  ပုံကိုသေချာကြည့်ပြီးခံစားကြည့်ပါ။ကျွန်တော့်စိတ်ဝိဥဏ်တွေ ချိတ်ဆွဲခံလိုက်ရတယ်လို့ မထင်ဘူးလား။
ဘယ်တော့မှ မေ့လို့ မရတဲ့  မျက်ဝန်းတွေ အပြုံးတွေ ရှိနေတယ်ဆိုတာ သူမှမသိတာ။
ကျွန်တော် အဲဒီနေ့ က ထောပတ်သီးဖျော်ရည်တခွက်လဲ သောက်ဖြစ်ခဲ့ တယ်။
7 comments:
Cameron said...
ခင်မာတစ်လုံးနဲ့ ဓါတ်ပုံဆရာမဟုတ်သော ဓါတ်ပုံဆရာ ထောပတ်သီးသောက်လို့ကောင်းလား...း)
စံပယ်ချို said...
မြန်မာဆန်ဆန်အလှကို ချစ်မြတ်နိုးပါတယ်ဟယ်
သို့ပေမယ့်ဈေးကြီးတယ်(မြန်မာပစ္စည်းစစ်စစ်များ)
ညောင်ချဉ်ဖူးတွေတွေ့တော့ရှမ်းပြည်ကိုလွမ်းသား
အင်းလေးတခွင်ပေါမှပေါပဲလေ
ဟင်းချက်စားရတယ်ဘယ်လိုချက်လဲမသိတော့ဘူး
ဖြိုးရဲ့ရိုက်ချက်တွေ လွမ်းလို့ကောင်းလိုက်တာ
Crystal said...
ပုံလေးတွေ အားလုံးမိုက် .......
Anonymous said...
စိတ်ကူးနဲ့လက်တွေ့တထပ်တည်းမကျနိုင်ဘူး
စိတ်ကူးယဉ်တယ်ဆိုတာ ခပ်ညံ့ညံ့ရုပ်ရှင်ကားတွေက ဇာတ်ဝင်ခန်းတွေနဲ့တူတယ်
ဇီးသီးသည်ရိုက်မလွှတ်လိုက်တာကံကောင်း
ငါတော့ မာမီလို့ခေါ်မယ် ခေတ်ဆန်တယ်
မြန်မြန်လာခဲ့ပါ ကြာရင်ဂေါက်သွားမယ်
Anonymous said...
စိတ်ကူးနဲ့လက်တွေ့တထပ်တည်းမကျနိုင်ဘူး
စိတ်ကူးယဉ်တယ်ဆိုတာ ခပ်ညံ့ညံ့ရုပ်ရှင်ကားတွေက ဇာတ်ဝင်ခန်းတွေနဲ့တူတယ်
ဇီးသီးသည်ရိုက်မလွှတ်လိုက်တာကံကောင်း
ငါတော့ မာမီလို့ခေါ်မယ် ခေတ်ဆန်တယ်
မြန်မြန်လာခဲ့ပါ ကြာရင်ဂေါက်သွားမယ်
Anonymous said...
စိတ်ကူးနဲ့လက်တွေ့တထပ်တည်းမကျနိုင်ဘူး
စိတ်ကူးယဉ်တယ်ဆိုတာ ခပ်ညံ့ညံ့ရုပ်ရှင်ကားတွေက ဇာတ်ဝင်ခန်းတွေနဲ့တူတယ်
ဇီးသီးသည်ရိုက်မလွှတ်လိုက်တာကံကောင်း
ငါတော့ မာမီလို့ခေါ်မယ် ခေတ်ဆန်တယ်
မြန်မြန်လာခဲ့ပါ ကြာရင်ဂေါက်သွားမယ်
Candy said...
ဓာတ်ပုံနဲ့တွဲနေတဲ့ ခံစားချက် စစ်စစ်တွေကို မျှခံစားသွားတယ် အစ်ကို