Pages

Sunday, July 22, 2012

ညမွှေးပန်း

 
ပန်းတော့ ပန်းပဲ
ညမှသာ မွှေးတယ်
မီးရောင်စုံတွေကြား
ပန်းအလှက ပိုဝင့်ကြွားတယ်

ညပျော်ငှက်တွေနဲ့ 
နှစ်ပါးသွား ကရတဲ့ ဘဝ
ညမွှေးပန်းရယ်လို့ 
အမည်သတင်း
မွှေးပျံ့ လေတယ်။

ဒါပေမယ့်
လေပြေညှင်းတွေတော့
မရှိပါဘူး
ရနံ့ ဆိုးတွေကြား
မီးခိုးငွေ့ တွေကြား
ယမကာရနံ့ တွေကြား
နေသားကျခဲ့ တာကြာပေါ့

ဘဝကဘာလဲလို့ 
မစဉ်းစားဖြစ်တော့ပါဘူး
ညမွှေးပန်းဖြစ်နေမှတော့
ညဘက်မွှေးနေဖို့ ပဲမဟုတ်လား

ဘယ်သူချူချူ
ဘယ်သူခူးခူး
ဘယ်သူမွှေးမွှေး
ညမွှေးပန်းကလေးက
သင်းပျံ့ စေရမပေါ့။

လက်ကြမ်းကြီးတွေနဲ့ ခူးမလား
တယုတယနဲ့  နမ်းမလား
ရင်ခွင်ထဲ ထည့်သိမ်းထားမလား
သင်းပျံ့ ရနံ့  ထုံစေမယ်လေ။

လိုအပ်ရင်ခူး
ပန်ချင်ရင်ပန်
တစ်ညတာအဖို့ တော့
ရနံ့ မွှေးစေမယ်။

လိုသလိုသီကုံး
ရနံ့ ထုံပြီးရင်တော့
.............................
.............................
ဘောက်ဆူးလေးတော့
ပေးခဲ့ ပါ။




8 comments:

Cameron said...

ဖတ်ပြီးပြီ...ဘောက်ဆူးတော့မပေးတော့ဘူး....။

ညိမ်းနိုင် said...

အော်......ဘောက်ဆူးလား......ပေးမယ်...ပေးမယ်...:P

mstint said...

ညမွှေးပန်းလေးဖြစ်နေမှတော့ ညဘက်မွှေးနေရတော့မှာပေါ့ ကိုဖြိုးရေ။
ကဗျာလေးက ရိုးရိုးရှင်းရှင်းလေးနဲ့ ထိရောက်တယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Candy said...

သြော်... Sexy ကဗျာဆိုတာ ဒါကိုးး..

လက်ကြမ်းကြီးတွေနဲ့ ခူးမလား
တယုတယနဲ့  နမ်းမလား
ရင်ခွင်ထဲ ထည့်သိမ်းထားမလား တဲ့

ကန်ဒီကတော့ ကိုဖြိုးအတွက် လမ်းလယ်ခေါင်မှာ အဲ့ပန်းကို ကင်မရာကြီးနဲ့ ရိုက်ခဲ့တယ် ဟီးဟီး

Angelhlaing(May everybody be happy and healthy! said...

ညမွေးပန်းပင်လေးရှိတဲ့ အနားတဝိုက် လေသင့်ရာ မွှေးနေတက်တာ အရမ်းမိုက်..:)))

ကိုရင် said...

ဒီနေ့ လျှောက်ဖတ်ခဲ့သမျှထဲမှာ ညမွှေးပန်း အကြိုက်ဆုံးပဲ..။ ဘောက်ဆူးပေးဖို့အတွက် ဆက်သွယ်လိုက်ပါ့မယ် မနှင်းဆီ :D

မဒမ်ကိုး said...

ဟား ကောင်းလိုက်တာကဖြိုးရေ ရေးတာလေးကမိုက်သဗျာ

ဘောက်ဆူးပေးမယ်တဲ့ အပေါ်ကလူကြီးကး))

ချစ်ခင်လျှက်
ငဂျာရစ်

အလွမ်းမြို့ said...

ဖြိုးမောင်ရေ။

ကဗျာလေးက တကယ်ထိမိ တကယ်ကောင်းတဲ့
ကဗျာလေးပါ. မကြီးကတော့ ဖတ်ပြီး သဘောကျ
သွားတယ်။ အားပေးသွားတယ်နော်။


ခင်တဲ့
မကြီးလွမ်း