ငါသောက်တဲ့ရေ
နောက်နေသလားမသိ
အို ........................................... ဘာဖြစ်ဖြစ်ပေါ့
ရေကြည်ရာ မြက်နုရာမှာ
ငါပဲ နောက်နေတာလားမှမသိတာ
ထားလိုက်ပါတော့ 
သေချာတယ်
လူတချို့ငါ့ကို
ဟားတိုက်ရယ်နေလိမ့်မယ်
ရယ်သံတွေကြား
ငိုသံတွေကြား
ငါနဲ့ ငါ့ကြားမှာ
နေသားတကျနေစမ်းပါ။
ဒါပေမယ့်................
အငွေ့ အသက်တွေ ကွယ်ပျောက်
နေ့ ရက်တွေက ချောက်ကပ်နေခဲ့ တယ်
ဘယ်သွားလို့  ဘာလုပ်ရမှန်း မသိတဲ့  အခိုက်မှာ
ခုနှစ်စင်ကြယ်ကိုပဲ ငေးကြည့်ရမလား
ဗီးနက်စ်ကိုပဲ တိုင်တည်ရမလား
လမင်းကိုပဲ တီးတိုးပြောရမလား
ဟောဒီရင်ထဲမှာ ကြက်ပျံမကစည်ကားနေကြတယ်
စကားလုံးတွေ လိုက်ကောက်
တောနက်ထဲပဲ အရောက်သွားရမလား
အို .......................မဖြစ်သေးပါဘူး......
.ရှေ့ မှာ ခြေရာတွေရှိသေးတာပဲ
ငါ ဖားတကောင်တော့ဖြစ်နိုင်ကောင်းပါ
အဆုံးမရှိတဲ့  စင်္ကြာဝဠာကို မော့ကြည့်
မိုးစက်တွေတော့ ငါ့ကို သနားအုံးမှာပေါ့
အဲဒီအခါ ....................
ငါ့ ကမ္ဘာမှာ
ငါ့  ဘာသာဗေဒနဲ့ 
ငါဟစ်ကြွေးမယ်။
6 comments:
မိုက်တယ် မိုက်တယ် ရှယ်မယ်...
ထင်သားပဲ ဖေ့ဘွတ်ကဟာ အမြည်းပါလို့ အဟတ် :D
ဒါနဲ့ စီပုံးက ဘယ်ကမ္ဘာကို ရောက်နေတုန်း >.<
ကိုယ့်စိတ်ကိုလှောင်ထားတယ်လို့ ထင်ရင် လှောင်ချိုင့်ထဲက ဘယ်လွတ်မြောက်ပါ့မလဲ...။ ကဗျာလေးက အတွေးကောင်းတယ်...ပြောပြချင်တာကို ထင်းခနဲမြင်ရတယ် စကားလုံးတွေလှတယ်...။
အငွေ့ အသက်တွေ ကွယ်ပျောက်
နေ့ ရက်တွေက ချောက်ကပ်နေခဲ့ တယ်
ဘယ်သွားလို့  ဘာလုပ်ရမှန်း မသိတဲ့  အခိုက်မှာ-----
ဒီကဗျာလေးဖတ်ခဲ့ရတယ်
နင့် ဘာသာဗေဒကတော့ တော်ပါ....၊တစ်လုံးမှသိဝူး..:P
အဆုံးမရှိတဲ့  စင်္ကြာဝဠာကို မော့ကြည့်
မိုးစက်တွေတော့ ငါ့ကို သနားအုံးမှာပေါ့
အဲဒီအခါ ....................
ကြိုက်တယ်ကိုဖြိုး
ချစ်ခင်လျှက်
မဒိုးကန်
Post a Comment