Pages

Saturday, April 17, 2010

နှလုံးသားနဲ့ခံစားသူ......

ချစ်သူ
ငါမင်းကိုချစ်တယ်.....
ဒီစကားကိုလွယ်လွယ်နဲ့
ပြောခဲ့တာတော့မဟုတ်ပါဘူး
ဟောဒီငါ့ရင်ဘက်ကြီး
ပွင့်ထွက်မတတ်
ခံစားပြီးပြောခဲ့တာ.......
မင်းကိုအရိပ်တကြည့်ကြည့်နဲ့
ချစ်နေခဲ့မိတာငါပါ......
မင်းငါ့အပေါ်ဘယ်လောက်ပဲဆိုးဆိုး
အပြစ်မမြင်ခဲ့ပါဘူး......
ငါမင်းကိုချစ်မှန်းသိလို့ကို
မင်းငါ့အပေါ်ရက်စက်ခဲ့တာမဟုတ်လား။
တကယ်ဆိုမင်းမှာချစ်သူရှိတယ်ဆိုတာ
အစကတည်းကမင်းပြောခဲ့ပါလား.....
တကယ်တော့ငါကပဲလူကဲခတ်ညံ့တာလား
မင်းကပဲဟန်ဆောင်ကောင်းတာလားတော့မသိဘူး..
ငါ့ကိုတွေ့ရင်လူတွေရဲ့
နုတ်ခမ်းထောင့်ကကွေးကွေးသွားကြတယ်...း-(
မင်းငါ့ကိုခင်မင်နေပါ့မယ်ဆိုတဲ့စကားက
င့ါအတွက်ခါးသီးလွန်းလို့ပါကွာ.....
တကယ်ဆို
ငါ့ရဲ့ခံစားမှုတွေကမင်းကိုခင်တာထက်
ကျော်လွန်သွားခဲ့တာကြာလှပေါ့....
ဒါကြောင့်မင်းရဲ့ခင်မင်မှုလည်း
ငါထက်မလိုချင်တော့ပါဘူး..
အချစ်ကို
ငါကနှလုံးသားနဲ့ခံစားပြီး
မင်းကဦးနှောက်နဲ့ခံစားတာဆိုတော့
ဘယ်လိုမှမဖြစ်နိုင်တော့ဘူးပေါ့....
အချစ်တခုကြောင့်ခံစားခဲ့ရတာ
ရူးမတတ်ပါပဲလို့ပြောရင်
မင်းဟားတိုက်ရယ်နေလိမ့်မပေါ့...
အခုတော့ငါ့အတွေးတွေအားလုံးက
ကြက်ခြေခတ်တွေနဲ့ပဲ
ရင်းနှီးတတ်နေပြီ.....
အရာအားလုံးမှားနေလိမ့်မယ်
မင်းကိုလွမ်းနေတာကတော့
မမှားနိုင်ဘူး......
ငါတွေးနေတယ်မင်းအကြောင်းတွေပေါ့
ငါတွေးနေမိတယ်.......
ရင်ထဲကနာကျင်လွန်းတဲ့
အလွမ်းတွေကို လှပတဲ့
စကားလုံးတွေနဲ့
ရောက်တတ်ရာရာသီကျူးရင်း
ငါကျေနပ်လာတယ်
နာကျင်တဲ့ အလွမ်တွေကိုပေါ့......
မင်းအချစ်ကို
နှလုံးသားနဲ့ခံစားတတ်လာမယ့်တနေ့
င့ါနေရာကနေပြီးဝင်ခံစားကြည့်စေချင်တယ်
မင်းသာတကယ်ချစ်တတ်ခဲ့မယ်ဆိုရင်
အလွမ်းရဲ့နာကျင်မှုတွေကို
မင်းခံစားတတ်လာမှာပါ...........
(ချစ်ရတဲ့ကောင်မလေးသို့....................)
written by(CTM)

No comments: