Pages

Saturday, April 17, 2010

တိတ်တိတ်လေး ချစ်နေသောသူ ....................

ကျယ်ပြောတဲ့ ဒီလောကကြီးမှာ ကံတရားက ကိုယ်တို့  နှစ်ယောက်ကို တွေ့ ဆုံအောင် ဖန်တီးပေးခဲ့တယ်နော်။
အတွေးတွေ များလာအောင် မင်းကိုယ့်ကို လုပ်ဆောင်ခဲ့တာပါ။ စိတ်ယိုင်သွားမိတဲ့ ကိုယ့်ကို ကိုယ် ပဲ အပြစ်တင်ရတော့မှာ ပေါ့။
အလွမ်းအဆွေးတွေ မင်းကိုယ့်ကို ပေးထားခဲ့တယ်။

မင်းနဲ့  ပတ်သက်ခဲ့တဲ့ အကြောင်းအရာတွေ ၊ မင်းပြောခဲ့တဲ့ စကား ၊ မင်း ရဲ့  ခင်မင်ချင်စရာကောင်း တဲ့ ပြောင်ချော်ချော် ရုပ်နဲ့  သူငယ်ချင်းတွေ ၊
ဒါတွေ အားလုံးက မင်း ကို အစဉ်အမြဲ သတိရစေခဲ့တာပါ။

ကိုယ့်ဘ၀ထဲကနေ သူစိမ်းတစ်ယောက်အဖြစ် ရုတ်တရက် ထွက်ခွာသွားတဲ့ မင်းကို ကိုယ်မေ့နိုင်အောင် ဘယ်လို ကြိုးစားရမလဲ။ ဒီမေးခွန်းကို
အထပ်ထပ်မေးလဲ အဖြေရှာ မရခဲ့တဲ့ ကိုယ်ပါ။ ကြေကွဲ မှု ကို ရင်ဝယ်ပိုက်ထားတဲ့
အထီးကျန် ဇာတ်ကြမ်းသမား တစ်ယောက် အနေ နဲ့  ကိုယ့်ရဲ့  ကြမ်းတမ်းလှတဲ့
ဘ၀ဇာတ်ခုံကို

သတိရတဲ့ စိတ်တွေနဲ့  ကြေကြေနပ်နပ် ဖြတ်သန်းနိုင်ပါ့မလား ။ မင်းကို ပိုင်ဆိုင်ချင်စိတ်က ရှင်သန်နေဆဲ ပါပဲ။
မဖြစ်နိုင်မှန်း သိလျက်နဲ့  မင်းဟာ ကိုယ့်ရင်ထဲမှာ တားဆီးမရတဲ့ သံယောဇဉ်နဲ့  ဆက်လက်ကြီးထွားနေဆဲ ပါ ၊ ခေါင်းမာစွာ နဲ့  ပဲ .........။။။။။။။။။။။။။။။။။။။။။။။။။။။။။..ကျွန်တော်ကြိက်တဲ့.(ထူးသစ်လွှား)ရဲ့postလေးပါ...။

No comments: