အလုပ်ကရှိလျှက်နဲ့  မလုပ်ချင်ဘူးအမေ ။ ပေါ့ပေါ့နေ ပေါ့ပေါ့စားလို့ ပဲ ပြောချင်ပြော ပိုက်ဆံတွေအများကြီးပေးလဲ မလုပ်ချင်တော့ရင် မလုပ်တော့ဘူး အမေ ။ စိတ်ဖိစီးမှုတွေလား တစ်ခါတလေတော့ ရှိတာပေါ့အမေ ။ လူဆိုတာ ပျော်ရာမှာမနေရ တော်ရာမှာနေရတဲ့  ကလေးတွေတောင်အလွတ်ရကုန်ပြီ အမေ ။ ကျွန်တော်ကတော့ ဘယ်မှာနေနေ မပျော်ဘူးဖြစ်နေတယ် အမေ ။ ဘယ်နေရာဟာ သင့်တော်မယ်ဆိုတာလဲ မသိသေးဘူးအမေ ။ လူတစ်ယောက်ရဲ့  ယုံကြည်မှုကို အလွဲသုံးစားလုပ်တာတော့မဟုတ်ဘူး အမေ ။ လုပ်မှမလုပ်ချင်တော့တာ မလုပ်တာအကောင်းဆုံးပေါ့ ။
တခါတလေမှာ လောကကြီးက ချောင်းဆိုးရင်ကျပ် ငှက်ဖျားတက်တယ် အမေ ။ကျွန်တော်လဲ ရောဂါရှိနေတယ် အမေ ။ ကျွန်တော် ဘယ်သူနဲ့ မှ စကားမပြောချင်ဘူး ။ တစ်ယောက်တည်းပဲနေချင်နေတယ် ။ လူသူကင်တဲ့ နေရာတခုခုမှာ နေမပူရင်တော့ အကြာကြီးထိုင်နေချင်တယ် ။ မိုးရွာရင် မိုးရေလဲချိုးချင်တယ် ။ ဟိုးအရင်အတိတ်ကလို မိုးရေထဲ လမ်းတွေလျှောက်ချင်တယ် ။ ဒါပေမယ့် စိတ်ကူးသက်သက်ပါပဲ အမေ ။ မလေးရှားမိုးဆိုတာက မတော်ရင် ဖျားတတ်တယ်တဲ့ လေ ။ ဖျားတော့မဖျားချင်ဘူး ။ ကျွန်တော် လောကကြီးထဲ ဆက်ပြီးအသက်ရှင်ချင်သေးတယ်အမေ ။ သံစဉ်တချို့  နားဆင်လို့  စိတ်ကူးတွေထဲ စီးမျောချင်သေးတယ် ။ စိတ်ကူးတွေတော့ မယဉ်တော့ဘူး ။

အချိန်တွေက ကုန်လွယ်လိုက်တာ ဘယ်လိုကုန်သလဲမမေးပါနဲ့  မသိဘူး ။ သူ့ ဟာသူ ကုန်သွားတာ ။
အသက်တွေက ကြီးလာတယ် ။ မျှော်လင့်ချက်တွေ ပါးလာတယ် ။ လက်တွေ့ ဆန်လာတယ် ။ ဆာလောင်မွတ်သိပ်ပြီး အရူးထလာတယ် ။ ခံစားချက်တွေ မြေမြုပ် ခပ်ကုပ်ကုပ်လေးပဲ နေမိတော့တယ် အမေ။ ဘယ်သူနဲ့ မှ မပြောချင်တော့တာမဟုတ် ဘယ်သူမှမပြောချင်တော့မှာကိုကြောက်တာ ။ မျှော်လင့်သမျှ အရာရာက ထီထိုးသလိုပါပဲအမေ ။ကိုယ့်ကံကြမ္မာကိုယ်ကိုယ်ဘယ်သူကယုံကြလို့ လဲလေ ။ ကံကြမ္မာလှည့်ကွက်ထဲ စေလိုရာစေ နေသားတကျ နေရတာပါပဲ အမေ ။

လူကြီးမင်းက ပြောပြတယ် အမေ ။ ၁ က ၁နေရာမှာပဲ နေနေတာတဲ့ လေ ။ မင်းကဘာလဲတဲ့  ။ မင်းလဲမင်းနေရာမှာမင်းနေဆိုတာများလားလို့  အတွေးပေါက်လိုက်မိတယ်အမေ ။ ၁ ဆိုတိုင်း ၁နေရာမှာနေလို့  ဘယ်ဖြစ်ပါ့မလဲလေ ။ ၂ဖြစ်အောင် ၁ပြန်ပေါင်းသင့်ရင် ပေါင်းရမှာပေါ့လေ ။ ကျွန်တော် ၁ချည်းပဲနေလာခဲ့ တာကြာပြီအမေ ။

လူဆိုတာ မျှော်လင့်ချက်တွေနဲ့  အသက်ရှင်နေခြင်းကပိုပြီးသက်တောင့်သက်သာရှိတယ်မဟုတ်လားအမေ ။ အဲဒီမျှော်လင့်ချက်ဆိုတာတွေနဲ့ ပဲ ပျင်းရိစရာကောင်းတဲ့  နေ့ တဓူဝကိုဖြတ်သန်းနေကြရတာမဟုတ်လား။ လူတစ်ယောက်နဲ့ တစ်ယောက် တော့ ဘယ်တူပါ့မလဲလေ ။ မျှော်လင့်ထားတာတွေ ဖြစ်မလာတော့လဲ ဘဝဆိုတာက ဆားမပါတဲ့  ဟင်း ။ တခါတလေ စိတ်ပျက်လာတယ် ။ ဘာမှမလုပ်ချင်တော့ဘူး ။ ဆင်းရဲတဲ့ သူလဲ ထမင်းတစ်ဝမ်းပဲ ။ ချမ်းသာတဲ့ သူလဲ ထမင်းတစ်ဝမ်းပဲ ။ မျှော်လင့်တာတွေ ဖြစ်မလာတော့လဲ စိတ်ကူးထားတာတွေလဲအလကားပဲလေ ။ စိတ်ချမ်းသာရင်တော်ပါပြီ ။ နေတတ်သလိုပဲနေတော့မယ်လေ ။ ဘယ်သူ့ ကိုမှစိတ်အနှောင့်အယှက်မပေးချင်ဘူး ။ ဘာမှတော့မဟုတ်ဘူး အမေ ။ နားမလည်တဲ့ အင်္ဂလိပ်သီချင်းတပုဒ်ကို နားဆင်နေသလိုမျိုး ရသတခုခုများ ရမလားလို့  ရေးကြည့်တာပါ ။

ကျွန်တော်ဒီလိုဖြစ်နေတယ်
(လူတစ်ယောက်ကပြောတယ် ။ one day, i really do pro photographer, yeah i really do. တဲ့  ။ )
i wanna dream that , i should dream.အိပ်မက်တွေပါပဲလေ ။ ^_^

ဘာပဲဖြစ်ဖြစ် အားလုံးကောင်းသောညပါ ။ ရေလိုအေးလို့  ပန်းလိုမွှေးပါစေ။
7 comments:
ဘယ်သူနဲ့မှ စကားမပြောချင်လဲရအောင်ပြောပါ
တခုခုဖြစ်တတ်တယ်.....
အလုပ်မလုပ်ချင်ဘူးဆိုရင်တော့ခဏနားလိုက်တာကောင်းတယ်.....စိတ်ပြေလောက်တဲ့ထိပေါ့
ခင်တဲ့ sis jasmine
ပြောလို့ရမလား... Pro Photographer လည်း ဖြစ်နိုင်တာပဲ... အမေကို နားပူထားသောပိုစ့် ခိခိ :D :D
စကားပန်းပုံလေးလှတယ်...း)
တစ်ယောက်ထဲမနေပါနဲ့လေ .
သတိရနေပါတယ်
ပုံတွေရိုက်ချက်ကပိုပိုပြီး ပရိုဆန်လာတယ် ကြိုက်တယ် ကဖြိုး
ဒိုးကန်
သီချင်းလည်းမပါဘူး
ကိုယ့်ရဲ့ စိတ်ချမ်းသာမှုကို ကိုယ်တိုင်သာ ရှာဖွေနိုင်တယ် ကိုဖြိုးရေ။ ရင်ထဲက တင်းကြပ်မှုတွေ ဖွင့်ဟလိုက်ရလို့ အနည်းဆုံးတော့ စိတ်ဖြေလို့ရသွားပြီပေါ့နော်။ ပုံလေးတွေလှတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ပုံလေးတွေ ရိုက်ချက်ကောင်းစ်.
ရေးထားတာလေးလည်း ဖတ်လို့ကောင်းစ်.
တစ်ခါတစ်လေတော့လည်းဆိုလို့
(ကဗျာဘွဲ့မှူး)ထင်နေတာ။
တက်တက်စင်အောင်လွှဲသွားတယ်
Post a Comment