နေ့ရက်တွေက
တဖြေးဖြေးဝေးကွာ
ကိုယ့်အနားမှာ
နှင်းဆီရနံ့တွေတောင်
ပျယ်ကုန်ပြီ.............
ခေါ်သံတွေက
ကြားတချက်
မကြားတချက်
ကိုယ့်ညတွေ
သွေးပျက်လာတယ်.......
ကိုယ့်ကို
အပြစ်တင်နေမလား,,,,,,,,, သခင်
ဟောဒီကဗျာထဲမှာ
ပန်းတပွင့်ကို
သိမ်းထားတယ်.......
မွေးပျံ့ကြိုင်လှိုင်တဲ့
ရနံ့တွေသုပ်လိမ်းထားတယ်
လတ်ဆတ်တဲ့အပြုံးတွေ
စီချယ်ထားတယ်
တောင်ပတဲ့မျက်ဝန်းတွေ
ကာရံထားတယ်
ရယ်သံချိုချိုတွေ
ပျံ့လွင့်ထားတယ်
ကိုယ် ဘာကိုမှ
မကြောက်တော့ဘူး ,,,,,,,,,,သခင်
နှင်းဆီရနံ့တွေပျယ်တိုင်း
ကြယ်ပွင့်လေး ဆုပ်ကိုင်ပြီး
မိုးစက်တွေကို
တိုင်တည်မယ်
အလင်းရောင်ဖျော့ဖျော့မှာ
မျက်ဝန်းတစုံကိုငေးကြည့်မယ်
သံစဉ်တပုဒ်နဲ့ လွမ်းဆွတ်မယ်
ကော်ဖီတခွက်နဲ့ တမ်းတမယ်
ကျန်တာတွေမလိုပါဘူး
ကဗျာရေးရင်း
ကိုယ့်ညတွေ
မိုးလင်းသွားပါစေ့
သခင်နဲ့အတူ ရှိနေမယ်လေ။
သခင်နဲ့အတူ ရှိနေမယ်လေ။
14/06/2012
3:48AM
3:48AM
3 comments:
ဟာာ....မိုက်လှချေလား ကဗျာလေးက...။
နှင်းဆီလွမ်းချင်းလား :D
ဒီအချိန်မှာ အလွမ်းတွေ မခံစားနိုင်ဘူး..ဟက်ထိနေလို့..:):)
Post a Comment