စိတ်ထဲရှိတာရေးရရင် စုံနေတာပဲ ဘာတွေလဲတော့မသိဘူး။ တနေ့ တနေ့  ဘာလိုလိုနဲ့  လူကအသက်ကြီးလာတယ်။ မယ်မယ်ရရ ဘာမှလဲမဟုတ်ဘူး။ အသိပညာလဲ ဘာမှမရလာသလို
ဗဟုသုတလဲ ဘာမှမရလာဘူး။ အချိန်တွေကတော့ သူ့ ဟာသူလည်ပတ်နေမြဲ။
အခြေအနေတွေ အချိန်ကာလတွေက အံ့သြဖို့ တော့အကောင်းသား ။ ဒါ့ ကြောင့်လဲ life skills တွေထဲမှာ
အဲဒါတွေရေးထားတာကိုး။ သိပ်မှန်တာပဲ။ ဘယ်လိုမှကိုပြုပြင် ပြောင်းလဲပစ်လို့ မရတာတွေပေါ့။
အခြေအနေနဲ့  အချိန်အခါတွေက သူ့ အလိုလိုပြောင်းလဲပေးသွားတာလို့ ပဲ မှတ်ယူရမယ်။
ဘယ်လိုမှလုပ်မရတော့လဲ သူ့ အတိုင်းလေးပဲထားလိုက်တာကောင်းတယ်။ ထမင်းချက်စားရမှာ ပျင်းတယ်။
ဟင်းချက်ရမှာပျင်းတယ်။ ရှိတာတွေပဲပြုတ်သောက်ဖြစ်တယ်။ မရဘူး ခဏခဏပြန်ဆာတယ်။
ဝိတ်လဲလျှော့နေရတယ်။ ဗိုက်ကတော်တော်ကိုကျသွားပြီ။ လေ့ကျင့်ခန်းတော့မလုပ်နိုင်ဘူး မောတယ်။
မနေ့ က သူငယ်ချင်းနဲ့  သောက်ဖြစ်တယ်။ မူးတယ်။ တခါတလေ အရာအားလုံးကိုမေ့ လိုက်ချင်တယ်။
မရဘူး ။ ဒီလူရူးသွားမှအေးမယ်။ အရင်လိုအချိန်တွေ ပြန်တမ်းတမိတာ မပြောရင်မယုံဘူး။ ပြောရင်ရောယုံမလား။
လမ်းမှာတွေ့ တာတွေရိုက်တယ်။ ပန်းလေးတွေလှတယ်။ သူသည်လဲလှတယ်။ ထိုအရာတွေကိုမြတ်နိုးလေသည်။ သူပြောသလိုပါပဲ မကိုးကွယ်ပါဘူး။ ညညဆို တစ်ယောက်တည်းစကားတွေ ပြောပြောနေမိတယ်။ တစ်ယောက်တည်းလဲရယ်တယ်။
ဒီနေ့ တော့ ထမင်းတွေချက်ထားတာ အများကြီး ဟင်းလဲ၃မျိုးတောင် ဟိုနဲနဲဒီနဲနဲ စားရတာပေါ့။
မကုန်ရင်ပစ်ရမှာလဲ နှမျောတယ်လေ။ အစားလဲလျှော့စားနေရတယ်။ မလှမှာလဲကြောက်တာပေါ့။
ခုတော့ သိပ်ရုပ်ဆိုးလွန်းသွားပြီလား။ သနားဖို့ ကောင်းလိုက်တဲ့  ငါ့ဘဝ။ ဘယ်သူမှမသနားရင်နေပါစေ ကိုယ့်ကိုကိုယ်ပြန်သနားမိလာတယ်။
သူကတော့ ချစ်ရှာပါတယ်။ ၃လစာလောက်နေ့ ညမပျက် သောက်ရမယ့် ဆေးနည်းတွေပေးလေရဲ့ ။
ကျေးဇူးတွေ ဘယ်နားတင်ရမှန်းမသိသေးဘူး ။ လောလောဆယ် ဝယ်မသောက်ဖြစ်သေးဘူး။
ဖုန်းလေးပျောက်သွားကတည်းက သူနဲ့ ဝေးသွားတယ်။
ခုတလော မြွေပွေးကိုက်တယ်။ အဆက်အသွယ်တွေကဒီနေ့ ပျက်တယ်။ ကိုယ်ရေးလိုက်တဲ့  စတေးတပ်
သူတို့ နားလည်ဖို့ မလို ကိုယ်နားလည်သလိုရေးထားတာပဲ ။ ရေးချင်တာရေးကြ။ အခုကိုယ့်နံရံကြီး ပြန်ဖွင့်ထားတယ်။ အာရုံတော့မနောက်နဲ့ ။ သူကလဲ ဆိုးတယ် ။ လူပေါင်းမြောက်များစွာနဲ့  ကျွန်တော့်ကို တက်လုပ်တယ်လေ။ မမြင်မစမ်းနဲ့ လူက ကိုယ့်ဒုက္ခကိုယ်သာသိတယ်။
အရေးထဲ ဟိုဆရာက ပက်ပက်စက်စက်ဖဲ့တယ်။ အားအားနေ ပါရာနဲ့ စီဗစ်ကိုပဲသောက်ခိုင်းတယ်။
နားရွက်တစ်ဖက်မီးလောင်ထားတာလဲ မမှတ်သေးဘူး။ သူကတော့ တခါတလေ နှိပ်စက်တယ်။ ခင်တယ်။ စလို့ ကောင်းတယ်။ ၃ရွက်လောက်လာတောင်းတယ်။ ဟိုမှာမှသုံးလို့ မရတာကို။ ပေးလဲဘာထူးမှာလဲ။
လောလောဆယ် ညမွှေးပန်းက ပုရိသများကြားတွင် နာမည်ကြီးလို့  မသိရင်ကိုယ်ကဘာလိုလိုညာလိုလို ။ ဘောက်ဆူးပေးချင်တဲ့ သူတွေကလဲ မနည်း။ တို့ ကမတောင်ပါဘူး ပေးရင်တော့ယူတယ်။ ဟိုနာခမ်းမွှေးကားကားနဲ့ လူက တော်တော်မလွယ်တဲ့ လူ။ ဆရာကြီးကလဲ မခေဘူး ။
ရှိစုမဲ့ စုလေးကို အကြွေးဆပ်ရမယ်ဆိုတာတော့ မသိကြဘူး။ ယူပြီးရင်ပြန်မပေးချင်ဘူး။ မယူတော့ရင်ကောင်းမယ်။ ကျားနေ့ ကျရင် လည်ဝယ်မယ်။
8 comments:
တစ်ယောက်တည်း ပြုံးပြုံးနေတာကြာပြီကော :)
'ကိုယ်ရေးလိုက်တဲ့  စတေးတပ်
သူတို့ နားလည်ဖို့ မလို ကိုယ်နားလည်သလိုရေးထားတာပဲ' ဆိုလို့ 'ကျားနေ့ကျရင် လည်ဝယ်မယ်' ဆိုတာ ဘာကိုပြောတာလဲလို့ မေးတော့ပါဘူး ကိုဖြိုးရေ :P
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ငှဲငှဲ ငှဲငှဲ မနှောက်ချက်တော့ပါဘူးအေ ခွိခွိ
သများကနှီပ်စက်တာဘား))
ဟုတ်တယ် တီတင့် ဘာတွေရေးထားမှန်းမသိတာ..ကိုရဲညီ ကိုရဲနီးပါးလောက်ဖြစ်လာဘီ...။
လောကီပြင်ညာရှင်တွေပဲနားလည်မယ့် လဝတွေပဲ....
နာကတော့ ဆြာဂျီးဆိုတော့နဲနဲနားလည်လိုက်တယ်....:P
သူပေးတဲ့ဆေးက ပါရာနဲ့စီဗစ်ပဲမဟုတ်လား.....:)))
သူလည်း နာ့ကို က သွားတယ်...မနဲပြန် ခ ထားရ...:D
ဆင်နေ့ကျရင် ဘောက်ဆူးထပ်ပေးပါအုံးမယ် :D
ဟိဟိ... လူပေါင်းမြောက်မြားစွာနဲ့ ကိုဖြိုးတက်လုပ်ခံရတယ် :P :P
ပေးပါ ၃ရွက်လောက် ခိ xD
ဟုတ်ပ..တစ်ချို့လူင်္တေက အယူပဲ ရှိတယ် အပေးမရှိဘူး.. နောက်တစ်ခါဆို ပိုက်ဆံလာချေးအုံးမှပဲ....:)))
Post a Comment