ငါ့အခန်းကျဉ်းလေး၇ဲ့
ပြတင်းပေါက်မှာ
ငါငေးနေလိုက်တာ
ဟိုးအဝေးက
အလင်းတန်းကလေး
မင်းအရိပ်တွေပဲထင်နေတယ်
ပဲ့တင်သံတွေနဲ့
မင်းရဲ့စကားလုံတွေအောက်မှာ
ငါ့ရင်ခုံသံတွေ
ကျရှုံးခဲ့ဖူးတာ
ဟိုတချိန်ကပေါ့။
မင်းရက်စက်မှုတိုင်းကို
ငါမမေ့နိုင်ခဲ့ဘူး..........
ငါ့နှလုံးသား
ဒဏ်ရာပရပွနဲ့
သေသေသပ်သပ်
မချုပ်တတ်ခဲ့တော့
စုပ်ပျက်စွာနဲ့ပေါ့
လောကကြီးပေးတဲ့
လက်ဆောင်မှာ
ချစ်ခြင်းမေတ္တာတွေ
အလွမ်းတွေ
မျှော်လင့်ချက်တွေ
ငါ့အတွက်မရှိတော့ပါဘူး
ငါ့ရဲ့ရောင့်ရဲနိုင်မှုပဲလိုတော့တယ်။
ခုတော့လဲ
ရေတစ်စက်
လေတချက်
နွေတစ်သက်မှာ
ငါနေတတ်ခဲ့ပြီ။
..............
..................
......................
No comments:
Post a Comment